ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)သည် ဒီဇယ်စက်ခေါင်း၊ လူစီးတွဲနှင့် ကုန်တွဲများ မွမ်းမံထိန်းသိမ်းနိုင်ရန် အတွက် မြန်မာ့ မီးရထား၊ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာနမှ ဖွင့်လှစ်ထားသော စက်ရုံကြီး ၃ ရုံအနက်မှ တစ်ခုဖြစ်သည်။ မြန်မာ့မီးရထား၏ လိုအပ်ချက်အရ ဒီဇယ်စက်ခေါင်းစက်ရုံ၊ ရွာထောင် အနေဖြင့် ဒီဇယ်ဟိုက်ဒြောလစ် စက်ခေါင်းများသာမက ဒီဇယ်လျှပ်စစ် စက်ခေါင်းများကိုလည်း ပြုပြင်ပေးလျက်ရှိသည်။ သမိုင်းကြောင်းမြန်မာ့မီးရထားသည် ၁၉၅၈-ခုနှစ်တွင် ဒီဇယ်စက်ခေါင်း(၆)လုံးကို စတင်ဝယ်ယူ၍ အသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံ ရထားပို့ဆောင်ရေးသမိုင်းတွင် ဒီဇယ်ရထားကဏ္ဍအသစ်တစ်ရပ် ဖွင့်လှစ် ခဲ့သည်။ ထိုအချိန်မှစ၍ ရေနွေးငွေ့စက်ခေါင်းများနေရာတွင် ဒီဇယ်စက်ခေါင်းများကို ဝယ်ယူ အစားထိုးအသုံးပြုလာခဲ့ရာမှ နောက်ပိုင်း စက်ခေါင်း အရေအတွက် များပြားလာချိန်တွင် အင်းစိန် စက်ခေါင်းစက်ရုံ တစ်ခုတည်းဖြင့် ပြင်ဆင်နိုင်စွမ်း မရှိတော့၍ ဒီဇယ်လျှပ်စစ် စက်ခေါင်းများကို အင်းစိန်စက်ရုံ၌လည်းကောင်း၊ ဒီဇယ်ဟိုက်ဒြောလစ်စက်ခေါင်းများကို ရွာထောင်၌ စက်ခေါင်းစက်ရုံ တည်ဆောက်၍လည်းကောင်း ပြင်ဆင်ရန်စီစဉ်ခဲ့ပြီးနောက် ၁၉၆၉ ခုနှစ်တွင် ရွာထောင် ဒီဇယ်စက်ခေါင်းပြင်စက်ရုံတည်ဆောက်ရေး စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်ခဲ့သည်။ ရွာထောင် ဒီဇယ်စက်ခေါင်းပြင်စက်ရုံကို ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၇၅ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင်ပြီးစီးကာ ၁၉၇၅ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ကနဦးရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အဆောက်အဦတန်ဖိုး ကျပ်ငွေ ၂၄.၈၀ သန်းနှင့် စက်ကိရိယာတန်ဖိုး ကျပ်ငွေ ၂၇.၀၀ သန်း၊ စုစုပေါင်းတန်ဖိုး ကျပ်ငွေ ၅၁.၈၀ သန်းရှိသည်။ [၁] တည်နေရာနှင့် အကျယ်အဝန်းဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)သည် စစ်ကိုင်းမြို့ မြောက်ဘက်၊ ရွာထောင်ရွာ အရှေ့ဘက်၊ မီးရထားရပ်ကွက်နယ်မြေ မင်းဝံတောင်ခြေတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ အလျား (၂၅၀၀)ပေ၊ အနံ(၇၅၀)ပေ (၄၃.၀၄ ဧက)ရှိပြီး လူနေအိမ်အပါအဝင် စက်ရုံနယ်နိမိတ်မှာ ၂၉၂.၉၀ ဧကရှိသည်။[၁] စက်ရုံတွင်ပါဝင်သော အဆောက်အဦများအုပ်ချုပ်မှုပိုင်းဆိုင်ရာ အဆောက်အဦများ
ပြုပြင်မှုပိုင်းဆိုင်ရာ အဆောက်အဦများ
ထုတ်လုပ်မှုပိုင်းဆိုင်ရာ အဆောက်အဦများ
ရည်မှန်းချက်တာဝန်ဒီဇယ်စက်ခေါင်းစက်ရုံ၊ ရွာထောင်၏ ရည်မှန်းချက်တာဝန်များမှာ
စက်ရုံဖွဲ့စည်းမှုစက်ရုံ အထွေထွေမန်နေဂျာတစ်ဦး ပါဝင်သော အရာရှိ၊ ကြီးကြပ်ရေးဝန်ထမ်း၊ အခြားဝန်ထမ်းများကို ခန့်ထား၍ လုပ်ငန်းဆောင်ရွက်ခဲ့ရာ ဖွဲ့စည်းပုံအင်အားနှင့် လက်ရှိခန့်အပ်ပြီး ဝန်ထမ်း အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]
စက်ခေါင်းများပြည်တွင်း၌တည်ဆောက်ခြင်းဒီဇယ်စက်ခေါင်းစက်ရုံ၊ ရွာထောင်၌ မြန်မာ့မီးရထား၌ လိုအပ်လျက်ရှိသော စက်ခေါင်းများအား အကြီးတန်းပြုပြင်ခြင်း၊ အလတ်တန်းပြုပြင်ခြင်း စသည့် မွမ်းမံမှုများ ပြုလုပ်သည့်အပြင် အသုံးပြု သက်တမ်း ကြာမြင့်သော စက်ခေါင်းများအား အင်ဂျင်အသစ်တင်ကာ စွမ်းအားမြှင့်တင်ခြင်းလုပ်ငန်း များလည်း ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အသုံးမပြုတော့သည့် စက်ခေါင်းများမှ အရန်ပစ္စည်းများအား ပြုပြင်မွမ်းမံ၍ ဆယ်တင်ပစ္စည်းအဖြစ် ပြန်လည်အသုံးပြုခြင်း၊ အရန်ပစ္စည်းအမယ်သစ်များ တီထွင်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ကာ မြန်မာ့မီးရထားအတွက် လိုအပ်လျက်ရှိသော စက်ခေါင်းငယ်များ၊ ဌာနသုံးသံလမ်းပြေးယာဉ်များ တည်ဆောက်ခဲ့သည်။ ၎င်းတို့မှာ
ရထားစက်မှုသင်တန်းကျောင်းဒီဇယ်စက်ခေါင်းစက်ရုံ စတင်လည်ပတ်ချိန်တွင် အနောက်ဂျာမဏီ၌ ပညာသင်ကြားခဲ့သော အရာထမ်း၊ အမှုထမ်းများကို အမာခံထား၍ မြန်မာပြည်အရပ်ရပ်မှ လုပ်သားများနှင့် ဆောင်ရွက်ခဲ့ရာ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်နိုင်ရန် အနောက်ဂျာမဏီနိုင်ငံ (ဂျီတီဇက်) (GTZ) အထောက်အပံ့ဖြင့် ရထားစက်မှုသင်တန်းကျောင်းကို တည်ဆောက်ခဲ့ရာ ၁၉၈၁ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ရွာထောင် ဒီဇယ်စက်ရုံအတွက်သာမက မြန်မာ့မီးရထားဌာနအတွက်ပါ ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်နိုင်ခဲ့သည်။[၁]
ရထားစက်မှုသင်တန်းကျောင်းတွင် အောက်ပါအတိုင်း သင်တန်းဌာန(၄)ခုထားရှိကာ အခြေခံနှင့် အဆင့်မြင့်သင်တန်းများ ပို့ချပေးလျက်ရှိသည်။
စက်မှုနှင့်လျှပ်စစ်ဌာနခွဲ လက်အောက်ရှိ ဝန်ထမ်းများအား အခြေခံနှင့် အဆင့်မြင့် သင်တန်းများ သင်ကြားပို့ချခဲ့ရာ ယနေ့အထိ သင်တန်းသား စုစုပေါင်း (၄၉၄၂)ဦး ပို့ချပေးခဲ့ပြီးဖြစ်သည်။[၁] ရွာထောင်စက်ရုံမှ ထူးခြားသည့်ဆောင်ရွက်ချက်များဒီဇယ်စက်ခေါင်းစက်ရုံ၊ ရွာထောင်မှ သာသနာရေးဆိုင်ရာ လုပ်ငန်းများတွင် ထူးခြားစွာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။[၁]
ရွာထောင် ဒီဇယ်စက်ခေါင်းစက်ရုံ အနေဖြင့် နိုင်ငံတော်အကြီးအကဲ နှင့် ရထားပို့ဆောင်ရေးဝန်ကြီး၏ တာဝန်ပေးချက်အရ မတ္တရာမြို့နယ်၊ စကျင်တောင်မှ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်နိုင်ရန် တန်(၆၀၀) အလေးချိန်ခံနိုင်သည့် ယာဉ်တော်ကြီး တည်ဆောက်ခြင်းနှင့် ရုပ်ပွားတော်မြတ်ကြီးအား မတ္တရာမြို့နယ်၊ စကျင်တောင် မှ ရန်ကုန်မြို့နယ် အင်းစိန်ကြို့ကုန်းရှိ မင်းဓမ္မကုန်းတော် အရောက် ပင့်ဆောင်ရာတွင် လိုက်ပါ၍ ၂၀၀၀ ပြည့်နှစ်တွင် အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။
ဒီဇယ်စက်ခေါင်းစက်ရုံ၊ ရွာထောင် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ တာဝန်ပေးချက်အရ မတ္တရာမြို့နယ်၊ စကျင်တောင်မှ စစ်ကိုင်းမြို့နယ်၊ ကံတလူဘုရား ပရဝုဏ်သို့ ဓမ္မစကြာ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ဆောင်နိုင်ရေးအတွက် ပါဝင်၍ ၂၀၀၃ ခုနှစ်တွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။ ဆက်စပ်ဖတ်ရှုရန်အကိုးအကား |
Portal di Ensiklopedia Dunia