ဓုတင်![]() ဓုတင် (ဓုတင်္ဂ) ဆိုသည်မှာ ကိလေသာကို ခါထွက်ကြောင်း ခေါင်းပါးစေသည့် အကျင့်တရားများ ဖြစ်သည်။ အကျဉ်းအားဖြင့် ဓုတင် ၁၃-ပါး ရှိသည်။
မည်သူထံ ဆောက်တည်ရမလဲယင်း ဓုတင်တို့ကို ဆောက်တည်လိုသောရဟန်းသည် သက်တော်ထင်ရှား ဘုရားရှင့်အထံတော်၌ ဆောက်တည်ရ၏၊ ဘုရားရှင် ပရိနိဗ္ဗာန်စံခဲ့လျှင် မဟာသာဝကထံ, မဟာသာဝက မရှိခဲ့လျှင် ရဟန္တာထံ, ရဟန္တာ မရှိခဲ့လျှင် အနာဂါမ်ထံ, အနာဂါမ်မရှိခဲ့လျှင် သကဒါဂါမ်ထံ, သကဒါ ဂါမ်မရှိခဲ့လျှင် သောတာပန်ထံ, သောတာပန် မရှိခဲ့လျှင် ပိဋက ၃-ပုံဆောင် ရဟန်းထံ, ပိဋက ၃-ပုံဆောင် ရဟန်းမရှိခဲ့လျှင် ပိဋက ၂-ပုံ ဆောင်ရဟန်းထံ, ပိဋက ၂-ပုံဆောင် ရဟန်း မရှိခဲ့လျှင် ပိဋက ၁-ပုံဆောင် ရဟန်းထံ, ပိဋက ၁-ပုံဆောင် ရဟန်းမရှိခဲ့လျှင် နိကာယ် ၁-ပါး ပါးဆောင်နိုင်သောရဟန်းထံ, နိကာယ်ဆောင် ရဟန်းမရှိခဲ့လျှင် အဋ္ဌကထာများ၌ လိမ္မာတတ်မြောက်သော ရဟန်းထံ, အဋ္ဌကထာ၌ လိမ္မာတတ်မြောက်သောရဟန်း မရှိခဲ့လျှင် ဓုတင်ဆောင် ရဟန်းထံ ဓုတင်ဆောင် ရဟန်း မရှိခဲ့လျှင် စေတီရင်ပြင်ကို တံမြက် လှည်းပြီး ဆောင့်ကြောင့် ထိုင်လျက် သက်တော်ထင်ရှားဘုရားရှင့်ထံ၌ ရွတ်ဆိုသကဲ့သို့ ရွတ်ဆိုဆောက်တည်ရသည်[၃]။[၄] ဓုတင်ဆောက်တည်ထိုက်သူ ၁၀-ဦး
ခေါင်းတည် ပဓာနဓုတင် ၃-ပါးသပဒါနစာရိကဓုတင်ကို ဆောင်နိုင်လျှင် ပိဏ္ဍပါတ်ဓုတင်ကိုလည်း ဆောင်နိုင်တော့သည်။ ဧကာသနိက်ဓုတင်ကို ဆောင်နိုင်လျှင် ပတ္တပိုဏ်ဓုတင်, ခလုပစ္ဆာဘတ်ဓုတင်တို့ကိုလည်း ဆောက်နိုင်တော့သည်။ အဗ္ဘောကာသိကဓုတင်ကိုဆောင်နိုင်လျှင် ရုက္ခမူဓုတင်, ယထာသန္ထတိကဓုတင်တို့ကို အထူးဆောင်ဖွယ် မရှိပြီ။ သို့ဖြစ်၍ ယင်း ဓုတင် ၃-ပါးကို ခေါင်းတည် ပဓာနဓုတင်ဟု ဆိုသည်။ အာရညကင်ဓုတင်, ပံသုကူဓုတင်, တိစီဝရိက်ဓုတင်, နိသိဇ်ဓုတင်, သုသာန်ဓုတင်၊ ယင်း ဓုတင် ၅-ပါး တို့ကား တခြားဓုတင်တို့နှင့် ရောနှော စပ်သွယ်ခြင်း မရှိသော ဓုတင်တို့ ဖြစ်ကုန်၏ (ဝိသုဒ္ဓိ၊၁၊၇၉)။ သင်္ကန်းနှင့် စပ်သော ဓုတင် ၂-ပါး— ပံ့သုကူဓုတင်, တိစီဝရိက်ဓုတင်တို့သည်သင်္ကန်း နှင့်စပ်သော ဓုတင်တို့ ဖြစ်ကုန်၏။ ဆွမ်းနှင့်စပ်သော ဓုတင်၅-ပါး—ပိဏ္ဍပါတ်, သပဒါနစာရိက်, ဧကာသနိက်, ပတ္တပိုဏ်, ခလုပစ္ဆာဘတ် ဓုတင်တို့သည် ဆွမ်းနှင့် စပ်သော ဓုတင်တို့ ဖြစ်ကုန်၏။ ကျောင်းနှင့်စပ်သော ဓုတင် ၅-ပါး —အာရညကင် ဓုတင် ရုက္ခမူဓုတင်, အဗ္ဘောကာသိကဓုတင်, သုသာန်ဓုတင်, ယထာသန္ထတိက ဓုတင်၊ ယင်းဓုတင်တို့သည် ကျောင်းနှင့် စပ်သော ဓုတင်တို့ ဖြစ်ကုန်၏။ [၆]၌ နေသဇ္ဇိကဇုတင်ထည့်၍ ၆-ပါး လာသည်။ [၇]၌ကား နေသဇ္ဇိကဓုတင်ကို ဝီရိယနှင့်စပ်သော ဓုတင်ဟု ဆို၏[၈]။ [၄] လူရှင်များလည်း ဆောက်တည်နိုင်ရဟန်းတို့သည် ဓုတင် ၁၃-ပါးလုံး ဆောက်တည်နိုင်ကြကုန်၏။ ဘိက္ခုနီမတို့သည် အာရညိကဓုတင်, ခလုပစ္ဆာဘတ္တိကဓုတင်တို့ကို သိက္ခာပုဒ်ဖြင့် ပယ်အပ်ပြီး ဖြစ်သောကြောင့်၎င်း, အဗ္ဘောကာသိကဓုတင်, ရုက္ခမူဓုတင်, သုသာန်ဓုတင်၊ ယင်း ဓုတင်တို့ကို ဆောက်တည်ရန် ခက်ခဲသောကြောင့် ၎င်းဓုတင် ၅-ပါးမှကြွင်းသော ဓုတင် ၈-ပါးတို့ကိုသာ ဆောက်တည်နိုင်ကြကုန်၏။ သာမဏေတို့သည် တိစီဝရိက်ဓုတင်မှ တပါး ကြွင်း ၁၂-ပါးတို့ကို ဆောက်တည်နိုင်ကြကုန်၏။ သိက္ခမာန်, သာမဏေရီ-တို့သည် ဘိက္ခုနီတို့ ဆောက်တည်နိုင်သော ဓုတင် ၈-ပါးတွင် တီစီဝရိက်ဓုတင်ကို ချန် ကြွင်းဓုတင် ၇-ပါးတို့ကို ဆောက်တည်နိုင်ကြကုန်၏။ ဥပါသကာ ဥပါသိကာတို့သည် ဧကာသနိက်ဓုတင်, ပတ္တပိုဏ်ဓုတင်တို့ကို ဆောက်တည်နိုင်ကြကုန်၏။ သို့ဖြစ်၍ ရဟန်းတို့ ဆောက်တည်နိုင်သော ဓုတင် ၁၃-ပါး, ဘိက္ခုနီတို့ ဆောက်တည်နိုင်သော ဓုတင် ၈-ပါး သာမဏေတို့ ဆောက်တည်နိုင်သော ဓုတင် ၁၂-ပါး သိက္ခမာန်, သာမဏေရီတို့ ဆောက်တည်နိုင်သော ဓုတင် ၇-ပါး, ဥပါသကာ, ဥပါသိကာတို့ ဆောက်တည်နိုင်သော ဓုတင် ၂-ပါး ဟူ၍ ပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် အသီးသီး ရေတွက်ခဲ့လျှင် ဓုတင် ၄၂-ပါး ဖြစ်၏[၉]။ [၄] ဓုတင်နှင့်စပ်၍ ပုဂ္ဂိုလ် ၄-မျိုး(၁) အရှင်ဗာကုလကဲ့သို့ ကိုယ်တိုင်သာ ဓုတင် ဆောင်၍ တပါးသူတို့အား ဓုတင်ဆောင်ရန် မဟောပြော မဆုံးမသော ပုဂ္ဂိုလ်သည် ဓုတသာ မည်၍ ဓုတဝါဒ မမည်။ (၂) အရှင်ဥပနန္ဒကဲ့သို့ ကိုယ်တိုင်မူကား ဓုတင်မဆောင်, တပါးသူတို့အားသာ ဓုတင်ဆောင်ရန် ဟောပြော ဆုံးမသော ပုဂ္ဂိုလ်သည်ဓုတဝါဒသာ မည်၍ ဓုတ မမည်။ (၃) အရှင်လာဠုဒါယီကဲ့သို့ ကိုယ်တိုင်လည်း ဓုတင်မဆောင် တပါးသူတို့အား လည်း ဓုတင်ဆောင်ရန် မဟောပြော မဆုံး မသော ပုဂ္ဂိုလ်သည် ဓုတလည်း မမည် ဓုတဝါဒလည်း မမည်ပေ။ (၄) အရှင်သာရိပုတ္တရာ (ဝိသုဒ္ဓိ), အရှင်မဟာကဿပ(အံ၊ဋ္ဌ), အရှင်ပိဏ္ဍောလဘာရဒွါဇ(ဥဒါန၊ဋ္ဌ)ထေရ်တို့ကဲ့သို့ ကိုယ်တိုင်လည်း ဓုတင်ဆောင်, တပါးသူတို့အားလည်း ဓုတင်ဆောင်ရန် ဟောပြော ဆုံးမသော ပုဂ္ဂိုလ်သည် ဓုတလည်း မည်, ဓုတဝါဒလည်း မည်၏ [၁၀]။ [၄] ရာဂ ဒေါသ မောဟ ငြိမ်းနိုင်ရာဂစရိုက် မောဟစရိုက် ရှိသူသည် ဓုတင်တို့ကို မှီဝဲသုံးဆောင်သင့်၏။ ဓုတင်တို့ကို မှီဝဲ သုံးဆောင် ခြင်းဟူသည် ဆင်းရဲခြိုးခြံစွာကျင့်မှု ကိလေသာ ခေါင်းပါးစေသော နေမှုပင် ဖြစ်၏။ ဆင်းရဲခြိုးခြံစွာ ကျင့်မှုကိုမှီ၍ ရာဂငြိမ်းနိုင်သည်။ ကိလေသာ ခေါင်းပါးစေရန် မမေ့မလျော့ မပေါ့မဆ နေသူမှာ မောဟငြိမ်းနိုင်သည်။ ဒေါသစရိုက်ရှိသူသည်လည်း အာရညိကဓုတင်, ရုက္ခမူလိကဓုတင်တို့ကို မှီဝဲ ဆောက်တည်သင့်သည်၊ တောကျောင်း, သစ်ပင်ရင်းတို့၌ တဦးတယောက်နှင့်မျှ မထိခိုက် ရအောင် နေသူမှာ ဒေါသလည်း ငြိမ်းတော့၏ [၁၁]။ ဓုတင်ဆောင် ပုဂ္ဂိုလ်တို့ ရနိုင်သောဂုဏ် ၁၈-ပါးနှင့် ဓုတင် ဥပမာများ [၁၂]-ကြည့်။[၄] ရရှိနိုင်သည့် အကျိုးများဤဓုတင်များကို ဆောင်ခြင်းဖြင့်-
ကိုးကား
|
Portal di Ensiklopedia Dunia