ထိုင်းဘာသာစကား
ထိုင်းဘာသာစကား (ထိုင်း: ภาษาไทย)ကို ဆိုင်းယမ် (သို့မဟုတ်) ထိုင်းအလယ်ပိုင်းစကားဟုလည်း ခေါ်လေ့ရှိပြီး ထိုင်းနိုင်ငံ တရားဝင်ရုံးသုံးဘာသာစကား နှင့် ထိုင်းလူမျိုး( ယိုးဒယားရောက်မြန်မာတို့က ရှမ်း ဟုခေါ်သည်)၊ ထိုင်းတရုတ်လူမျိုးများ၏ မိခင်ဘာသာစကားလည်း ဖြစ်သည်။ ထိုင်းဘာသာစကားသည် တိုင်-ကဒိုင်း ဘာသာစကားမိသားစုဝင် တိုင်ဘာသာစကားတစ်ခု ဖြစ်သည်။ ထိုင်းဘာသာစကား၏ ဝေါဟာရ တစ်ဝက်ကျော်ကျော်သည် ပါဠိ၊ သက္ကတ နှင့် ခမာဘာသာစကားတို့မှ မွေးစားထားသည်။ ထိုင်းဘာသာစကားသည် တက်ကျသံရှိသော (tonal)၊ သရုပ်ခွဲဘာသာစကား( analytic) တစ်ခုဖြစ်သည်။ ထိုင်းစကားပြောသည် လာအိုစကားပြော နှင့် အပြန်အလှန် တူညီကြပြီး ဘာသာစကားနှစ်ခုသည် စာရေးသားရာမှ အနည်းငယ်ကွဲလွဲသော်လည်း ဘာသာဗေဒအရ အတူတူပင်ဖြစ်သည်။[၃] ဒေသိယဘာသာစကား နှင့် ဆက်စပ်ဘာသာစကားများထိုင်းဘာသာစကားသည် ထိုင်းနိုင်ငံ၏ တရားဝင် ရုံးသုံးဘာသာစကား ဖြစ်ပြီး လူဦးရေ သန်း(၂၀)ကျော် (၂၀၀၀ ခုနှစ်) သုံးစွဲလျက်ရှိသည်။ စံပြထိုင်းဘာသာစကားသည် ဘန်ကောက် [၄][၅]ပညာတတ်အသိုက်အဝန်း၏ စကားပြောဆိုမူပေါ်တွင် အခြေခံသည်။ ထိုင်းအလယ်ပိုင်းစကား အပြင်၊ ထိုင်းနိုင်ငံသည် အခြားဆက်စပ်သော တိုင်ဘာသာစကားတို့၏ မူရင်းဒေသလည်း ဖြစ်သည်။ ဘာသာဗေဒ ပညာရှင်များက ဤ ပေါရာဏ/ကွဲပြားမှုအသုံးတွေကို ဆက်စပ်သည်ဟု ဆိုသော်လည်း မတူကွဲပြား ထူးခြားနေသော ဤဘာသာစကားများ၏ မူလပြောဆိုသူများက ဤသည်မှာ ဘာသာစကား၏ ကြွယ်ဝမှု (သို့မဟုတ်) တူညီသော ထိုင်းဘာသာစကား၏ဒေသိယအသုံး/ ထိုင်းဘာသာစကား၏ ကွဲလွဲမှုသာ ဖြစ်သည်ဟု ဆိုသည်။[၆] ဆက်စပ်ဘာသာစကားများထိုင်းအလယ်ပိုင်းစကား
ကိုးကား
|
Portal di Ensiklopedia Dunia