နယူးဖောင်လန် နှင့် လာဘရာဒေါ ပြည်နယ်

နယူးဖောင်လန်နှင့် လာဘရာဒေါ ပြည်နယ် သည် ကနေဒါနိုင်ငံ၏ အရှေ့ဘက် အကျဆုံး ပြည်နယ် တစ်ခု ဖြစ်သည်။ ကနေဒါနိုင်ငံ၏ အတ္တလန္တိတ် ဒေသတွင် တည်ရှိပြီး နယူးဖောင်လန်ကျွန်း နှင့် အနောက်မြောက်ဘက် ကုန်းမကြီးပေါ်မှ လာဘရာဒေါ တို့ ပါဝင်ကာ စုစုပေါင်း ဧရိယာ ၁၅၆,၅၀၀ စတုရန်းမိုင် (၄၀၅,၂၁၂ စတုရန်း ကီလိုမီတာ) မျှ ကျယ်ဝန်းသည်။ ၂၀၁၃ ခုနှစ် ခန့်မှန်း လူဦးရေ စာရင်းမှာ ၅၂၆,၇၀၂ ဦး ဖြစ်သည်။[] ပြည်နယ်၏ ၉၂ ရာခိုင်နှုန်းသော လူဦးရေမှာ နယူးဖောင်လန်ကျွန်း နှင့် ၎င်းနှင့် ဆက်စပ်နေသော ကျွန်းငယ်ကလေးများတွင် နေထိုင်ကြပြီး တစ်ဝက်ကျော်မှာ အဗာလွန် ကျွန်းဆွယ်တွင် နေထိုင်ကြသည်။ ထိုပြည်နယ်မှာ ကနေဒါရှိ ပြည်နယ်များတွင် ဘာသာစကား အတူတူ အသုံးအပြုဆုံး ပြည်နယ် တစ်ခု ဖြစ်ပြီး ၂၀၀၆ ခုနှစ် လူဦးရေ စာရင်းတွင် ၉၇.၆  % သော နေထိုင်သူတို့မှာ အင်္ဂလိပ် စကားကို မိခင်ဘာသာစကား အဖြစ် ပြောကြသည်။ []


ကိုးကား

  1. Estimates of population, Canada, provinces and territories။ Statistics Canada။ 19 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 28, 2013 တွင် ပြန်စစ်ပြီး။
  2. Population by mother tongue and age groups, 2006 counts, for Canada, provinces and territories - 20% sample data 19 November 2015 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. 2.statcan.ca (2009-03-24). Retrieved on 2013-07-12.
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya