နာဂိုယာမြို့
![]() နာဂိုယာမြို့ (名古屋 )သည် ဂျပန်နိုင်ငံ၊ ချူဘူဒေသကြီး(Chūbu region )တွင် အကြီးဆုံးမြို့တစ်မြို့ဖြစ်သည်။ ထို့မြို့သည် ဂျပန်နိုင်ငံတွင် တတိယမြောက်အကြီးဆုံးမြို့တစ်မြို့ ဖြစ်ပြီး စတုတ္ထမြောက် လူအနေထိုင်မှုအများဆုံး မြို့ပြဧရိယာရှိသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ ဟွန်ရှူးကျွန်း၏အလည် ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းတွင် တည်ရှိသည်။ နာဂိုယာမြို့သည် အိုက်ချီကန်(Aichi-ken)ဒေသ၏ မြို့တော်ဖြစ်ပြီး တိုကျိုမြို့၊ အိုဆာကာမြို့၊ ကိုဘေးမြို့၊ ယိုကိုဟားမားမြို့၊ ချီဘမြို့နှင့် ကီတာကူရှူမြို့များကဲ့သို့ ဂျပန်နိုင်ငံ၏ အဓိကဆိပ်ကမ်းမြို့တစ်မြို့လည်း ဖြစ်သည်။ ချူကျိုမြို့ပြဧရိယာ(Chūkyō metropolitan area)ဟုခေါ်သည့် ဂျပန်နိုင်ငံ၏ တတိယမြောက်အကြီးဆုံးမြို့ပြဒေသ၏ ဗဟိုချက်ချာလည်းဖြစ်သည်။ ၂၀၁၅ ခုနှစ်စာရင်းများအရ ၂.၂၈ မီလီယံသော လူများသည် မြို့တွင်းတွင် နေထိုင်ကြပြီး ချူကျိုမြို့ပြဧရိယာ၏ အခြားသော ဒေသတို့တွင် ၉.၁၀ မီလီယံသော လူများနေထိုင်ကြသည်။[၃] ဝေါဟာရရင်းမြစ်![]() ![]() သမိုင်းတွင် မြို့၏ အမည်ကို ဂျပန်ဘာသာဖြင့် 那古野 သို့မဟုတ် 名護屋 ဟု ရေးကြပြီး နှစ်ခုစလုံး၏ အသံထွက်မှာ နာဂိုယာပင်ဖြစ်သည်။ ထိုကြောင့် ထိုစကားလုံးသည် နာမဝိသေသနဖြစ်သည့် နာဂိုယာကာ (なごやか)ဖွယ်ရှိပြီး 'ငြိမ်းချမ်းသော'ဟု အဓိပ္ပာယ်ရသည်။[၁]
သမိုင်း![]() မူလအိုဒါ နိုဘူနာဂါ(Oda Nobunaga)နှင့် သူ၏ နောက်လိုက်များဖြစ်ကြသော တိုယိုတိုမိ ဟီဒီယိုရှီ(Toyotomi Hideyoshi)နှင့် တိုကူဂါဝါ ယဲရဆု(Tokugawa Ieyasu)တို့သည် နာဂိုယာဒေသ၏ အင်အားကြီးမားသော စစ်ဘုရင်များဖြစ်ကြကာ သူတို့သည် ဂျပန်ပြည်ကြီးကို တဖြည်းဖြည်းချင်း တစုတစည်းတည်းဖြစ်အောင် ပေါင်းစည်းပေးနိုင်ခဲ့သူများ ဖြစ်ကြသည်။ ၁၆၁၀ ခုနှစ်တွင် တိုကူဂါဝါ ယဲရဆုသည် အိုဝါရီနယ်(Owari Province)၏ မြို့တော်ကို ကီယိုဆုမှ ခုနှစ်ကီလိုမီတာ(၄.၃ မိုင်)ဝေးသည့် ပို၍ ဗျူဟာမြောက်သော နေရာသို့ ပြောင်းရွေ့ခဲ့ရာ ထိုဒေသသည် ယနေ့ခေတ် နာဂိုယာဒေသပင် ဖြစ်လေသည်။
တိုကူဂါဝါခေတ်တိုကူဂါဝါခေတ်တွင် နာဂိုယာ ရဲတိုက်(Nagoya Castle)ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကီယိုဆုရဲတိုက်(Kiyosu Castle)မှ အစိတ်အပိုင်းအချို့ကိုလည်း နာဂိုယာရဲတိုက်တည်ဆောက်ရာတွင် အသုံးပြုခဲ့သည်။ ကီယိုဆုရဲတိုက်ဝန်းကျင်မှ တမြို့လုံးနီးပါးဖြစ်သည့် လူပေါင်း ၆၀,၀၀၀ ဝန်းကျင်လောက်သည် ရဲတိုက်သစ်ဆောက်နေစဉ်ကာလအတွင်း မြို့သစ်ဖြစ်သော နာဂိုယာရဲတိုက်ဝန်းကျင်သို့ ပြောင်းရွေ့ခဲ့ရသည်။[၄] ထိုကာလတွင် အက်ဆုတဘုရားကျောင်း(Atsuta Shrine)ဝန်းကျင်ကို မီယာဟုခေါ်သည့် ခေတ္တရပ်နားရာနေရာအဖြစ်သတ်မှတ်ခဲ့ရာ မီယာသည် ကျိုတိုနှင့် အဲဒို(ယခု တိုကျို)(Edo) မြို့ကြီးနှစ်မြို့ကို ဆက်သွယ်ပေးထားသည့် အရေးပါသော တိုကိုင်းဒိုလမ်းမကြီး(Tōkaidō)ပေါ်တွင် တည်ရှိသည်။ ခရီးသွား ခရီးလာတို့ဖြင့် ဘုရားကျောင်းဝန်းကျင်တွင် မြို့သည် စည်ကားလာသည်။ ရဲတိုက်နှင့် ဘုရားကျောင်းတို့ကြောင့် မြို့သည် ရုပ်လုံးပေါ်လာခြင်း ဖြစ်ပေသည်။ စက်မှုခေတ်မေဂျီ ပြုပြင်ပြောင်းလဲရေးခေတ်(Meiji Restoration)တွင် နယ်များအား စီရင်စုနယ်အဖြစ် ပြန်လည်တည်ဆောက်ခဲ့ပြီး အစိုးရအဖွဲ့ကိုလည်း မိသားစုလိုက်အုပ်ချုပ်မှုမှ ဗျူရိုဂရက် အဆင့်ဆင့်အုပ်ချုပ်သော စနစ်သို့ ပြောင်းလဲခဲ့သည်။ နာဂိုယာမြို့ကို ၁၈၈၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မြို့အဖြစ် ကြေညာခဲ့ပြီး အစိုးရအမိန့်ဖြင့် ၁၉၅၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် မြို့အဖြစ် သတ်မှတ်ခဲ့သည်။ နာဂိုယာမြို့သည် ဒေသ၏ စက်မှုလုပ်ငန်း အချက်အချာမြို့ ဖြစ်လာခဲ့ပြီး မြို့၏ စီးပွားရေးရပ်ဝန်းတွင် တိုကိုနာမီ(Tokoname)၊ တာဂျီမီ(Tajimi)၊ ဆီတိုမြို့(Seto)ကဲ့သို့သော အိုးလုပ်ငန်းဖြင့် ကျော်ကြားသော မြို့များလည်း ပါဝင်သည်။ ရှိုးဂန်းများ၏ လက်အောက်တွင် တစ်ခုတည်းသော ယမ်းမှုန်များထုတ်ရာနေရာဖြစ်သော အိုကာဇာကီမြို့(Okazaki)လည်း ပါဝင်သည်။ အခြားသော စက်မှုလုပ်ငန်းများတွင် ဝါဂွမ်းထုတ်လုပ်ခြင်းတို့ ဖြစ်ပြီး ကာရာကူရီ ရုပ်သေးရုပ်(Karakuri puppet)ကဲ့သို့သော ရှုပ်ထွေးသော စက်မှုအတက်ပညာတို့ဖြင့် ပြုလုပ်သော အရုပ်များ ထုတ်လုပ်ခြင်းလည်း ပါဝင်သည်။ မစ်ဆူဘီရှီ လေယာဉ်ကုမ္ပဏီ(Mitsubishi Aircraft Company)ကို နာဂိုယာမြို့တွင် ၁၉၂၀ ခုနှစ်၌ တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ၏ အကြီးဆုံးလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီများထဲမှ တစ်ခုဖြစ်ခဲ့သည်။ မြေကွက်လပ်များ၊ ဒေသ၏ အချက်အချာကျမှု၊ ဆက်သွယ်ရေးကောင်းမွန်ခြင်းတို့သည် လေယာဉ်ထုတ်လုပ်ရေးကို ဤမြို့၌ တည်ထောင်ခဲ့ခြင်း၏ အဓိကအချက်များဖြစ်ခဲ့သည်။
ဒုတိယကမ္ဘာနှင့် နှောင်းပိုင်းနာဂိုယာမြို့သည် ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်မှ လေကြောင်းဖြင့် စီးနင်းတိုက်ခိုက်မှုများ၏ ပစ်မှတ်တစ်ခုဖြစ်ခဲ့သည်။ ထိုစဉ်က နာဂိုယာမြို့၏ လူဦးရေမှာ ၁.၅ မီလီယံခန့်ရှိပြီး ဂျပန်နိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့ဖြစ်ပြီး ဂျပန်လေယာဉ်ထုတ်လုပ်မှု၏ တတိယအကြီးဆုံးလည်း ဖြစ်ခဲ့သည်။ အလုပ်သမားများ၏ ၂၅ ရာခိုင်နှုန်းမှာ လေယာဉ်ထုတ်လုပ်ရေးတွင် လုပ်ကိုင်နေကြခြင်းလည်း ဖြစ်သည်။ ဂျပန်နိုင်ငံ အရေးကြီး လေကြောင်းပစ်မှတ်(အမှတ် ၁၉၃၊ ၁၉၄၊ ၁၉၈၊ ၂၀၁၀ နှင့် ၁၇၂၉) တို့မှာ နာဂိုယာမြို့တွင်းတွင် ရှိပြီး အခြား(၂၄၀ နှင့် ၁၈၃၃)တို့မှာ ကာဂါမီဂါဟာယာမြို့ မြောက်ပိုင်းတွင် တည်ရှိသည်။ ဂျပန်တိုက်လေယာဉ်နှင့် အင်ဂျင်များ၏ ၄၀ မှ ၅၀ ရာခိုင်နှုန်းသည် ထိုမြို့များတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုအထဲတွင် အရေးကြီးသော Mitsubishi A6M Zero fighter တိုက်လေယာဉ်များလည်း ပါဝင်သည်။ နာဂိုယာမြို့တွင် machine tools၊ bearings၊ မီးရထားအပိုပစ္စည်းများ၊ သတ္တုအလွိုင်းများ၊ တင့်များ၊ ယာဉ်များနှင့် အစားအစာတို့ကို ဒုတိယကမ္ဘာစစ်အတွင်း ထုတ်လုပ်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် လေကြောင်းမှ စတင် စီးနင်းတိုက်ခိုက်ခံရပြီး ထိုတိုက်ခိုက်ခံရမှုတွင် မစ်ဆူဘီရှီ အကြီးစား လေယာဉ်ထုတ်လုပ်ရေးစက်ရုံ၊ မာဆူဟီဂီချို ဆီသိုလှောင်ရုံ၊ နာဂိုယာရဲတိုက် စစ်တန်းလျားများ၊ နာဂိုယာစစ်သုံးပစ္စည်းစက်ရုံများ ပါဝင်ခဲ့သည်။[၅] ဗုံးကြဲတိုက်ခိုက်မှုများသည် ၁၉၄၅ နွေဦးကာလထိ ခံစားခဲ့ရပြီး ထိုသို့ဗုံးကြဲမှုများတွင် ပျက်စီးမှု ကြီးမားသော မီးလှောင်ဗုံးများFirebombingဖြင့် ကြဲချခြင်းများလည်း ပါဝင်ခဲ့သည်။ နာဂိုယာမြို့သည် Bomber Command တပ်ဖွဲ့များ၏ တိုက်ခိုက်မှု မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ခံစားခဲ့ရပြီး ၁၅.၃ စတုရန်း ကီလိုမီတာ (၅.၉ sq mi) ပတ်လည်သည် ရစရာမရှိအောင် ပျက်စီးစေခဲ့သည်။ အမေရိကန်လေတပ်၏ အသစ်ဖွဲ့စည်းခဲ့သည့် XXI Bomber Command ၏ မှတ်တမ်းများအရ စစ်ဆင်ရေးတစ်ခု၏ ပစ်မှတ်တစ်ခုတည်းပင်လျှင် ၃,၁၆၂ တန်မျှ မီးလောင်ပျက်စီးခဲ့ရသောကြောင့် တပ်၏သမိုင်းတွင် အများဆုံးတန်ချိန်ဖျက်ဆီးနိုင်မှုအဖြစ် မှတ်တမ်းတင်ခဲ့သည်။ ထိုတပ်သည် ပစ်မှတ် ၂၈ ခုကို ဖျက်ဆီးခဲ့ရာ မီးများ လောင်ကျွမ်းမှု ကြီးမားလာခဲ့ပြီး မြို့၏ လေးပုံပုံ တစ်ပုံမျှ လောင်ကျွမ်းခဲ့သည်။[၆] နာဂိုယာရဲတိုက်ကို စစ်မိန့်ပေးရာနေရာအဖြစ် အသုံးပြုခဲ့ရာ ၁၉၄၅ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ထိမှန်ပျက်စီးခဲ့ရသည်။ စစ်ပြီးတွင် ပင်မရဲတိုက်ကြီးအား ပြန်လည်တည်ဆောက်ခဲ့ရာ ၁၉၅၉ ခုနှစ်တွင် လက်စသတ်ပြီးစီးခဲ့သည်။ ထို ၁၉၅၉ ခုနှစ်တွင်ပင် တိုက်ဖုန်း ဗီရာ (Typhoon Vera) ကြောင့် မြို့တော်ရေလွှမ်းခဲ့ပြီး များစွာပျက်စီးခဲ့သည်။[၇]
ပထဝီဝင်အနေအထားနှင့် အုပ်ချုပ်မှုဒေသများ![]() အိုက်ဆေးပင်လယ်အော်၏မြောက်ပိုင်း နိုဘီလွင်ပြင်တွင် နာဂိုယာမြို့တည်ရှိပြီး တောင်ကုန်းမြင့်များ၏ အနိမ့်ပြင်ညီတွင် မြို့အား တည်ထားသည်။ ရေလွှမ်းမိုးမှုများကို တားဆီးနိုင်ရန်အလို့ငှာ ထိုသို့ တည်ထားခြင်းဖြစ်သည်။ မြို့တည်ရှိရာလွင်ပြင်သည် နိုင်ငံ၏ မြေဩဇာကောင်းသော လွင်ပြင်များထဲမှ တစ်ခုဖြစ်သည်။ မြို့နယ်နိမိတ်တစ်လျှောက် ကီဆိုမြစ်သည် အနောက်ဘက်သို့ စီးဆင်း၍နေသည်။ နိရှိရပ်ကွက်ကိုဖြတ်ပြီး ရှိုနိုင်းမြစ်သည် အရှေ့မြောက်မှသည် တောင်ဘက် ပင်လယ်အော်အတွင်းသို့ စီးဝင်သည်။ ၁၆၁၀ ခုနှစ်က ဖောက်လုပ်ခဲ့သော တူးမြောင်းတစ်ခုဖြစ်သည့် ဟိုရီမြစ်သည် ရှိုနိုင်းမြစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မြောက်မှ တောင်သို့ စီးဆင်း၍ နေသည်။ ကုန်စည်များကို ထိုမြစ်မှတဆင့် ကုန်တွင်းပိုင်းထိရောက်အောင် ပိုဆောင်၍ ပေးနိုင်သည်။ ဂျပန်နိုင်ငံအလယ်ပိုင်းတွင် နာဂိုယာမြို့၏ တည်နေရာနှင့်အနေအထားတို့သည့် ထိုမြို့အား စီးပွားရေးအရရော နိုင်ငံရေးအရပါ ဖွံဖြိုးတိုးတက်စေမည် ဖြစ်သည်။ ရပ်ကွက်များ![]() နာဂိုယာမြို့တွင် ရပ်ကွက် ၁၆ ခုရှိပြီး ၎င်းတို့မှာ– ရာသီဥတုနာဂိုယာမြို့တွင် ပူပြင်းသော နွေရာသီနှင့် အေးမြသော ဆောင်းရာသီရှိသောကြောင့် humid subtropical climate (Köppen climate classification: Cfa) ရှိသည်။ နွေရာသီတွင် ဆောင်းရာသီထက်ပို၍ စွတ်စိုနေတက်ပြီး မိုးသည် တစ်နှစ်ပတ်လုံး ရွာသွန်း၍ နေသည်။
လူဦးရေအစောဆုံးသန်းခေါင်စာရင်းဖြစ်သည့် ၁၈၈၉ သန်းခေါင်စာရင်းအရ ၁၅၇,၄၉၈ ဦးရေ နေထိုင်ခဲ့သည်ဟု စာရင်းကောတ်ခဲ့ကြသည်။ ၁၉၃၄ ခုနှစ်တွင် လူဦးရေသည် ၁ မီလီယံသို့ ရောက်ရှိခဲ့ပြီး ၂၀၁၀ ဒီဇင်ဘာစာရင်းအရ ၂,၂၅၉,၉၉၃ ဦးရေနီးပါး တက်လာခဲ့ရာ ၁ စတုရန်းကီလိုမီတာလျှင် လူဦးရေသိပ်သည်းမှု ၆,၉၂၃ ယောက်ရှိလာခဲ့သည်။ ၂၀၁၀ ဒီဇင်ဘာစာရင်းတွင် အိမ်ထောင်စု ၁,၀၁၉,၈၅၉ စုရှိလာခဲ့ရာ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး ၁၅၃,၃၇၀ မှ သိသိသာသာ ထိုးတက်လာခဲ့ခြင်း ဖြစ်ပေသည်။[၁၀] မြို့ဧရိယာသည် ၃၂၆.၄၅ စတုရန်း ကီလိုမီတာ (၁၂၆.၀၄ sq mi) ရှိရာ မြို့ပြဧရိယာသည် မီအီနှင့် ဂီဖူ ပရီဖတ်ချာသို့ပင် တိုးချဲ့၍ လာခဲ့ပေသည်။
စီးပွားရေး![]() ![]() ![]() ![]() နာဂိုယာမြို့သည် မဟာနာဂိုယာ၏ အလယ်တည်ရှိပြီး ၂၀၀၃ ခုနှစ် ဂျပန်ကုန်သွယ်မှု ပိုလျှံငွေ(trade surplus)၏ ၇၀ ရာနှုန်းမျှ ထုတ်လုပ်နိုင်ခဲ့သည်။[၁၁] ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းနာဂိုယာမြို့၏ အဓိကစက်မှုလုပ်ငန်းမှာ ကားထုတ်လုပ်ရေးဖြစ်သည်။ တိုယိုတာ၏ ဇိမ်ခံကားအမျိုးအစားဖြစ်သော Lexus၊ Denso၊ Aisin Seiki Co.၊ Toyota Industries၊ JTEKT နှင့် Toyota Boshoku တို့၏ ရုံးချုပ်များသည် နာဂိုယာမြို့တွင်း (သို့) မြို့နှင့် မနီးမဝေးတွင် တည်ရှိကြသည်။ Mitsubishi Motors ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနာခွဲသည် အိုကာဇာကီမြို့၏ ဆင်ခြေဖုံးတွင် တည်ဆောက်၍ ထားသည်။ Magna International နှင့် PPG ကဲ့သို့ အဓိကအစိတ်အပိုင်းများ တင်ပို့သော ကုမ္ပဏီများသည် အခိုင်အမာ တည်ရှိနေကြသည်။ စပါ့ခ် ပလပ်ဂ် ထုတ်လုပ်သူ NGK ကုမ္ပဏီနှင့် ကျည်ဆန်ရထား(Shinkansen) အပါအဝင် ရထားတွဲဆိုင်းများကို ထုတ်လုပ်သော Nippon Sharyo ကုမ္ပဏီတို့၏ ရုံးချုပ်များသည် ဤမြို့၌ပင် တည်ရှိသည်။ လေယာဉ်ထုတ်လုပ်ရေးစက်မှုခေတ်ရောက်ကတည်းကပင် လေယာဉ်များထုတ်လုပ်ရေးသည် သမိုင်းတွင် အရေးပါသော အခန်းကဏ္ဍတွင် ရှိခဲ့သည်။ စစ်အတွင်းက နာဂိုယာမြို့တွင် မီဆူဘီရှီ အေဆစ်စ်အမ် ဇီးရိုး တိုက်လေယာဉ်များကို တည်ဆောက်ခဲ့သည်။ လေယာဉ်ထုတ်လုပ်ရေးတွင် အစဉ်အလာရှိခဲ့သော Mitsubishi Aircraft Corporation သည် ၎င်း၏ ရုံးချုပ်ကို ကိုမာကီမြို့ရှိ နာဂိုယာလေယာဉ်ကွင်း၏ terminal တွင် တည်ဆောက်၍ထားပေသည်။ Mitsubishi Regional Jet (MRJ) လေယာဉ်များကို လေဆိပ်အနီး စက်ရုံ၌ ထုတ်လုပ်ခဲ့သည်။[၁၂] MRJ သည် မစ်ဆူဘီရှိ အကြီးစားထုတ်လုပ်ရေးစက်ရုံနှင့် တိုယိုတာကုမ္ပဏီအကြား အကျိုးတူ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး[၁၃] တိုယိုတာကုမ္ပဏီတွင် ၎င်း၏မိတ်ဖက် Fuji Heavy Industries မှ ဒီဇိုင်းပိုင်းတွင် ပါဝင်ထားသည်။ ၁၉၆၀ ခုနှစ်က ထုတ်လုပ်ခဲ့သော NAMC YS-11 ပြီးလျှင် ဤသည်မှာ ဂျပန်နိုင်ငံ၏ ပထမဆုံးသော ခရီးသည်တင်လေယာဉ်ကို ဒီဇိုင်းဆွဲ၍ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။[၁၄][၁၅] MRJ ၏ ပထမဆုံးသော ပျံသန်းမှုကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။[၁၆][၁၇] ကြွေထည်လုပ်ငန်းနည်းပညာလက်လီအရောင်းဆိုင်အနုပညာနှင့် လက်မှုပညာအခြားသယ်ယူပို့ဆောင်ရေးပညာရေးယဉ်ကျေးမှုအားကစားနိုင်ငံတကာဆက်ဆံရေးလေးစားမှတ်သားဖွယ် လူပုဂ္ဂိုလ်များလည်ပတ်စရာ နေရာများကိုးကား
|
Portal di Ensiklopedia Dunia