နာမဝိသေသနနာမ်ကို အထူးပြုသော ပုဒ်ကို နာမဝိသေသနဟုခေါ်သည်။ ဥပမာ။ ။ လှသော၊ ရွသော၊ နံသော၊ ကြောက်သော၊ မွှေးသော၊ ကောင်းမြတ်သော၊ သန့်ရှင်းသော၊ လိမ္မာသော၊ ဆိုးသော။ နာမဝိသေသန (၂) မျိုး(က) အနက်အဓိပ္ပာယ်အရ (၄) မျိုး (ခ) ဖွဲ့စည်းတည်ဆောက်ပုံအရ (၂) မျိုး အနက်အဓိပ္ပာယ်အရ (၄) မျိုးနာမဝိသေသနသည် အနက်အဓိပ္ပာယ်အရ (၄) မျိုး ရှိသည်။ ၎င်းတို့မှာ ’ (က) ဂုဏ်ရည်ပြနာမဝိသေသန (ခ) အညွှန်းနာမဝိသေသန (ဂ) သင်္ချာနာမဝိသေသန (ဃ) အမေးနာမဝိသေသန ဂုဏ်ရည်ပြနာမဝိသေသနနာမ်၏ ဂုဏ်အရည်အချင်းကို ပြ၍ ယင်းနာမ်ကို အထူးပြုသည့် ပုဒ်ကို ဂုဏ်ရည်ပြနာမဝိသေသန ဟုခေါ်သည်။ ဥပမာ။ ။ မွန်မြတ်သော၊ စည်ကားသည့်၊ ထူးချွန်မည့်၊ (ခွေး) လိမ္မာ။
ဤဝါကျ၌ မွန်မြတ်သော သည် မွန်မြတ် ဟူသော ဂုဏ်အရည်အချင်းပြပုဒ်နောက်က သော ပစ္စည်းကိုဆက်၍ ဒါနဟူသော နာမ်၏ ဂုဏ်အရည်အချင်းကိုပြသည့် ဂုဏ်ရည်ပြနာမဝိသေသန ဖြစ်သည်။
ဤဝါကျ၌ စည်ကားသည့် သည် စည်ကား ဟူသော ဂုဏ်အရည်အချင်းပြပုဒ်နောက်က သည့် ပစ္စည်းကိုဆက်၍ မြို့တော် ဟူသော နာမ်၏ ဂုဏ်အရည်အချင်းကိုပြသည့် ဂုဏ်ရည်ပြနာမဝိသေသန ဖြစ်သည်။
ဤဝါကျ၌ ထူးချွန်မည့် သည် ထူးချွန် ဟူသော ဂုဏ်အရည်အချင်းပြပုဒ်နောက်က မည့် ပစ္စည်းကို ဆက်၍ ကျောင်းသူ ဟူသော နာမ်၏ ဂုဏ်အရည်အချင်းကိုပြသည့် ဂုဏ်ရည်ပြနာမဝိသေသန ဖြစ်သည်။
ဤဝါကျ၌ လိမ္မာ ဟူသော ဂုဏ်အရည်အချင်းပြပုဒ်သည် ခွေး ဟူသော နာမ်၏ အရည်အချင်းကို ပြ၍ ယင်းခွေးကို အထူးပြုသည့် ဂုဏ်ရည်ပြနာမဝိသေသန ဖြစ်သည်။
ဂုဏ်ရည်ပြနာမဝိသေသနတို့သည် နာမ်ကို အထူးပြုရာ၌ နည်း (၂) နည်းဖြင့် အထူးပြုလေ့ ရှိသည်။ ၎င်းတို့မှာ ’ (၁) သော၊ သည့်၊ မည့် ပစ္စည်းတို့ကို ဂုဏ်ရည်ပြပုဒ်နောက်ကဆက်၍ နောက်ကနာမ်ပုဒ်ကို အထူးပြုခြင်း ဂုဏ်ရည်ပြနာမဝိသေသန ‘ နာမ်
နာမ် ‘ ဂုဏ်ရည်ပြနာမဝိသေသန
သင်္ချာနာမဝိသေသနအရေအတွက်ကိုလည်းကောင်း၊ အစဉ်ကိုလည်းကောင်း၊ အနည်းအများ ပမာဏကိုလည်းကောင်း ဖော်ပြ၍ နာမ်ကို အထူးပြုသော နာမဝိသေသနကို သင်္ချာနာမဝိသေသန ဟု ခေါ်သည်။ သင်္ချာနာမဝိသေသန (၃) မျိုး ရှိသည်။ ယင်း နာမဝိသေသန (၃) မျိုးတို့မှာ — (က) အရေအတွက်ပြသင်္ချာနမဝိသေသန (ခ) အစဉ်ပြသင်္ချာနာမဝိသေသန (ဂ) ပမာဏပြသင်္ချာနမဝိသေသန ဖွဲ့စည်းတည်ဆောက်ပုံအရ (၂) မျိုးနာမဝိသေသနသည် ဖွဲ့စည်းတည်ဆောက်ပုံအရ (၂) မျိုးရှိသည်။ ၎င်းတို့မှာ ’ (က) ပင်ကိုနာမဝိသေသန (ခ) ပေါင်းစပ်နာမဝိသေသန ပင်ကိုနာမဝိသေသနမြန်မာသဒ္ဒါနည်းဖြင့် ခွဲစိတ်၍လည်းမရ၊ ပေါင်းစပ်ဖွဲ့စည်းထားခြင်းလည်းမဟုတ်၊ နဂိုမူလအတိုင်းဖြစ်သော နာမဝိသေသနကို ပင်ကိုနာဝိသေသန ဟုခေါ်သည်။ ဥပမာ။ ။ ကောင်းသော၊ မြင့်သော၊ အေးသော၊ ချိုသော၊ ဝသော၊ ခမ်းနားသော၊ လိမ္မာသော၊ ယဉ်ကျေးသော၊ ဝပြောသော။
သာဓကအားဖြင့် ကောင်း၊ မြင့်၊ အေး' စသည်တို့သည် ခွဲစိတ်၍လည်းမရ၊ ပေါင်းစပ်ထားခြင်းလည်းမဟုတ်သော ပင်ကိုနာမဝိသေသန များ ဖြစ်ကြသည်။ ခမ်းနားဟူသော နာမဝိသေသနသည်လည်း ခွဲစိတ်၍ မရသော၊ ပေါင်းစပ်ဖွဲ့စည်းထားခြင်းလည်းမဟုတ်သော ပင်ကိုနာမဝိသေသန ဖြစ်သည်။ ခမ်းနား ၏ ဆိုလိုရင်းအနက်မှာ ကြီးကျယ်ထည်ဝါသော ဟူ၍ ဖြစ်သည်။ ခမ်းနား ကို ခွဲလိုက်လျှင် ခမ်း နှင့် နား ဟူသော အစိတ်အပိုင်း (၂) ခုကို ရသည်။ သို့ရာတွင် ခမ်း သည် လည်းကောင်း၊ နား သည် လည်းကောင်း ခမ်းနား ၏ ဆိုလိုရင်းအနက်ကို မပေးနိုင်ပေ။ ဤသို့ ခွဲစိတ်ခြင်းဖြင် ဆိုလိုရင်းအနက်မှာ ပျက်သွားသည်။ ထို့ကြောင့် ခမ်းနား သည် ထပ်မံခွဲစိတ်၍ မရသော ပင်ကိုနာမဝိသေသန ဖြစ်သည်။ ထိုနည်းတူ လိမ္မာသော၊ ယဉ်ကျေးသော၊ ဝပြောသော စသည်တို့သည် ခွဲစိတ်၍လည်းမရ၊ ပေါင်းစပ်ထားခြင်းလည်းမဟုတ်၊ နဂိုမူလအတိုင်းဖြစ်သော ပင်ကိုနာဝိသေသန များ ဖြစ်ကြသည်။ ပေါင်းစပ်နာမဝိသေသနနာမဝိသေသနတစ်ခု အနည်းဆုံးပါဝင်လျက် နာမ်တစ်ခုနှင့် ဖြစ်စေ၊ နာမဝိသေသနတစ်ခုနှင့် ဖြစ်စေ ပေါင်းစပ်ဖွဲ့စည်းထားသော နာမဝိသေသနကို ပေါင်းစပ်နာမဝိသေသန ဟု ခေါ်သည်။ ဥပမာ။ ။ ရုပ်ဖြောင့်၊ ပါးစပ်ဖွာ၊ မျက်စိမွဲ၊ မျက်နှာပွင့်၊ သတ္တိပြောင်၊ ညံ့ဖျင်း၊ ကျယ်ပြန့်၊ သေးသွယ်။
ကိုးကား
|
Portal di Ensiklopedia Dunia