ထိပ်စုဘုရားကြီး
ထိပ်စုဘုရားကြီးသည် သီပေါမင်းနှင့် စုဖုရားလတ်တို့၏ စတုတ္ထသမီးတော် ထိပ်စုမြတ်ဖုရားလေးနှင့် ကိုကိုနိုင်တို့၏ ဒုတိယသမီးဖြစ်သည်။ [၁] ဘဝဖြစ်စဉ်ခမည်းတော် ကိုကိုနိုင်၊ မယ်တော် အသျှင် ထိပ်စုမြတ်ဖုရားကလေးတို့မှ ဖွားမြင်သည့် သားသမီး ခြောက်ယောက် အနက် ဒုတိယမြောက် ဖြစ်သည်။[၂][၃] ![]() ![]() မော်လမြိုင် စိန့်ဂျိုးဇက်ကွန်ဗင့်နှင့် ရန်ကုန်မြို့မ အမျိုးသမီး အထက်တန်းကျောင်းတွင် ပညာသင်ခဲ့သည်။ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ပန်းချီတက္ကသိုလ်တွင် ရွေးချယ်ခံရသည်။ ရန်ကုန်မြို့ရှိ အမေရိကန်နှင့် ဩစတြေးလျနိုင်ငံ သံရုံးများတွင်လုပ်ကိုင်ခဲ့သည်။ ထို့နောက် အလွတ်သင် အင်္ဂလိပ်ဘာသာ ကျူရှင်ဆရာမ အဖြစ် ဆောင်ရွက်ခဲ့သည်။ [၄][၅] (၁၉၃၆)ခုနှစ်တွင် ယိုးဒယားဘုရင် ဘူမိဗလအတုလျတေဇ၏အကိုတော် ထိုင်းအိမ်ရှေ့စံ အန္ဒမဟိမ်ဒေါထံမှ စေ့စပ်ရန်ကမ်းလှမ်းခြင်းခံခဲ့ရသည်။ သို့သော် ထိုအချိန်တွင် ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားလာသည်။ ထိုအချိန်က ထိပ်စုဘုရားကြီးမှာ "ထိုင်းနိုင်ငံ၏ဘုရင်မ"အဖြစ် အမည်ကျော်ခဲ့သည်။ [၆] (၁၉၄၃)ခုနှစ်၌ တော်ဘုရားကြီး၏ဇနီး ခင်ကြည်၏မောင်တော် မောင်မောင်ခင်နှင့် ထိမ်းမြားခဲ့သည်။ (၁၉၈၃)၌ မောင်မောင်ခင်သေဆုံးခဲ့ပြီး သား၃ဦး၊ သမီး၂ဦး မွေးဖွားခဲ့သည်။ သားသမီးများ
မျိုးရိုး
နိဂုံးထိပ်စုဘုရားကြီးသည် မြန်မာသက္ကရာဇ် (၁၃၈၃)ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၃)ရက်၊ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်၊ သောကြာနေ့၊ နံနက်(၄)နာရီ၊ (၁၅)မိနစ် အချိန် ရန်ကုန်မြို့၊ ကိုးမိုင် ပင်မဗုဒ္ဓဝါဒီကျောင်းတိုက်တွင် ကွယ်လွန်သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်၊ တနင်္ဂနွေနေ့၊ မွန်းလွဲ(၃)နာရီ၌ ရေဝေးသုဿန်တွင် မီးသင်္ဂြိုဟ်ခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia