နယ်စည်းမထားဆရာဝန်များအဖွဲ့
နယ်စည်းမထားဆရာဝန်များအဖွဲ့ (ပြင်သစ်: Médecins sans frontières; MSF) သည် နိုင်ငံတကာ လွတ်လပ်သော လူသားချင်း နားလည် စာနာ ထောက်ထားခြင်းကို အခြေခံသော ကျန်းမာရေးဆိုင်ရာ အကူအညီပေးသော အဖွဲ့ဖြစ်ပြီး အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများကို လက်နက်ကိုင်ပဋိပက္ခများ၊ သဘာဝကပ်ဘေးဒဏ်၊ လူသားတို့ကြောင့် ဖြစ်သော ဘေးအန္တရာယ်နှင့် စစ်ဘေးဒဏ်တို့ကြောင့် အတိဒုက္ခ ရောက်နေသည့်သူများထံ ကူညီပေးသည်။ ၎င်းသည် ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိသည်။ သမိုင်းကြောင်းပြင်သစ်နိုင်ငံမှ ဆရာဝန်များနှင့် သတင်းထောက်များ ပူးပေါင်းပြီး ၁၉၇၁ ခုနှစ်တွင် MSF အဖွဲ့ကို စတင် တည်ထောင်ခဲ့သည်။ ယခုအခါ ကမ္ဘာအနှံ့ MSF ဝန်ထမ်းပေါင်း ၃၀,ဝ၀ဝ ကျော်မှ
MSF မှ ရေတွင်းများတူးဖော်ပေးပြီး သောက်သုံးရေသန့်ရရှိရေး ဆောင်ရွက်ပေးခဲ့သလို အသုံးအဆောင်ပစ္စည်းများအနေဖြင့် ခြုံစောင်များ၊ ပလတ်စတစ်အစများနှင့် အခြား အခြေခံ မရှိမဖြစ် လိုအပ်သည့် ပစ္စည်းကိရိယာများကိုလည်း ဖြည့်ဆည်းပေးခဲ့သည်။ ကာလရှည် စီမံကိန်းအဖြစ် MSF မှ ကူးစက်လွယ်သည့် ရောဂါများဖြစ်သော တီဘီရောဂါ၊ Kala Azar နှင့် Sleeping Sickness ကဲ့သို့သော အာဖရိကတွင်ဖြစ်ပွားလေ့ရှိပြီး ပိုးမွှားများ ကိုက်ခဲခံရပြီးနောက် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သော အဖျားရောဂါတစ်မျိုး၊ အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ကဲ့သို့သော လူနာများကို ပြုစုကုသပေးခဲ့သလို လမ်းပေါ်ရှိ လေလွင့် ကလေးငယ်များ၏ ကျန်းမာရေးနှင့် စိတ်ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးခဲ့သည်။ MSF မှ လွတ်လပ်သော ဘက်လိုက်ခြင်း မရှိသည့် အကူအညီများကို အမှန်တကယ် လိုအပ်နေသူများထံ ပို့ဆောင်ပေးနေပါသည်။ MSF အဖွဲ့၏ ရည်မှန်းချက်မှာ အသက်ကယ်စောင့်ရှောက်ရန်၊ ဆိုးဆိုးဝါးဝါး ဒုက္ခခံစားရခြင်းနှင့် ရောဂါဝေဒနာ ကျရောက်ခြင်းတို့မှ သက်သာစေရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်သော ပြည်သူများထံ အကူအညီများကို တိုက်ရိုက်ပေးပါသည်။ လျစ်လျူရှူခံထားရသည့် အကျပ်အတည်းများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ အလွန်အမင်း လိုအပ်နေမှုများနှင့် ဆေးဝါးကုသရေးဆိုင်ရာ မူကြမ်းများနှင့် ဆေးကုသမှုများ တိုးတက်မှုရှိရန် MSF မှ အထက်ပါ ကိစ္စရပ်များအား ထုတ်ဖော်ပြောကြားရန်အတွက် ကြိုတင်ပြင်ဆင်ထားသည်။ MSF အဖွဲ့သည် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်။ MSF မှ ၁၉၉၉ ခုနှစ်တွင် နိုဗယ်လ်ငြိမ်းချမ်းရေးဆုကို လက်ခံရရှိခဲ့ပြီးနောက် လျစ်လျူရှူထားခြင်းခံနေရသည့် ရောဂါဆိုးများကို တိုက်ဖျက်နိုင်ရန် အတွက် ငွေကြေးအားလုံးကို အဆိုပါ ရောဂါကုသခြင်းများဆီသို့ ရှေးရှူကာ မြှင့်တင် လုပ်ဆောင်မှာဖြစ်ကြောင်း တစ်ကမ္ဘာလုံးသို့ ထုတ်ဖော် ပြောကြားခဲ့သည်။ ကိုးကား |
Portal di Ensiklopedia Dunia