ဓာတ်ပြုလျှပ်စစ် ပလိပ်ပြားတွဲ![]() ![]() ဓာတ်ပြုလျှပ်စစ် ပလိပ်ပြားတွဲ (voltaic pile) သည် လျှပ်စစ်ပတ်လမ်းတစ်ခုကို လျှပ်စစ် အဆက်မပြတ် ပေးနိုင်သော ပထမဆုံး ဘက်ထရီဖြစ်၍ အီတလီ ရူပဗေဒပညာရှင် အလေဆန်ဒရို ဗော်လ်တာက တီထွင်ခဲ့သည်။ ဗော်လ်တာသည် ၎င်း၏ စမ်းသပ်ချက်များကို ၁၇၉၉ တွင် ရေးသားဖြန့်ချိခဲ့သည်။ ဓာတ်ပြုလျှပ်စစ် ပလိပ်ပြားတွဲသည် သူ့နောက်ပိုင်း၌ ဆက်တိုက်ဆိုသလို အခြားရှာဖွေတွေ့ရှိမှာများကိုလည်း ဖြစ်စေခဲ့ရာ လျှပ်စစ်ဖြင့် ရေကို ဓာတ်ခွဲပြိုကွဲစေပြီး အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင် ခွဲထုတ်မှုကို ဝီလျံ နီကိုးလ်ဆန် နှင့် အန်ထနီ ကားလိုင်း (Anthony Carlisle) တို့ကရှာဖွေတွေ့ရှိခြင်း၊ ဆိုဒီယမ် (၁၈၀၇) ၊ ပိုတက်စီယမ် (၁၈၀၇) ၊ ကယ်လ်စီယမ် (၁၈၀၈) ၊ဘော်ရွန် (၁၈၀၈) ၊ ဘေရီယမ် (၁၈၀၈) ၊ စထရွန်တီယမ် (၁၈၀၈) ၊ မဂ္ဂနီစီယမ် (၁၈၀၈) တို့ကို ခွဲထုတ်မှု (သို့ ) ရှာဖွေတွေ့ရှိမှုများကို ဟမ်ဖရီ ဒေဗီ က လုပ်ဆောင်နိုင်ခြင်းတို့ဖြစ်သည်။[၁][၂] ၁၉ ရာစုရှိ လျှပ်စစ်လုပ်ငန်းအလုံးစုံကို ဗော်လ်တာ၏ ဒန်နီယဲလ် ဆဲလ် (Daniell cell) ၊ ဂရို့ဗ် ဆဲလ် (Grove cell) စသည့် ဘက်ထရီများက စွမ်းအားထောက်ပံ့ပေးနိုင်သည်မှာ ၁၈၇၉ နှစ်များ၌ ဒိုင်နမိုများ မပေါ်ခင်အထိဖြစ်၏ ။ ဗော်လ်တာ၏ တီထွင်မှုများသည် လူဝီးဂျီ ဂါလ်ဗားနီ၏ ၁၇၈၀ က ရှာဖွေတွေ့ရှိမှုဖြစ်သည့် သတ္တုချောင်းနှစ်ခုနှင့် ဖား(သေ)၏ ခြေထောက်တစ်ချောင်းတို့၏ လျှပ်စစ်ပတ်လမ်းဖြစ်နေပုံက ထိုခြေထောက်ကို လှုပ်ရှားတုံ့ပြန်စေနိုင်ခဲ့သည်ကို အခြေခံထားသည်။ သတ္တုချောင်းနှစ်ခုနှင့် ဆားရေစိမ်ထားသည့် အဝတ်စ (သို့) ဂျပ်စက္ကူကို ပတ်လမ်းပုံစံ တပ်ဆင်မှုပြုသောအခါ လျှပ်စီးကြောင်း ထုတ်လုပ်သည်ကို ဗော်လ်တာက ၁၇၉၄ ၌ သရုပ်ပြသခဲ့သည်။ ၁၈၀၀ ၌ ကြေးနီပြား (သို့ ငွေပြား) နှင့် ဇင့်ပြားများကို တစ်လှည့်စီ အတွဲလိုက်ကပ်၍ စီကာ ထိုကြားတွင် ဆားရည် (လျှပ်လိုက်ရည်) စိမ်ထားသည့် အဝတ်စ (သို့) ကတ်ထူပြားဖြင့် ပိုင်းခြားထည့်သွင်းသည် (ပထမပုံတွင် ကြည်နိုင်သည်။) ။ စုစုပေါင်း လျှပ်စစ်တွန်းအားကို တိုးမြှင့်ရန်ဖြစ်၏ ။[၃] ထိပ်ပိုင်းနှင့် အောက်ပိုင်းကို ဝါယာဖြင့် ထိတွေ့ဆက်သွယ်ပေးသောအခါ လျှပ်စီးကြောင်းတစ်ခုသည် ထိုပလိပ်ပြားနှင့် ဝါယာတစ်လျှောက် စီးဆင်းလာသည်ကို တွေ့ခဲ့ရသည်။ ကိုးကား
|
Portal di Ensiklopedia Dunia