ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်

ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်
ท่าอากาศยานดอนเมือง
ဝေဟင်ပြင်မှ မြင်တွေ့ရသော ဒွန်မောင်းလေဆိပ် ပြေးလမ်းများ
အချက်အလက်များ
အမျိုးအစားစစ်တပ်၊ အများပြည်သူ
ပိုင်ဆိုင်သူထိုင်းတော်ဝင်လေတပ်
စီမံကွပ်ကဲသူAirports of Thailand PLC (AOT)
ဝန်ဆောင်မှု ဧရိယာဘန်ကောက်မြို့
တည်နေရာ၂၂၂ ဗစ်ဟဘဒီ ရန်စစ်လမ်း၊ ဒွန်မောင်းမြို့နယ်၊ ဘန်ကောက်မြို့ထိုင်းနိုင်ငံ
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း
ပင်လယ်မျက်နှာပြင် အထက်၉ ပေ / ၃ မီတာ
ဝက်ဘ်ဆိုဒ်donmueangairportthai.com
မြေပုံ
DMK သည် ဘန်ကောက်မြို့ တွင် တည်ရှိသည်
DMK
DMK
လေဆိပ်တည်နေရာပြ မြေပုံ ဘန်ကောက်မြို့
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
မီတာ ပေ
03L/21R 3700 ၁၂,၁၃၉ နိုင်လွန်ကတ္ကရာ
03R/21L 3500 ၁၁,၄၈၃ နိုင်လွန်ကတ္တရာ
ကိန်းဂဏန်း အချက်အလက်များ (2024)
ခရီးသည်စုစုပေါင်း30,490,635Increase13.01%
နိုင်ငံတကာခရီးသည်များ12,662,393Increase26.99%
ပြည်တွင်းခရီးသည်များ17,828,242Increase4.81%
လေယာဥ်ရွေးလျာမှု205,681 Increase11.46%
ရင်းမြစ်: Airports of Thailand []

ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ် (အင်္ဂလိပ်: Don Mueng International Airport, ထိုင်း: ท่าอากาศยานดอนเมือง) သည် ထိုင်းနိုင်ငံ၊​ ဘန်ကောက်မြို့တော်၏ အပြည်ပြည်ဆိုင်ရာလေဆိပ်နှစ်ခုမှ တစ်ခုဖြစ်သည်။ ၂၀၀၆ ခုနှစ် မတိုင်းခင်အထိ ဘန်ကောက်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟု ခေါ်ဆိုခဲ့သည်။​ ​လေဆိပ်သစ်မှာ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ် ဖြစ်သည်။

ဒွန်မောင်းလေဆိပ်သည် အာရှတွင်သာမက ကမ္ဘာပေါ်တွင် ဖွင့်လှစ်လျက်ရှိသော သက်တမ်းအရှည်ကြာဆုံး အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ၁၉၁၄ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ထိုင်းတော်ဝင်လေတပ် အသုံးပြုရန်အတွက် ဖွင့်လှစ်ခဲ့သည်။ ခရီးသည်တင် လေယာဉ်များသည် ၁၉၂၄ ခုနှစ်တွင် စတင်ဆင်းသက်ခဲ့သည်။

ပထမဆုံး ခရီးသည်တင်လေယာဉ်မှာ တော်ဝင် ဒတ်ချ် လေကြောင်းလိုင်း (KML Royal Dutch Arilines) ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွင့်လှစ်ပြီး ပိတ်ခဲ့သော်လည်း ၂၀၀၇ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ပြင်ဆင်မှုများ ပြုလုပ်ပြီး ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ယခုအခါ ဒေသတွင်း လေကြောင်းလိုင်းများ၏ အဓိကအခြေဆိုက်ရာ ဖြစ်လာသည်။ အဓိကအားဖြင့် တန်ဖိုးနည်း လေကြောင်းလိုင်းများ ဆိုက်ရောက်သည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ကြီးဆုံး တန်ဖိုးနည်းလေကြောင်းလိုင်း ဆိုက်ရောက်ရာ လေယာဉ်ကွင်း အဖြစ်သတ်မှတ်ခြင်း ခံခဲ့ရသည်။

ဒွန်မောင်းလေဆိပ်သည် သုဝဏ္ဏဘူမိလေဆိပ် မဖွင့်မှီအချိန်အထိ ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Thai Airways International) ၏ အဓိက အခြေဆိုက်ရာအဖြစ် အသုံးပြုခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် လေကြောင်းလိုင်းပေါင်း ၈၀ ကျော်၊ လေယာဉ်အစီးရေ ၁၆၀,၀၀၀ နှင့် ခရီးသည် ၃၈ သန်း ကျော် ကို ကိုင်သွယ်ခဲ့သည်။ ကမ္ဘာ့အလုပ်အများဆုံး လေယာဉ်စာရင်းတွင် နံပါတ် ၁၄ ချိတ်ခဲ့ဖူးသည်။

ယခုအခါ နော့လေကြောင်းလိုင်း (Nok Air)၊ ထိုင်းအဲအေးရှား လေကြောင်းလိုင်း (Thai AirAsia)၊ ထိုင်းလိုင်းရင်း လေကြောင်းလိုင်း (Thai Lion Air) တို့၏ အဓိက အခြေဆိုက်ရာအဖြစ် အသုံးပြုလျက်ရှိသည်။

ဒွန်မောင်းလေဆိပ်တွင် ယခင်က BKK လေဆိပ်ကုဒ်ကို အသုံးပြုခဲ့သည်။ သို့ရာတွင် သုဝဏ္ဏဘူမိလေဆိပ်အသစ်ကို တည်ဆောက်ပြီးစီးသည့်အခါ BKK ကုဒ်ကို သုဝဏ္ဏဘူမိလေဆိပ်သို့ လွှဲပြောင်းပေးခဲ့ပြီး၊ ဒွန်မောင်းလေဆိပ်အတွက်တော့ ယခု DMK ဟုခေါ်သော ကုဒ်နံပါတ်ကို အသုံးပြုလျက်ရှိသည်။

သမိုင်း

အစောပိုင်းနှစ်များ

လေဆိပ်ပုံ

ဒွန်မောင်း လေယာဉ်ကွင်းသည် ဆပ် ပဟမ် လေယာဉ်ကွင်းပြီးနောက် ထိုင်းနိုင်ငံ၏ ဒုတိယမြောက်လေယာဉ်ကွင်းဖြစ်သည်။ ဆပ် ပဟမ် လေယာဉ်ကွင်းသည ယခုအခါ မြင်းပြိုင်ကွင်း ဖြစ်နေပြီး တော်ဝင်ဘန်ကောက် အားကစားကလပ် အဖြစ် လူသိများသည်။ ပထမဦးဆုံး လေယာဉ်ဆင်းသက်မှုကို ၁၉၁၄ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ၃ နှစ်ခန့်စော၍ ထိုင်းနိုင်ငံသည် ဝန်ထမ်း ၃ ဦးကို ပြင်သစ်နိုင်ငံသို့ စေလွှတ်၍ လေယာဉ်မောင်း သင်ကြားခဲ့သည်။ သင်ကြားမှုများ ပြီးဆုံးပြီးနောက် ၁၉၁၁ ခုနှစ်တွင် လေယာဉ် ၈ စီး ဝယ်ယူခဲ့သည်။ အဆိုပါ လေယာဉ် ၈ စီးသည် တော်ဝင်လေတပ် ပေါ်ပေါက်လာခြင်း၏ အစဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဒွန်မောင်လေယာဉ်ကွင်းသည် ဂျပန်လေတပ် အခြေချရာ စခန်းအဖြစ် အသုံးပြုခဲ့သည်။ စစ်အတွင်း ဗုံးကြဲတိုက်ခိုက်ခံရခဲ့သည်။ 

စစ်ကြီးပြီးဆုံးသွားသည့် ၁၉၄၅ ခုနှစ် စက်တင်ဘာလတွင် ဗြိတိသျှ တော်ဝင်လေတပ်က ၁၉၄၆ မတ်လအထိ တပ်ဆွဲထားခဲ့သည်။ 

ဗီယက်နမ်စစ်ပွဲအတွင်းတွင်လည်း ဒွန်မောင်းလေဆိပ်သည် အမေရိကန်လေတပ်၏ အဓိက အခြေချစခန်းအဖြစ် အသုံးပြုခြင်း ခံခဲ့ရသည်။ 

သုဝဏ္ဏဘူမိ လေဆိပ် မဖွင့်မှီအချိန်ထိ ITAT လေဆိပ်အမှတ်ကို BKK အဖြစ် အသုံးပြုပြီး ဒွန်မောင်အဖြစ် စာလုံးပေါင်းသည်။ သုဝဏ္ဏဘူမိ လေဆိပ် ဖွင့်လှစ်အပြီး ITAT လေဆိပ်အမှတ်ကို DMK အဖြစ်ပေါင်းလဲခဲ့ပြီး သုဝဏ္ဏဘူမိက BKK အဖြစ် စတင်အသုံးပြုခဲ့သည်။ 

ပိတ်သိမ်းခြင်း

၂၀၀၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ဟာ ဒွန်မောင်းလေဆိပ် လည်ပတ်ခြင်းရဲ့ နောက်ဆုံးရက်ဆွဲ ဖြစ်ခဲ့သည်။ နောက်ဆုံးဝင်ရောက်ခဲ့သော ခရီးသည်တင် လေယာဉ်များမှာ

  • ပြည်ပထွက်ခွာ - ကူဝိတ်လေကြောင်းလိုင်း ခရီးစဉ်အမှတ် ကေယူ၄၁၄ ကူဝိတ်နိုင်ငံသို့ ထွက်ခွာချိန် ၀၂:၅၀၊ ကွန်းတိပ်စ် လေကြောင်းလိုင်း ခရီးစဉ်အမှတ် ကျူအက်ဖ်၃၀၂ ဆစ်ဒနီသို့ ထွက်ခွာချိန် ၀၃:၁၂ (ပုံမှန်ထွက်ခွာချိန်ထက် ၉ နာရီကျော် နောက်ကျ)
  • ပြည်ပဆိုက်ရောက် - ကူဝိတ်လေကြောင်းလိုင်း ဂျာကာတာမှ ဆိုက်ရောက်ချိန် ၁:၃၀
  • ပြည်တွင်းထွက်ခွာ - ထိုင်းလေကြောင်းလိုင်း ခရီးစဉ်အမှတ် တီဂျီ၁၂၄ ချင်းမိုင်သို့ ထွက်ခွာချိန်၂၂:၁၅
  • ပြည်တွင်ဆိုက်ရောက် - ထိုင်းလေကြောင်းလိုင်း ခရီးစဉ်အမှတ် တီဂျီ၂၁၆ ဖူးခတ်သို့ ဆိုက်ရောက်ချိန် ၂၃:၀၀

ပြန်လည်ဖွင့်လှစ်ခြင်း 

သုဝဏ္ဏဘူမိ လေဆိပ် ဖွင့်လှစ်ပြီးနောက် ဒွန်မောင်းလေဆိပ်ကို ပိတ်ခဲ့သော်လည်း လေဆိပ်သစ်တွင် ကုန်ကျစရိတ်မြင့်မားခြင်း၊ လေဆိပ်ပြေးလမ်း အက်ကွဲလာခြင်းတို့ကြောင့် ခရီးသည်တင်လေယာဉ်အချို့ကို ဒွန်မောင်လေဆိပ်သို့ ပြန်လည်ဆင်းသက်ရန် စီစဉ်ခဲ့သည်။ တန်ဖိုးနည်း လေကြောင်းလိုင်းများ ပြန်လည်ဆင်းသက်ခြင်းနှင့်အတူ ဒွန်မောင်း လေဆိပ်ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ဒွန်မောင်းလေဆိပ် ပြန်လည်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ သုဝဏ္ဏဘူမိ လေဆိပ် ဒုတိယအဆင့် တိုးချဲ့ခြင်းမှ ရှောင်ရှားရန်ဟု ဆိုသည်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန သည် ဒွန်မောင်းလေဆိပ်ကို ခေတ္တဖွင့်လှစ်ပြီး သုဝဏ္ဏဘူမိ လေဆိပ်ရှိ အက်ကွဲလေယာဉ်လမ်းကြောင်းများ  ပြုပြင်ရန် အကြံပြုခဲ့သည်။ အဆိုပါ အကြံပြုချက်ကို ထိုင်းနိုင်ငံ အစိုးရမှ လက်ခံခဲ့ပြီး ၂၀၀၇ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ဒွန်မောင်းလေဆိပ်ကို ပြည်တွင်းလေယာဉ်အချို့ ပြန်လည်ဆင်းသက်မှုနှင့်အတူ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ထိုင်းနိုင်ငံ ရေကြီးခြင်းနှင့် ကြုံတွေ့ခဲ့ရမှုတွင် ဘန်ကောက်မြို့ပါ ပါဝင်ခဲ့သည်။ ရေကြီးမှုကြောင့် ဒွန်မောင်းလေဆိပ်၏ လေယာဉ်ပြေးလမ်း နစ်မြှုပ်ခဲ့ပြီး မီးအချက်ပြစနစ် ချို့ယွင့်ခဲ့ကာ ခေတ္တပိတ်ခဲ့ရသည်။ ၂၀၁၂ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ် သည် တန်ဖိုးနည်းလေကြောင်းလိုင်းများနှင့် ချိတ်ဆက်ပျံသန်းမှု မရှိသည့်  လေယာဉ်များကို ဒွန်မောင်းသို့ရွေ့ရန် ညွှန်ကြားခဲ့သည်။ အဆိုပါ ညွှန်ကြားမှုနှင့်အတူ လေဆိပ်တစ်ခုထဲ မူဝါဒမှာ ပြီးဆုံးခဲ့သည်။ ထိုင်းလေကြောင်းအာဏာပိုင်အဖွဲ့ကလည်း သုဝဏ္ဏဘူမိ လေဆိပ်တွင် ခရီးသည်များပြားလာမှုကို လျော့ချရန် တန်ဖိုးနည်း လေကြောင်းလိုင်းများကို ဒွန်မောင်းသို့ရွေ့ရန် တွန်းအားပေးခဲ့သည်။ သုဝဏ္ဏဘူမိလေဆိပ်သည် တစ်နှစ်ကို ခရီးသည် ၄၅ သန်း ဝန်ဆောင်မှုပေးရန် တည်ဆောက်ထားသော်လည်း ၂၀၁၁ ခုနှစ်တွင် ခရီးသည် ၄၈ သန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ခရီးသည် ၅၃ သန်းထိ ရောက်ရှိမည်ဟု ခန့်မှန်းခဲ့သည်။ ထို့ကြောင့် လေကြောင်းလိုင်း ၁၀ခု ခန့် ဒွန်မောင်းလေဆိပ်သို့ ရွေ့ခဲ့သည်။ တန်ဖိုးနည်း လေကြောင်းလိုင်းတစ်ခုဖြစ်သည့် နော့ လေကြောင်းလိုင်းမှာ ဒွန်မောင်းသို့ ပြောင်းရွေ့ခဲ့ပြီး ဖြစ်သည်။ နော့လေကြောင်းလိုင်းမှာ ၁ နှစ်လျှင် ခရီးသည် ၁၀ သန်းခန့် ရှိသည်။ ထို့နောက် အောရီးရန် ထိုင်း လေကြောင်းလိုင်းနှင့် အဲအေးရှား လေကြောင်းလိုင်းတို့သည်လည်း ဒွန်မောင်းသို့ပြောင်းရွှေ့ခဲ့သည်။

ယခုအခါ လေဆိပ်အဆောက်အဦး (၁) မှာ နှစ်စဉ် ခရီးသည် ၁၈.၅ သန်းခန့် ဝန်ဆောင်မှုပေးနိုင်သည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့တွင် ထိုင်လေဆိပ်အာဏာပိုင်က လေဆိပ်အဆောက်အဦး (၂) ကို ပြင်ဆင်ရန် ထိုင်းဘတ်ငွေ သန်း ၃၀၀၀ ကို အသုံးပြုပြီး ၂၀၁၄ ခုနှစ် မေလတွင် ပြန်လည်ဖွင့်လှစ်မည်ဟု ကြော်ငြာခဲ့သည်။၂၀၁၃ ခုနှစ်တွင် ဒွန်မောင်းလေဆိပ်တွင် ခရီးသည် ၁၆ သန်းခန့် ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး လေဆိပ်အဆောက်အဦး (၂) ပြီးစီးပါက နှစ်စဉ် ခရီးသည် သန်း ၃၀ ခန့် ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။

လေဆိပ်အဆောက်အဦး

ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေဆိပ်အဆောက်ဦး (၂) ခု ရှိသည်။ လေဆိပ်အဆောက်အဦး (၁)ကို ပြည်ပလေယာဉ်များအတွက် လေဆိပ်အဆောက်အဦး (၂)ကို ပြည်တွင်းလေယာဉ်များအတွက် အသုံးပြုသည်။ လေဆိပ်အဆောက်အဦး(၂) ပြန်လည်ဖွင့်လှစ်လိုက်ပြီး လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် သန်း ၃၀ ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်သည်။

လေကြောင်းလိုင်းများနှင့် လမ်းကြောင်းများ

ထိုင်းလိုင်းရင်း လေကြောင်းလိုင်း၏ ဘိုရင်း၇၃၇-၉၀၀အီးအာ ကို ဒွန်မောင်းလေဆိပ်တွင် တွေ့ရစဉ်
အဲအေးရှား လေကြောင်းလိုင်း အဲဘတ်စ် အေ၃၃၀-၃၀၀ လေဆိပ် အဆောက်အဦးသို့ ချဉ်းကပ်စဉ် 
ထိုင်းစမိုင်း အဲဘတ်စ် အေ၃၂၀ ကို တွေ့ရစဉ်
နော့ လေကြောင်းလိုင်း ဘိုးရင်း ၇၃၇-၈၀၀ ကို ဂိတ်တွင်တွေ့ရစဉ်
အဲအေးရှား လေကြောင်းလိုင်း အဲဘတစ် အေ၃၂၀


လေကြောင်းလိုင်းများပျံသန်းရာနေရာ
AirAsia Kuala Lumpur–International[]
Bamboo Airways Ho Chi Minh City[]
Bangkok Airways Koh Samui
Batik Air Denpasar,[] Jakarta–Soekarno-Hatta
Batik Air Malaysia Johor Bahru,[] Kuala Lumpur–International
Cebu Pacific Cebu,[] Davao,[] Iloilo,[] Manila[]
China Express Airlines Chongqing
Indonesia AirAsia Denpasar, Jakarta–Soekarno-Hatta, Medan
Juneyao Air Lanzhou,[၁၀] Nanjing,[၁၁] Shanghai–Pudong[၁၂]
Myanmar Airways International Mandalay, Yangon[၁၃]
Myanmar National Airlines Yangon[၁၄]
Nok Air Buriram, Chiang Mai, Chiang Rai, Chumphon,[၁၅] Hat Yai, Hyderabad (ends 11 May 2025),[၁၆][၁၇] Krabi,[၁၈] Mae Hong Son, Mae Sot, Nakhon Si Thammarat, Nan, Nanjing,[၁၉] Nanning, Phitsanulok, Phuket, Sakon Nakhon, Surat Thani, Trang, Ubon Ratchathani, Udon Thani, Zhengzhou
Okay Airways Changsha,[၂၀] Tianjin[၂၁]
Philippines AirAsia Manila
Qingdao Airlines Dalian,[၂၂] Yichang
Spring Airlines[၂၃] Guangzhou, Lanzhou, Shanghai–Pudong, Xiamen,[၂၄] Xi'an,[၂၅] Yangzhou[၂၅]
Thai AirAsia Ahmedabad,[၂၆] Beijing–Daxing,[၂၇] Bengaluru, Buriram,Changsha, Chennai,[၂၈] Chiang Mai, Chiang Rai, Chongqing, Chumphon, Colombo–Bandaranaike,[၂၉] Da Nang,[၂၈] Denpasar,[၂၈] Dhaka,[၃၀] Fukuoka,[၃၁] Guangzhou, Guwahati,[၃၂]တမ်းပလိတ်:Better Hai Phong (begins 16 July 2025),[၃၃] Hangzhou, Hanoi,[၂၈] Hat Yai, Ho Chi Minh City,[၂၈] Hong Kong, Hyderabad,[၃၄] Jaipur, Johor Bahru, Kaohsiung,[၃၅] Kathmandu,[၃၆] Khon Kaen, Kochi, Kolkata, Krabi, Kuala Lumpur–International, Kunming, Lampang,[၃၇] Loei, Luang Prabang, Lucknow,[၃၈] Macau, Malé, Naha (begins 1 June 2025),[၃၉] Nakhon Phanom, Nakhon Si Thammarat, Nan, Nanjing, Narathiwat, Nha Trang, Penang,[၂၈] Phitsanulok, Phnom Penh, Phuket, Phu Quoc,[၄၀] Quanzhou, Ranong, Roi Et, Sakon Nakhon, Shanghai–Pudong,[၄၁] Shenzhen, Siddharthanagar,[၄၂][၄၃] Siem Reap,[၄၄]တမ်းပလိတ်:Better Singapore, Surat Thani, Taipei–Taoyuan,[၄၅]တမ်းပလိတ်:Better Tiruchirappalli (ends 31 May 2025),[၄၆][၄၇] Tokyo–Narita,[၄၈] Trang, Ubon Ratchathani, Udon Thani, Vientiane, Visakhapatnam,[၄၉] Wuhan, Xi'an, Yangon
Seasonal: Gaya[ကိုးကားချက်လိုသည်]
Thai AirAsia X Delhi,[၅၀][၅၁] Harbin,[၅၂] Nagoya–Centrair, Osaka–Kansai, Sapporo–Chitose, Seoul–Incheon, Shanghai–Pudong, Tokyo–Narita
Thai Lion Air Ahmedabad,[၅၃]တမ်းပလိတ်:Better Amritsar,[၅၄] Beijing–Daxing,[၅၅] Bengaluru,[၅၆] Changsha,[၅၇] Changzhou,[၅၈] Chengdu–Tianfu,[၅၉] Chennai,[၆၀] Chiang Mai, Chiang Rai, Denpasar,[၆၁] Hangzhou,[၅၇] Hat Yai, Hefei,[၅၇] Ho Chi Minh City (begins 16 May 2025),[၆၂] Hong Kong,[၆၃] Huangshan,[၆၄] Jakarta–Soekarno-Hatta, Jinan,[၅၇] Kaohsiung,[၆၅] Kathmandu,[၆၆] Khon Kaen, Kochi,[၆၇]တမ်းပလိတ်:Better Kolkata,[၆၈] Krabi, Macau,[၆၉] Mumbai, Nagoya–Centrair,[၇၀] Naha,[၆၅] Nakhon Phanom (begins 19 June 2025),[၇၁] Nakhon Si Thammarat, Nanchang,[၇၂] Nanjing, Penang,[၇၃] Phitsanulok, Phuket,[၇၂] Sanya, Shanghai–Pudong,[၅၇] Shenzhen,[၅၇] Singapore,[၇၄] Surabaya (begins 30 May 2025),[၇၅] Surat Thani, Taipei–Taoyuan,[၅၇] Tokyo–Narita,[၇၆] Trang, Ubon Ratchathani, Udon Thani,[၅၇] Xi'an,[၅၇] Zhangjiajie[၇၇]

ခရီးသည်အရေအတွက်

ထိုင်းလေကြောင်းလိုင်း၏ လေယာဉ်များကို သုဝဏ္ဏဘူမိသို့ မပြောင်းခင် တွေ့ရစဉ်
လေဆိပ်အဆောက်အဦး (၁) ခန်းမ 

၂၀၁၅ ခုနှစ်တွင် ဒွန်မောင်းလေဆိပ်၏ ခရီးသည်အရေအတွက်မှာ ၄၀.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၃၀.၃ သန်းအထိ ရောက်ခဲ့သည်။ ပြည်ပခရီးသည် ၉.၁၇ သန်း နှင့် ပြည်တွင်းခရီးသည် ၂၁.၁ သန်း ရှိခဲ့သည်။ လေယာဉ်စုစုပေါင်း ၂၉.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပြည်ပလေယာဉ် ၆၅၂၇၀ စီး နှင့် ပြည်တွင်းလေယာဉ် ၁၅၈၈၀၄ စီး စုစုပေါင်း ၂၂၄၀၇၄ စီး ရှိခဲ့သည်။

နှစ် ခရီးသည်

အရေအတွက်

ပြောင်းလဲမှု လေယာဉ်

အရေအတွက်

ကုန်ချိန်

(တန်)

၂၀၀၈ ၅ ၀၄၃ ၂၃၅
၂၀၀၉ ၂ ၄၆၆ ၉၉၇ Decrease0၅၁.၁%
၂၀၁၀ ၂ ၉၉၉ ၈၆၇ Increase0၂၁.၆%
၂၀၁၁ ၃ ၄၂၄ ၉၁၅ Increase0၁၄.၂% ၅၁ ၃၀၁
၂၀၁၂ ၅ ၉၈၃ ၁၄၁ Increase0၇၄.၇% ၆၅ ၁၂၀ ၇ ၃၂၉
၂၀၁၃ ၁၆ ၄၇၉ ၂၂၇ Increase0၄၇၂% ၁၅၄ ၈၂၇ ၂၅ ၆၅၇
၂၀၁၄ ၂၁ ၅၄၆ ၅၆၈ Increase0၃၀.၇% ၁၇၂ ၆၈၁ ၂၉ ၀၈၆
၂၀၁၅ ၃၀ ၃၀၄ ၁၈၃ Increase0၂၉.၇% ၂၂၄ ၀၇၄ ၄၅ ၄၈၈
Source: Airports of Thailand PLC
နှစ် ပြည်တွင်း ပြည်ပ စုစုပေါင်း ပြောင်းလဲမှု%
၂၀၀၈ ၅ ၀၄၃ ၂၃၅ ၅ ၀၄၃ ၂၃၅ Increase ၀.၄၆%
၂၀၀၉ ၂ ၄၆၆ ၉၉၇ ၂ ၄၆၆ ၉၉၇ Decrease ၅၁.၁%
၂၀၁၀ ၂ ၉၉၉ ၈၆၇ ၂ ၉၉၉ ၈၆၇ Increase ၂၁.၆%
၂၀၁၁ ၃ ၄၂၄ ၉၁၅ ၃ ၄၂၄ ၉၁၅ Increase ၁၄.၂%
၂၀၁၂ ၅ ၉၈၃ ၁၄၁ Increase ၇၄.၇%
၂၀၁၃ ၁၁ ၁၉၀ ၇၈၃ ၅ ၂၈၈ ၄၄၄ ၁၆ ၄၇၉ ၂၂၇ Increase ၄၇၂%
၂၀၁၄ ၁၅ ၅၅၆ ၆၂၇ ၅ ၉၈၉ ၉၄၁ ၂၁ ၅၄၆ ၅၆၈ Increase ၃၀.၇%
၂၀၁၅ ၂၁ ၁၃၃ ၅၀၂ ၉ ၁၇၀ ၆၈၁ ၃၀ ၃၀၄ ၁၈၃ Increase ၂၉.၇%

ကိုးကား

  1. Air Transport Statistic။ 17 January 2025 တွင် ပြန်စစ်ပြီး။
  2. AirAsia Resumes Flights from Malaysia to Thailand (15 March 2022)။ 15 March 2022 တွင် ပြန်စစ်ပြီး။
  3. Bamboo Airways Resumes Bangkok Service in Nov 2024။ 18 October 2024 တွင် ပြန်စစ်ပြီး။
  4. Batik Air Adds Denpasar – Bangkok Flights in 1Q23။ 20 December 2022 တွင် ပြန်စစ်ပြီး။
  5. Batik Air Malaysia Adds Johor Bahru – Bangkok From Dec 2024 (20 September 2024)။
  6. Cebu Pacific launches new flights from Cebu to Masbate, Bangkok (5 June 2024)။ 5 June 2024 တွင် ပြန်စစ်ပြီး။
  7. Cebu Pacific links Davao with four new destinations (6 August 2024)။ 6 August 2024 တွင် ပြန်စစ်ပြီး။
  8. Liu၊ Jim (14 February 2025)။ Cebu Pacific NS25 International Service Changes – 13FEB25
  9. Cebu Pacific to launch Manila-Don Mueang flights (9 May 2024)။ 9 May 2024 တွင် ပြန်စစ်ပြီး။
  10. Juneyao Airlines Nov 2024 Southeast Asia Network Expansion။ 19 September 2024 တွင် ပြန်စစ်ပြီး။
  11. Mainland Chinese Carriers NS23 International / Regional Network – 23APR23။ 24 April 2023 တွင် ပြန်စစ်ပြီး။
  12. Juneyao Airlines Adds Bangkok Don Mueang Service From late-Jan 2023။ 16 January 2023 တွင် ပြန်စစ်ပြီး။
  13. MYANMAR AIRWAYS INTERNATIONAL ADDS BANGKOK DON MUEANG FROM MID-JUNE 2023။ 2 June 2023 တွင် ပြန်စစ်ပြီး။
  14. Myanmar National Airlines to launch Yangon-Bangkok Don Mueang service from Feb-2025။ 2 June 2023 တွင် ပြန်စစ်ပြီး။
  15. Nok Air Resumes Bangkok – Chumphon Route From Nov 2024။ 9 October 2024 တွင် ပြန်စစ်ပြီး။
  16. "Nok Air's maiden flight from India takes off from Hyderabad Airport" (in en)၊ The Siasat Daily၊ 22 February 2023။ 
  17. Nok Air Suspends India Service in NS25။ 30 April 2025 တွင် ပြန်စစ်ပြီး။
  18. Nok Air Resumes Bangkok – Krabi Service From August 2024။ 25 June 2024 တွင် ပြန်စစ်ပြီး။
  19. NOK AIR RESUMES BANGKOK – NANJING SERVICE FROM JULY 2024။ 24 July 2024 တွင် ပြန်စစ်ပြီး။
  20. Okay Airways adds Changsha – Thailand service from late-June 2024။ 6 June 2024 တွင် ပြန်စစ်ပြီး။
  21. Okay Airways expands international service from late-June 2023။ 22 May 2023 တွင် ပြန်စစ်ပြီး။
  22. 青岛航空冬春航季将通达50余个国内外航点။ 17 March 2024 တွင် ပြန်စစ်ပြီး။
  23. "Spring Airlines Adds Bangkok Don Mueang Flights in 1Q23"။ 
  24. Mainland Chinese Carriers NS23 International / Regional Network – 14MAY23။ 16 May 2023 တွင် ပြန်စစ်ပြီး။
  25. ၂၅.၀ ၂၅.၁ Spring Airlines Expands Bangkok Network in 4Q24။ 20 September 2024 တွင် ပြန်စစ်ပြီး။
  26. Thai AirAsia to resume flights to Ahmedabad from October 10JetArena။ 8 August 2023 တွင် ပြန်စစ်ပြီး။
  27. Thai AirAsia Adds Bangkok – Beijing Service in 3Q24။ 25 March 2024 တွင် ပြန်စစ်ပြီး။
  28. ၂၈.၀ ၂၈.၁ ၂၈.၂ ၂၈.၃ ၂၈.၄ ၂၈.၅ AirAsia Thailand to resume flights to seven countries in April။ Malaymail (14 March 2022)။ 16 March 2022 တွင် ပြန်စစ်ပြီး။
  29. AirAsia to launch Colombo-Bangkok direct flights။ 24 June 2020 တွင် ပြန်စစ်ပြီး။
  30. Thai Airasia Adds Bangladesh service from late November 2022။ 12 October 2022 တွင် ပြန်စစ်ပြီး။
  31. Thai AirAsia resumes Fukuoka service from Oct 2022။ 22 August 2022 တွင် ပြန်စစ်ပြီး။
  32. Thai AirAsia to launch flights to Guwahati from December 1AviationAll။ 13 September 2023 တွင် ပြန်စစ်ပြီး။
  33. Thai AirAsia Adds Bangkok – Hai Phong in 3Q25။ 3 March 2025 တွင် ပြန်စစ်ပြီး။
  34. THAI AIRASIA NW24 INTERNATIONAL NETWORK EXPANSION – 23JUL24။ 23 July 2024 တွင် ပြန်စစ်ပြီး။
  35. Thai AirAsia Adds Bangkok – Kaohsiung Service in 1Q24။ 6 November 2023 တွင် ပြန်စစ်ပြီး။
  36. THAI AIRASIA PLANS NEPAL 4Q24 LAUNCH။ 12 August 2024 တွင် ပြန်စစ်ပြီး။
  37. Thai AirAsia Adds Lampang Service in October 2024။ 17 July 2024 တွင် ပြန်စစ်ပြီး။
  38. "Thai Air Asia to Lucknow"။ 
  39. Thai AirAsia Plans Hong Kong – Okinawa Service From late-2Q25။ Aeroroutes (2025-04-10)။
  40. "THAI AIRASIA ADDS BANGKOK – PHU QUOC SERVICE IN NW24"၊ Aeroroutes၊ 18 July 2024။ 
  41. Thai AirAsia expands Bangkok – Shanghai service from Feb 2024။ 25 December 2023 တွင် ပြန်စစ်ပြီး။
  42. Thai AirAsia Adds Siddharthanagar Service in 4Q24။ Aeroroutes။ 15 November 2024 တွင် ပြန်စစ်ပြီး။
  43. Thai AirAsia to launch Bangkok Don Mueang-Siddharthanagar service from 08-Nov-2024။ CAPA။ 9 November 2024 တွင် ပြန်စစ်ပြီး။
  44. AirAsia relocates to Siem Reap–Angkor International Airport။ TIG Asia (20 September 2023)။ 20 September 2023 တွင် ပြန်စစ်ပြီး။
  45. AirAsia Launches "Don Mueang-Taipei" Flights for Booking Today! Fly from the Morning from only 2,990 THB per way! (19 December 2023)။ 30 November 2022 တွင် ပြန်စစ်ပြီး။
  46. THAI AIRASIA ADDS BANGKOK – TIRUCHIRAPPALLI SERVICE FROM SEP 2024။ 6 June 2024 တွင် ပြန်စစ်ပြီး။
  47. Thai AirAsia Schedules Last Tiruchchirappalli Service in mid-2Q25။ 11 April 2025 တွင် ပြန်စစ်ပြီး။
  48. Thai AirAsia Schedules Kaohsiung – Tokyo Service From mid-June 2024။ 15 March 2024 တွင် ပြန်စစ်ပြီး။
  49. "Thai Air Asia Plans new international flight connecting Bangkok and Visakhapatnam"၊ 12 December 2023။ 
  50. Thai AirAsia X opens new direct route between Thailand and India (15 November 2024)။ November 15, 2024 တွင် ပြန်စစ်ပြီး။
  51. Thai AirAsia X Adds Bangkok - Delhi Service from mid-Dec 2024။ 18 November 2024 တွင် ပြန်စစ်ပြီး။
  52. Thai AirAsia X Adds Bangkok – Harbin From late-Dec 2024။ 2 December 2024 တွင် ပြန်စစ်ပြီး။
  53. Thai Lion Air to launch Ahmedabad-Bangkok direct flight from August
  54. Thai Lion Air 4Q24 India Network Expansion
  55. THAI LION AIR PLANS BANGKOK – BEIJING SERVICE FROM MAY 2024။ 19 April 2024 တွင် ပြန်စစ်ပြီး။
  56. THAI LION AIR ADDS BANGALORE SERVICE FROM APRIL 2023 (21 March 2023)။
  57. ၅၇.၀ ၅၇.၁ ၅၇.၂ ၅၇.၃ ၅၇.၄ ၅၇.၅ ၅၇.၆ ၅၇.၇ ၅၇.၈ Thai Lion Air NS23 Mainland China Network Restorations။ 23 March 2023 တွင် ပြန်စစ်ပြီး။
  58. 通航城市41个!3月26日起,常州机场执行夏航季航班计划။ 5 June 2023 တွင် ပြန်စစ်ပြီး။
  59. Chengdu Tianfu NS23 International Network – 21MAR23။ 21 March 2023 တွင် ပြန်စစ်ပြီး။
  60. Thai Lion Air to Launch Direct Flights Between Chennai and Bangkok from December 15
  61. Thai Lion Air Adds Denpasar Service in NS25
  62. Thai Lion Air May 2025 International Network Additions။ 28 April 2025 တွင် ပြန်စစ်ပြီး။
  63. Thai Lion Air Adds Bangkok – Hong Kong From Oct 2024။ 29 August 2024 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  64. 安徽机场2024/25冬春季航班时刻表။ 28 January 2025 တွင် ပြန်စစ်ပြီး။
  65. ၆၅.၀ ၆၅.၁ Thai Lion Air Plans Kaohsiung / Okinawa 1Q25 Launch။ 20 September 2024 တွင် ပြန်စစ်ပြီး။
  66. Thai Lion Air Resumes Nepal Service From Nov 2022။ 27 October 2022 တွင် ပြန်စစ်ပြီး။
  67. Hello : Bangkok (Don Mueang) to Kochi။ 5 March 2024 တွင် ပြန်စစ်ပြီး။
  68. Thai airlines expand routes to capitalise on booming Indian tourism
  69. Thai Lion Air Adds Macau Service From mid-Oct 2023။ 15 September 2023 တွင် ပြန်စစ်ပြီး။
  70. Thai Lion Air Plans Taipei – Nagoya Service in NS25။ 27 February 2025 တွင် ပြန်စစ်ပြီး။
  71. Thai Lion Air June 2025 Domestic Routes Addition။ 21 April 2025 တွင် ပြန်စစ်ပြီး။
  72. ၇၂.၀ ၇၂.၁ Thai Lion Air NS24 Mainland China Network Additions။ 22 September 2023 တွင် ပြန်စစ်ပြီး။
  73. Thai Lion Air Adds Penang Service From April 2024။ 26 February 2024 တွင် ပြန်စစ်ပြီး။
  74. Thai Lion Air 4Q22 International Service Additions။ 7 October 2022 တွင် ပြန်စစ်ပြီး။
  75. Thai Lion Air Buka Penerbangan Langsung Bangkok-Surabaya PP။ 28 April 2025 တွင် ပြန်စစ်ပြီး။
  76. Thai Lion Air Adds Taipei – Tokyo Service From mid-Sep 2023။ 20 July 2023 တွင် ပြန်စစ်ပြီး။
  77. ‌今日起!张家界机场夏秋航班时刻正式生效။ 7 May 2025 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya