ထောက်ကြံ့ပင်ထောက်ကြံ့ပင်ကို မြန်မာနိုင်ငံအရပ်ရပ်ရှိ သစ်တောများ၌ တွေ့ရသည်။ ရုက္ခဗေဒ အလိုအားဖြင့် 'တာမီနဲလီးယား တိုမင်တိုဆာ (Terminalia tomentosa = T. elliptica[၁])' ဟုခေါ်၍၊ ဖန်ခါးပင်၊ သန်ပင်၊ လိမ်ပင်၊ ရုံးပင်တို့နှင့်အတူ 'ကွန်ဗရီတေးစီအီး (Combretaceae)' မျိုးရင်းတွင် ပါဝင်လေသည်။ မျိုးကွဲများမှာ ထောက်ကြံ့ရွက်သေး၊ ထောက်ကြံ့ရွက်ရှည် ဟူ၍ ဖြစ်သည်။
ဂရုတစိုက် ပြုပြင်၍သုံးလျှင် တာရှည်ခံသောာ သစ်သားမျိုးဖြစ်သည်။ ထောက်ကြံ့သားသည် လျင်မြန်စွာ ခြောက်သွေ့သွားလျှင် ကွဲအက်တတ်သဖြင့်၊ ယင်းကိုအသားသေစေရန် စီမံရာ၌ အထူးပင် ဂရုစိုက်ရ၏။ ထောက်ကြံ့သားကို မီးရထား ဇလီဖားတုံး၊ လှည်း၊ လှေ၊ သင်္ဘောနှင့် အဆောက်အအုံများ ဆောက်လုပ်ရာ၌ အသုံးပြုကြသည်။ ထောက်ကြံ့သားအစိုသည်။ ကုဗပေ တစ်ပေလျှင် အလေးချိန်ပေါင် ၇ဝစီး ၍၊ အခြောက်သည် ပေါင် ၆ဝစီးသည်။ ထောက်ကြံ့သားသည် သစ်မာသားမျိုးဖြစ်သဖြင့် ထင်းအဖြစ် အသုံးပြုနိုင်၏။ ထို့ပြင် ထောက်ကြံ့သားကို မီးဖုတ်၍ရသော မီးသွေးသည် ပထမတန်းစားမီးသွေးဖြစ်၏။ ထောက်ကြံ့ပင်၏ အခေါက်ထဲ၌ 'တင်နင်'ခေါ် ချုပ်ဆေးသတ္တိရှိသော ဓာတုဗေဒ ပစ္စည်းတမျိုးပါရှိရာ၊ သားရေနယ်လုပ်ငန်း၌ ထောက်ကြံ့သစ်ခေါက်များကို အခေါက်လိုက်ပင်ထည့်၍ သုံးလေ့ရှိကြ၏။ ဝမ်းသက်လျှင်လည်း ထောက်ကြံ့ခေါက်ကို ဆေးအဖြစ်သုံးနိုင်သည်။ ပိုးချည်အတွက် ပိုးမွေးမြူရာ၌ ထောက်ကြံ့ခေါက်ရွက်များကိုလည်း ပိုးစာရွက်ကဲ့သို့ သုံးနိုင်သည်ဟု ဆို၏။[၂] ကိုးကား
|
Portal di Ensiklopedia Dunia