နတ်သျှင်နောင် (သီချင်း)နတ်သျှင်နောင် သီချင်းသည် တေးရေး အလင်္ကာကျော်စွာ မြို့မငြိမ်း ၏ ထင်ရှားသောသီချင်းတစ်ပုဒ်ဖြစ်သည်။ နတ်သျှင်နောင်၏ဘဝ စစ်ထွက်ယောက်ျားတစ်ဦး၏ ခံစားချက်ကို ဖွဲ့ဆိုထားသောသီချင်းဖြစ်သည်။ နတ်သျှင်နောင်၏ စစ်ချီမယ်ဘွဲ့ရတု ပထမအပိုဒ် "ပေါ်နွေလှလျှင်" ကိုသီချင်းတွင်ထည့်သွင်းရေးဖွဲ့ထားသည်။ ရှေ့တမ်းရောက်စစ်သားများ၏ အိမ်သူသက်ထားကို လွမ်းသည့်အခါ ညဉ်းတွားလေ့ရှိသော သီချင်းတစ်ပုဒ်ဖြစ်သည်။ မူရင်းအဆိုတော်မှာ ပြည်လှဖေ ဖြစ်ပြီး ကိုမင်းနောင်၊ ဝင်းဦး ၊ မျိုးမြင့်လေး၊ လွှမ်းမိုး၊ မန္တလေးသိန်းဇော် စသည့်နာမယ်ကျော်အဆိုတော်များပြန်လည်သီဆိုထားသော သီချင်းတစ်ပုဒ်ဖြစ်သည်။ သီချင်းစာသားနတ်သျှင်နောင် (တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေလေကစား ကြွားတလူလူဝေ တပ်ဦးဆီမျှော်လိုက်ပြန်တော့ တံခွန်တွေအလံတွေ ရဲမာန်ပွှားလောက်ပေ)၂
မဆုတ်မတွန့် မရွံ့တဲ့သူတွေ သတ္တိပြောင်ထောင်ထောင်မောင်းမောင်း သူရဲကောင်းတို့လက္ခဏာညီပေ မြင်းသည်တော်တွေ ခြေသည်တော်တွေ မြင်းခလုတ် ဆင်ခလုတ် ကတုတ်တာတွေ အစောင့်အနေစီမံဗိုလ်ခြေ.... စစ်ဆင်တွေတသီတတန်း စစ်စခန်းချရာမြေ။
မိုးသက်တွေလေဝှေ့လို့ တရွေ့ရွေ့ယူသလေ)၂ တိမ်ဦးလေပြည် လွမ်းငွေ့ကိုစေ ဖော်မစုံကျွှမ်း လွမ်းစိတ်တွေပွေ ချစ်တဲ့သူဓာတုကလျာဆွေ လွမ်းရတဲ့ဖြစ်အင် ထင်မြင်မိစေတဲ့ ဘုရားတိုင်စစ်ချီရတုတွေရေးလို့ ဩော်... ကျေးငှက်ကိုစေလိုစေ ဖြေလည်းငယ် ပြေပြေပါနိုင်ပဲ စစ်ထွက်ဆဲ တောင်ငူဘုရင်မှာလေ လွမ်းစာတွေ ရွှေပေထက်မှာ တင်ရှာပေ။
ပျံပျူးချုပ်ဆိုင်း... မုန်တိုင်းဆင်လို... တိမ်ညို့မှိုင်းထပ်... ပြတ်လျှပ်ပြကာ... စိမ်းဝါမိုးပန်း... ထွေထွေစွန်းက ရေသွန်းသာကြည်ပျော်ရမည်ကို... မြရည်သက်မှတ် ရောက်ခဲ့လတ်ဟု ချစ်ထွက်တင်သည်... ပြာစင်မွှန်လတ်... ဖြူဝင်းမွတ်လျှင်... ကြာညွှတ်ဖယောင်း... နေရှိန်ပျောင်းလို့... ဆင့်လောင်းလွမ်းဝှန် ရှိလိမ့်ဟန်ကို... တိမ်စွန်လေလျှင်... ဖူးရောက်ချင်သည်... ငှက်သွင်ပျံကြွမတက်သော်။
ပုလဲငုံစံပယ်ဖြူ ဖူးခိုက်ဝေဝေ ပန်းမျိုးစုံရာသီစုံကူးခဲ့ပေါ့လေ ချစ်သူကိုရည်စူး ခူးတဲ့လို့ခြွေ)၂
စစ်မြေမှာ ကြာညောင်းရက်ရှည် ရောက်မယ် အထင်နဲ့ မျှော်တဲ့သူ ပူဗျာပွေ တတွေးတွေး ဆွေးရှာရော့မယ်လေ
မိုးသက်တွေလေဝှေ့လို့ တရွေ့ရွေ့ယူသလေ)၂ တိမ်ဦးလေပြည် လွမ်းငွေ့ကိုစေ ဖော်မစုံကျွှမ်း လွမ်းစိတ်တွေပွေ ချစ်တဲ့သူဓာတုကလျာဆွေ လွမ်းရတဲ့ဖြစ်အင် ထင်မြင်မိစေတဲ့ ဘုရားတိုင်စစ်ချီရတုတွေရေးလို့ ဩော်... ကျေးငှက်ကိုစေလိုစေ ဖြေလည်းငယ် ပြေပြေပါနိုင်ပဲ စစ်ထွက်ဆဲ တောင်ငူဘုရင်မှာလေ လွမ်းစာတွေ ရွှေပေထက်မှာ တင်ရှာပေ...။
ကိုးကား |
Portal di Ensiklopedia Dunia