ဒိဗ္ဗစက္ခုအဘိညာဏ်

ဒိဗ္ဗစက္ခုအဘိညာဉ် သည် နတ်မျက်စိကဲ့သို့ ကွယ်ခြားရာ, ဝေးရာအရပ်တို့ရှိ အဆင်းဝတ္ထုတို့ကို မြင်နိုင်သည့်ဉာဏ် ဖြစ်သည်။[]

ဒိဗ္ဗစက္ခုအဘိညာဉ်

ဣဒ္ဓိမာပုဂ္ဂိုလ်သည် နတ်မျက်စိကဲ့သို့ ကွယ်ခြားရာ, ဝေးရာအရပ်တို့၌ရှိသော အဆင်းဝတ္ထုတို့ကို မြင်လိုသောအခါ အကယ်၍ နတ်ပြည်ကို မြင်လိုအံ့ အလင်းကသိုဏ်း သုံးခုတွင် တစ်ခုခုကို ထိုမိမိမြင်လိုသော အရပ်သို့ ဖြန့်ခင်း၍, နှိုးဈာန်ကို စိတ်ဝင်စား၍, ထ၍ ပကတိမျက်စိတ်ဖြင့် ဤအနီးရှိအဆင်းဝတ္ထုကို မြင်ရသကဲ့သို့ ဤနတ်ပြည်ကို ငါမြင်အံ့ဟု ရည်မှန်းဆင်ခြင်ခြင်း ပရိကံကိုပြုပြီးလျှင် အဘိညာပါဒကဈာန်ကို ဝင်စား၍ ထပြီးလျှင် ဤနတ်ပြည်ကို ငါမြင်စေသတည်း-ဟု အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ မြင်နိုင်သော အဓိဋ္ဌာန်အဘိညာဇော ကျလာ၏၊ မြင်ရ၏။ အကယ်၍ ပထမအကြိမ်ဖြင့် မမြင်ရသေးလျှင် ပါဒကဈာန်ကို ဝင်စား၍ အဖန်ဖန် အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ မြင်ရတော့၏၊ ငရဲကို မြင်လိုလျှင်လည်း ဤနည်းတူ ကြည့်ရှုအပ်၏၊ မြင်ရ၏။ မည်သည့် ဝတ္ထုကိုမဆို မြင်လိုလျှင် ဤနည်းတူ ကြည့်ရှုရ၏၊ မြင်ရ၏။[]

၁။ ထိုသတ္တဝါတို့ကို ကြည့်ရှု၍ မြင်၍ ဤသတ္တဝါတို့သည် ဘယ်လိုကံကိုပြု၍ ဤကဲ့သို့ စည်းစိမ်ချမ်းသာကို ရပါလိမ့်နည်း၊ ဒုက္ခကို ခံရပါလိမ့်နည်း-ဟု ကံကို ဆင်ခြင်ကြည့်ရှုလျှင် ကံကိုလည်း သိမြင်နိုင်တော့၏။ ထိုကံကို သိမြင်နိုင်သည့်ဉာဏ်ကို “ယထာကမ္မုပဂအဘိညာ” ဟု ခေါ်၏။[]

၂။ ထိုသတ္တဝါတို့ကို နောင်ဖြစ်လတ္တံ့သည်ကိုလည်း ဆင်ခြင်ကြည့်ရှုလျှင် သိမြင်နိုင်၏၊ ထိုသို့ သိမြင်နိုင်သော ဉာဏ်ကို အနာဂတံသအဘိညာဟု ခေါ်၏၊ ဤအဘိညာ နှစ်ပါးတို့ကိုလည်း ဒိဗ္ဗစက္ခုအဘိညာသို့သွင်း၏။[]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော ကမ္မဋ္ဌာန်းကျမ်းကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya