နယူးကလီဒိုနီးယား (ကနေဒါ)

နယူးကလီဒိုနီးယား (အင်္ဂလိပ်: New Caledonia) သည် ဟတ်ဆန်ပင်လယ်အော်ကုမ္ပဏီ၏ သားမွေးကုန်သွယ်ရေးဌာနခွဲဖြစ်ပြီး ယနေ့ခေတ် ဗြိတိသျှကိုလံဘီယာမြေ၏ မြောက်ပိုင်းရှိ အလယ်ပိုင်းမြေတချို့တွင် တည်သည်။ ဗြိတိသျှလက်အောက်ခံမဟုတ်သော်လည်း မြောက်အမေရိကတိုက်ရှိ ဗြိတိသျှမြေဖြစ်သည်ဟု ဗြိတိန်မှ အစဉ်အဆိုပြုခဲ့၏။ အုပ်ချုပ်ရေးစင်တာမှာ ဖို့စိန့်ဂျိမ်းတွင် ဖြစ်သည်။ ယနေ့ခေတ် ဗြိတိသျှကိုလံဘီယာ၏ ကျန်ဧရိယာတို့မှာ ဗြိတိန်၏ ကိုလံဘီယာဌာနနှင့် အမေရိကန်တို့၏ အော်ရီဂွန်ပြည်ထောင် (အော်ရီဂွန်ပြည်နယ် မဟုတ်။ လက်ရှိ ဗြိတိန်နှင့် အမေရိကန်တို့ မြေလုနေဆဲနယ်မြေ) တို့က ပိုင်သည်။ ၁၈၄၆ ခုတွင် ချုပ်ဆိုသည့် အော်ရီဂွန်စာချုပ်မတိုင်မီက ဖရေဇာတောင်ကြားရှိ ဖို့လန်ဂလေမြို့ငယ်ကဲ့သို့ ကိုလံဘီယာဌာနမဟုတ်သောမြေကို နယူးကလီဒိုနီးယားပိုင်အဖြစ် ဖော်ပြကြ၏။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya