ဒိုင်အိုကလက်ရှန်း၏ နန်းတော်

စပလစ်ရှိ ဒိုင်အိုကလက်ရှန်း၏ နန်းတော် အပါအဝင် သမိုင်းဝင်အဆောက်အဦးများ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ခရိုအေးရှား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း ii, iii, iv
ကိုးကား ၉၇
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၉  (တတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ဒိုင်အိုကလက်ရှန်း၏ နန်းတော် သည် ရောမ အင်ပိုင်ယာ ဒိုင်အိုကလက်ရှန်း အတွက် ၄ရာစု နှစ်တွင် တည်ဆောက်ခဲ့သော ရှေးဟောင်း နန်းတော် ဖြစ်ပြီး ယနေ့ခေတ်တွင် ခရိုအေးရှားနိုင်ငံ စပလစ်မြို့ဟောင်း၏ တစ်ဝက်ခန့်အား နေရာယူထားသည်။ ဒိုင်အိုကလက်ရှန်း ဘုရင် အငြိမ်းစားယူချိန်တွင် နေထိုင်ရန် အတွက် တည်ဆောက်ခဲ့သဖြင့် နန်းတော်ဟု ခေါ်သော်လည်း အဆောက်အဦးမှာ ကြီးမားပြီး ခံတပ်ကြီး တစ်ခုနှင့် တူသဖြင့် အခေါ်အဝေါ်မှာ မလျော်ညီသည့်ပမာ ထင်ရသည်။ အဆောက်အဦး၏ တစ်ဝက်ခန့်မှာ ဒိုင်အိုကလက်ရှန်း၏ ကိုယ်ရေးကိုယ်တာ နေရာ ဖြစ်ပြီး အခြားတစ်ဝက်မှာ စစ်တန်းလျားများ ဖြစ်သည်။

ဒိုင်အိုကလက်ရှန်းသည် အေဒီ ၃၀၅ ခုနှစ် မေလ ၁ ရက်တွင် အငြိမ်းစားယူရန် ပြင်ဆင်ခဲ့ပြီး ကြီးမားသော နန်းတော်ကြီးကို တည်ဆောက်ခဲ့သည်။ ရောမပြည်နယ် ဒါလ်မေးရှား၏ မြို့တော် ဖြစ်သော ဆလိုနာ မှ ၄ မိုင် အကွာတွင် တည်ရှိကာ ဒါလ်မေးရှား ကမ်းရိုးတန်းမှ အနည်းငယ်မျှ ထိုးထွက်နေသာ ကျွန်းဆွယ်၏ ပင်လယ်အော်ပေါ်တွင် တည်ရှိသည်။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya