ထိန်လင်း၊ ဦး (သတင်းစာ အယ်ဒီတာချုပ်)

ဗိုလ်တထောင် သတင်းစာ အယ်ဒီတာချုပ် ဦးထိန်လင်း ကွယ်လွန်တာ (၄) နှစ်ပြည့်ပြီ။ ၄၊ ၁၁၊ ၂ဝဝ၈ မနက်ဖန် ကျမ မွေးနေ့ပါ ကျမ မေမေ ဖေဖေရဲ့ ကျေးဇူးတရားတွေ ကျမ မလိမ္မာခဲ့တာလေးတွေ ပို့(စ်)တင်ဖို့ စဉ်းစားမိတုန်း ကျမ ခေါင်းထဲ ဘာဝင်လာသလဲ ဆိုတော့ ကျမ မွေးနေ့ မတိုင်ခင် တရက်မှာ ကွယ်လွန်သွားတဲ့ ကျမတို့တွေ အင်မတန်မှ လေးစား အားထားတဲ့ ဗိုလ်တထောင် သတင်းစာ အယ်ဒီတာချုပ် ဘဘဦးထိန်လင်း ကွယ်လွန်တဲ့နေ့ပဲလို့ အတွေးဝင်လာတယ်။ ဒါနဲ့ ကျမရဲ့ မွေးနေ့ကို နောက်ထားပြီး "ဗိုလ်ထိန်လင်း" လို့ အများခေါ်ကြတဲ့ သတင်းစာ ဆရာကြီးရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းလေးနဲ့ လူသေခဲ့သော်လည်း အသက်နဲ့ ခန္ဈာ မခွာမချင်း ပြည်သူဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တာလေးတွေ တင်ပြလိုက်ပါတယ်။ [မေအိခင် (လယ်ဝေး) ဘလော့ [laminkhin.blogspot.com/2008/11/blog-post_03.html] ကနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။]

ဦးထိန်လင်း (၁၉၂၆ - ၂၀၀၄) (ဗိုလ်တထောင် သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဗိုလ်ထိန်လင်း)

ဗိုလ်တထောင် သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဗိုလ်ထိန်လင်း။

၁၉၂၆၊ ဇူလိုင်လ ၁၀ ရက်နေ့ စနေနေ့တွင် မော်လမြိုင်ကျွန်းမြို့နယ် 'ဂျုံးဂျုံးကျ ' ကျေးရွာ၌ ဖွားမြင်သည်။ မိဘများမှာ လယ်သမားများ ဖြစ်ကြသည့် အဘ ဦးကံနှင့် အမိ ဒေါ်သင်တို့ ဖြစ်သည်။

၁၉၃၂၊ ကျေးရွာ ဘုန်းကြီးကျောင်းတွင် ပညာ သင်ခဲ့သည်။

၁၉၃၄ - ၁၉၄၂၊ ကိုရင်ဝတ်နှင့် ပညာ ဆက်လက် သင်ကြား နေခဲ့သည်။

၁၉၄၃၊ မြန်မာ့ လွတ်လပ်ရေး တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။

၁၉၄၅၊ ဖက်ဆစ် တော်လှန်ရေးတွင် တိုင်း - ၁ ပဲနွယ်ကုန်း၌ ဆေးတပ်ကြပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၄၇၊ ပြည်သူ့ ရဲဘော် တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည်။

၁၉၄၉၊ ပြည်သူ့ ရဲဘော် တပ်ဖွဲ့နဲ့ အတူ တောခိုပြီး ဧရာဝတီတိုင်း တာဝန်ခံ အဖြစ် တာဝန်ယူခဲ့သည်။

၁၉၅၃၊ တောထဲ၌ပင် အဖမ်းခံခဲ့ရသည်။

၁၉၅၄ - ၁၉၅၇၊ မြောင်းမြထောင်၊ ရန်ကုန်ထောင်တို့တွင် နိုင်ငံရေး အကျဉ်းသား ဘဝနှင့် ဖြတ်သန်း နေထိုင်ခဲ့ရသည်။

၁၉၅၇၊ ထောင်မှ လွတ်ပြီးချိန်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု (ပမညတ) သို့ ဝင်ရောက်ပြီး နိုင်ငံရေး လုပ်ခဲ့သည်။

၁၉၅၈၊ ဗိုလ်တထောင် သတင်းစာ ထူထောင်ရာတွင် ပါဝင်၍ သတင်းစာ ဖြစ်မြောက်ရေး စတင် လုပ်ကိုင်ခဲ့သည်။

၁၉၆၀၊ ပမညတ အမတ်အဖြစ် မြောင်းမြမြို့နယ်မှ အရွေးခံခဲ့သည်။ တရုတ်နိုင်ငံသို့ သတင်းစာ ကိုယ်စားလှယ် အဖြစ် သွားရောက်ခဲ့သည်။

၁၉၆၄၊ ဗိုလ်တထောင် သတင်းစာ အယ်ဒီတာ အဖြစ် စတင် တာဝန် ယူခဲ့သည်။

၁၉၆၅၊ အနောက် ဂျာမဏီနိုင်ငံသို့ သတင်းစာ ကိုယ်စားလှယ် အဖြစ် သွားရောက်ခဲ့သည်။

၁၉၆၆၊ အနောက်ဂျာမဏီ ခရီးသွား မှတ်တမ်း အဖြစ် ( အနောက်၏ တစွန်းတစ) စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။

၁၉၇၁ - ၇၂၊ မဆလ နေဝင်း အစိုးရမှ တနှစ် ထိမ်းသိမ်းခြင်း ခံခဲ့ရပြန်သည်။

၁၉၇၂၊ အယ်ဒီတာချုပ် အဖြစ်မှ ရပ်စံခြင်း ခံခဲ့ရသည်။

၁၉၈၈၊ ဒီမိုကရေစီရေးတွင် လှုပ်ရှား ဆောင်ရွက်ခဲ့သည်။

၁၉၈၉၊ ရက်ပေါင်း ၂၀ ထိန်းသိမ်းခြင်း ခံခဲ့ရသည်။

၁၉၉၁ - ၉၂၊ နိုင်ငံရေး ပုဒ်မ ၅ ညဖြင့် ပြစ်ဒဏ် ၃ နှစ် ကျခံခဲ့ရပြန်သည်။

၂၀၀၄၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၄း၄၀ တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်တထောင် သတင်းစာ၊ မြဝတီ မဂ္ဂဇင်း၊ မိုးဂျာနယ်၊ နွယ်နီ မဂ္ဂဇင်းတို့တွင် ထိန်လင်း၊ ဂြိုဟ်ထု အမည်များဖြင့် ဆောင်းပါး အများအပြား ရေးသာခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားသမီး ခြောက်ယောက် ကျန်ခဲ့သည်။

ပြင်ပလင့်ခ်များ

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya