နဥပဋ္ဌာပနသိက္ခာပုဒ်

အမှု—မိမိကို ဥပဇ္ဈာယ်ဆရာလုပ်၍နေသော တပည့်မကို မကျန်းမမာဖြစ်နေလျက် မပြုစုမှု။

အမှုသည်—ထုလ္လနန္ဒာ။ []

ထုလ္လနန္ဒာ၏ မပြုစုမှု

ထုလ္လနန္ဒာသည် မိမိကို ဥပဇ္ဈာယ်ဆရာပြု၍ ဘိက္ခုနီဖြစ်လာသော တပည့်မကို မကျန်းမမာ ဖြစ်နေကြောင်း သိပါလျက် ကိုယ်တိုင်လည်း မပြုစု၊ သူတစ်ပါးကို ပြုစုအောင်လည်း ကြောင့်ကြမစိုက်ဘဲ ပစ်ထားလေသည်၊ ထိုသို့ ဂရုမစိုက်မှုကို အခြားဘိက္ခုနီတို့သိ၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်

ယာ ပန ဘိက္ခုနီ ဒုက္ခိတံ သဟဇီဝိနိံ နေဝ ဥပဋ္ဌဟေယျ, န ဥပဋ္ဌာပနာယ ဥဿုက္ကံ ကရေယျ, ပါစိတ္တိယံ။

မြန်မာပြန်

မကျန်းမမာဖြစ်၍ ဒုက္ခရောက်နေသော အတူနေ တပည့်မကို ကိုယ်တိုင်လည်း မပြုစု, သူတစ်ပါး ပြုစုပေးဖို့ရန်လည်း ကြောင့်ကြ မစိုက်သော ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏၊ [ထိုသို့ ပြုစုသင့်သောအခါ မပြုစုသော ဘိက္ခုတို့မှာကား တာဝန်ဝတ်တရား ပျက်ကွက်မှုကြောင့် (ဝတ္တက္ခန္ဓက-လာ)ဒုက္ကဋ်အာပတ် သင့်၏။]

ကိုးကား

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya