ဒလသင်္ဘောကျင်း
ရန်ကုန်တဖက်ကမ်း ဒလမြို့ရှိ ဒလသင်္ဘောကျင်း သည် မြန်မာနိုင်ငံရှိ ရှေးအကျဆုံးခေတ်မီ သင်္ဘောကျင်းများတွင် ပထမဆုံး တည်ဆောက်အသုံးပြုခဲ့သော သင်္ဘောကျင်း ဖြစ်သည်။ [၁] သမိုင်းကြောင်းဒလသင်္ဘောကျင်း ကို ၁၈၅၂ ခုနှစ် ခန့်ကပင် အင်္ဂလိပ် အစိုးရမှ စတင် တည်ဆောက် အသုံးပြု ခဲ့ကြောင်း တရားဝင် အထောက်အထားများတွေ့ရပါသည်။ ထိုနှစ်မတိုင်မီကပင် သင်္ဘောကျင်းမှာ တည်ရှိနေသည်ဟုလည်း ဆိုပါသည်။ ၁၈၇၅ ခုနှစ်တွင် ဧရာဝတီ ဖလိုတီလာ ကုမ္ပဏီ လီမိတက်သို့ နှစ်ရှည် လုပ်ပိုင်ခွင့်ဖြင့် ငှါးရမ်းခဲ့သည်။ ယခုအထိ တည်ရှိ အသုံးပြုနေသော ဒီဇယ်စက်ပြင်အလုပ်ရုံမှာ ၁၈၇၅ ခုနှစ် ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ကုမ္ပဏီသည် ဒလသင်္ဘောကျင်းကို ၁၈၇၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ကုမ္ပဏီ၏ အုပ်ချုပ်မှုအောက်တွင် စတင်ထည့်သွင်းခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် ဧရာဝတီ ဖလိုတီလာ ကုမ္ပဏီမှ သင်္ဘောကျင်းအား အပြီးအပိုင် ဝယ်ယူ၍ လွန်းကျင်းများအား တိုးချဲ့ တည်ဆောက်ခဲ့ပါသည်။ ယခု အမှတ် (၁) လွန်းလမ်းမှာ ၁၉၀၈ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအသုံးပြုနေသည့် လွန်းကျင်း၊ အလုပ်ရုံ၊ အဆောက်အအုံအများစုမှာ ၁၉၂၀ မတိုင်မီက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။[၂] ကိုလိုနီခေတ်တစ်လျှောက် ဝန်ထမ်းအင်အား တစ်ထောင်ကျော် ဖြင့် သင်္ဘောတည်ဆောက်ရေး နှင့် သံရည်ကြိုလုပ်ငန်းများ အကြီးအကျယ်လုပ်ကိုင်ခဲ့သည်။[၃] ၁၉၄၈ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ဧရာဝတီဖလော်တီလာကုမ္ပဏီကို နိုင်ငံပိုင်ပြုလုပ်ခဲ့သည့်အတွက် ဒလသင်္ဘောကျင်းသည် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးပိုင်သင်္ဘောကျင်း တစ်ခုဖြစ်လာခဲ့သည်။ ဒလ သင်္ဘောကျင်းသည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ သက်တမ်း ရှည်ကြာဆုံးနှင့် ရေယာဉ်ကြီးများ ပြုပြင် တည်ဆောက်ရာ နေရာ ဖြစ်သည်။ ဒလသင်္ဘောကျင်းသည် ကြေးသွန်းလုပ်ငန်း ဖြင့်လည်း ထင်ရှားခဲ့သည်။ ၂၀ဝ၂ ခုနှစ်တွင် ရေယာဉ်များ ပြုပြင်နိုင်သည့် ရေလုံကျင်း တစ်ခုအား တည် ဆောက် ပြီးစီးခဲ့သည်။ ၂၀ဝ၈ ခုနှစ်၊ လေမုန်တိုင်း တိုက်ခတ်စဉ်က နှစ်မြုပ် ကမ်းတင်ခဲ့သည့် ဌာနပိုင် ရေယာဉ်ကြီးများကို အချိန်မီ ပြုပြင် မွမ်းမံကာ သက်ဆိုင်ရာ ခရီးစဉ်များတွင် ပြေးဆွဲနိုင်ရန် ပြင်ဆင်ပေးနိုင်ခဲ့သည်။ ဌာန လုပ်ငန်းသုံး ရေယာဉ်၊ တွဲယာဉ်သစ်များ တည်ဆောက်ခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ အပ်နှံသည့် ရေယာဉ်နှင့် ကုန်တင်တွဲများ တည်ဆောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်၊ ၁၉၈၈ မှ ၂၀၂၂ အတွင်း ရေယာဉ်/တွဲယာဉ် (၃၇) စင်းအား တည်ဆောက်ခဲ့သည်။ တည်နေရာ အကျယ်အဝန်းရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ တမာအောင်ချောင်းဘေးတွင် တည်ရှိပါသည်။ ဧက (၃၀) ကျယ်ဝန်းပါသည်။ လုပ်ဆောင်နိုင်မှုလွန်းကျင်းလမ်းပေါင်း (၁၄) လမ်း ရှိပြီး တစ်ချိန်တည်း ရေယာဉ် (၃၂) စီးထိ ပြိုင်တူ ကျင်းတင်နိုင်ပါသည်။ သင်တန်းကျောင်းဒလသင်္ဘောကျင်းတွင် ရေယာဉ် များ ပြုပြင် တည်ဆောက်ခြင်း သာမက သင်္ဘောကျင်း လုပ်ငန်းသင်တန်းများလည်း ဖွင့်လှစ်ပါသည်။[၄] လုပ်ငန်းပြ ပညာသင် (Docker Service) သင်တန်း၂၀ဝ၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လုပ်ငန်းပြ ပညာသင် (Docker Service) (၉၆၈) ဦး လေ့ကျင့်ပေးခဲ့သည်။ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး သင်တန်းလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး သင်တန်းတွင် ၁၈၈၉ မှ ၂၀၁၀ အထိ သင်တန်း (၁၅) ခု နှင့် သင်တန်းသား (၆၀၅) ဦးတို့အား လေ့ကျင့်ပေးခဲ့သည်။ ရည်ညွှန်းကိုးကား
|
Portal di Ensiklopedia Dunia