ဒါဘီရှိုင်းယား

ဒါဘီရှိုင်းယား (အင်္ဂလိပ်: Derbyshire) သည် အင်္ဂလန်နိုင်ငံဣမဒ္ဒလန်းခေါ် အရှေ့ဘက်ကုန်းတွင်းပိုင်းဒေသမှ စီရင်စုတခုဖြစ်၏။ ပိဒိစတြိတ်မှ အမျိုးသားဥယာဉ်မြေ အတော်များများမှ ဒါဘီရှိုင်းယားနယ်အဖြစ်သည်။ ပန္နိုင်းတောင်တန်းမှ တောင်စွန်းသည် နယ်မြေ၏ မြောက်ဘက်ဖျားတွင် အဆုံးသတ်သည်။ အနောက်မြောက်ဘက်တွင် ဂရိတ္တားမန်ချက်စတာ၊ မြောက်ဘက်တွင် ဝက်ယော့ရှိုင်းယား၊ အရှေ့မြောက်ဘက်တွင် ဆောက်ယော့ရှိုင်းယား၊ အရှေ့ဘက်တွင် နော့တင်ဟမ်ရှိုင်းယား၊ အရှေ့တောင်ဘက်တွင် လက်စတာရှိုင်းယား၊ အနောက်တောင်ဘက်တွင် စတန်းဖို့ရှိုင်းယား၊ အနောက်ဘက်တွင် ချက်ရှိုင်းယားတို့ ရှိသည်။ အမျိုးသားဥယျာဉ်ထဲရှိ ကင်ဒါစကောက်ကုန်းပြင်မြင့်သည် နယ်မြေ၏ အမြင့်ဆုံးနေရာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်မှ ၆၃၆ မီတာ (၂၀၈၇ ပေ) မြင့်သည်။ ဒါဘီရှိုင်းယားမှ ထရန်းမြစ်ထွက်သွားသည့် ထရန်းမဲဒိုးမှာ အနိမ့်ဆုံးအရပ်ဖြစ်ပြီး ၂၇ မီတာ (၈၉ ပေ) သာ မြင့်သည်။ [] ဒါဝမ့်မြစ်သည် စီရင်စုအတွင်း အရှည်ဆုံး (၆၆ မိုင်၊ ၁၀၆ ကီလိုမီတာ) ဖြစ်ပြီး မြောက်မှတောင်သို့ ဖြတ်စီးနေသည်။

စီရင်စု၏မြို့တော် ဒါဘီကို အာဏာပိုင်အဖွဲ့အစည်းစနစ်ဖြင့် အုပ်ချုပ်သော်လည်း ရှေးအစဉ်အလာအတိုင်း နယ်မြေအစားပေးသည့်ခေါင်းစဉ်ကို သတ်မှတ်ပေးဆဲ ဖြစ်သည်။ (ကောင့်မောင်ဘ အော့ ဒါဘီရှိုင်းယား စသဖြင့် ဘွဲ့ပေးသော်လည်း တကယ်တမ်း မအုပ်ချုပ် မစီရင်ရ ဆိုလိုသည်) စီရင်စုတွင် လူဦးရေ ၁၀၀၀၀ မှ ၁၀၀၀၀၀ အထိ အပြားပြားရှိသည့် မြို့ ၃၀ ရှိသည်။ အများစုမှာ လက်ယာမြေများတွင် နေသည်။

ကိုးကား

  1. Willmot, Alan; Moyes, Nick (2015). The Flora of Derbyshire. Pisces Publication.
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya