ဒစ်ဂျစ်တယ်

ဒစ်ဂျစ်တယ် စနစ်ဆိုသည်မှာ အချက်အလက်နှင့် ပတ်သက်သည့် နည်းပညာ တစ်မျိုးဖြစ်ပြီး တစ်ခုစီ ဖြစ်နေပြီး ဆက်စပ်မနေသော ကိန်းဂဏန်းများကို အသုံးပြုထားသည်။ ဆန့်ကျင်ဖက် အနေနှင့် အင်နာလော့ စနစ်တွင် တဆက်တည်း ဖြစ်နေသော ကိန်းဂဏန်းများကို အသုံးပြုပြီး အချက်အလက်များကို ဖော်ညွှန်းပြသသည်။ ဒစ်ဂျစ်တယ် နည်းလမ်း အသုံးပြုခြင်းမှာ တစ်ခုစီ ဖြစ်နေသော်လည်း ဒစ်ဂျစ်တယ်နည်းဖြင့် ပြသထားသော အချက်အလက်များမှာ နံပါတ်၊ စာလုံး၊ အိုင်ကွန် စသည့် တစ်ခုစီ ဖြစ်နေသည့် အရာများသာမက ဆက်စပ်နေသည့် အချက်အလက်များ ဖြစ်သည့် အသံ၊ အရုပ် နှင့် တဆက်တည်းဖြစ်နေသော စနစ်များမှ အခြားတိုင်းတာချက်များလည်း ပါဝင်နိုင်သည်။

ဒစ်ဂျစ်တယ် ဆိုသော စာလုံးမှာ ဒစ်ဂျစ်ဆိုသော စကားလုံးနှင့် ရင်းမြစ်ချင်း တူညီပြီး လက်တင်ဘာသာဖြင့် လက်ချောင်းဟု အဓိပ္ပာယ်ရသည်။ လက်ချောင်းများကို နံပါတ် တစ်ခုစီ ရေတွက်ရာတွင် အသုံးချသောကြောင့် ဖြစ်သည်။

ဒစ်ဂျစ်တယ် ဆိုသော စကားလုံးကို ကွန်ပျူတာ နှင့် အီလက်ထရွန်းနစ် တို့နှင့် သက်ဆိုင်သော နည်းပညာများတွင် အများဆုံး အသုံးပြုကြသည်။ အထူးသဖြင့် ပြင်ပလောကရှိ အချက်အလက်များကို ကိန်းဂဏန်းများ အသွင်ပြောင်းထားသော ဒစ်ဂျစ်တယ် အသံလှိုင်းနှင့် ဒစ်ဂျစ်တယ် ရုပ်ပုံတို့အဖြစ် ပြောင်းလဲရာတွင် ဖြစ်သည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya