နာလန္ဒာတက္ကသိုလ်
နာလန္ဒာတက္ကသိုလ် (အင်္ဂလိပ်: Nalanda University၊ အခြားအမည်: နာလန္ဒာ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်) သည် အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ နာလန္ဒာ ရှေးတက္ကသိုလ်ဟောင်းအနီး ရာဇဂြိုဟ်တွင် တည်ရှိသည်။ ဗုဒ္ဓခေတ်က နာလန္ဒာရှိ တက္ကသိုလ်ဟောင်းကို ပြန်လည်ဆန်းသစ်သည့်အနေဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။[၄] ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် အမျိုးသမီး ၅ ဦးပါ သင်တန်းသား ၁၅ ဦးဖြင့် ပထမဆုံးသင်တန်းကို စတင်ခဲ့သည်။ ရာဇဂြိုဟ်ရှိ ယာယီတက္ကသိုလ်နေရာတွင် စတင်ခဲ့ပြီး တက္ကသိုလ်သစ်တစ်ခုလုံး ဆောက်လုပ်နေမှုကို ၂၀၂၀ ခုနှစ်တွင် ပြီးစီးလိမ့်မည်ဟု ခန့်မှန်းထားသည်။[၅][၆] တက္ကသိုလ်သစ်တွင် ဘွဲ့လွန်သင်တန်းများနှင့် ပါရဂူဘွဲ့သင်တန်းများကိုသာ အထူးပြု သင်ကြားပေးနေသည်။ လက်ရှိတွင် တက္ကသိုလ်အဆောင်အဖြစ် ရာဇဂြိုဟ်တွင် ဗီဟာပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းမှ ဖွင့်လှစ်ထားသည့် ဟိုတယ်တစ်ခုမှ အထောက်အပံ့ပေးနေသည်။[၅] အုပ်ချုပ်ရေးနှင့် ဖွဲ့စည်းပုံအုပ်ချုပ်ရေး ဘုတ်အဖွဲ့၂၀၀၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ အစိုးရမှ သဘာပတိ ပါမောက္ခ Amartya Sen ဦးစီးသော နာလန္ဒာဆရာများအဖွဲ့ Nalanda Mentor Group (NMG) ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် လုပ်ပိုင်ဆောင်ရွက်ခွင့် ပေးအပ်ခဲ့သည်။ အဖွဲ့မှ တက္ကသိုလ်ကို အပြည်ပြည်ဆိုင်ရာ ပညာရေးဗဟိုဌာနတစ်ခု ဖြစ်လာစေရန် ဆောင်ရွက်မည်ဖြစ်သည်။ အရှေ့အာရှ ထိပ်သီးတွေ့ဆုံပွဲမှ ဦးဆောင်မှုဖြင့် နာလန္ဒာတက္ကသိုလ်ကို စတင်တည်ထောင်ရန် အဆိုပြုခဲ့သည်။ NMG အဖွဲ့တွင် စင်ကာပူ၊ တရုတ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်ကြသည်။ နောက်ပိုင်းတွင် နာလန္ဒာဆရာများအဖွဲ့ ကို နာလန္ဒာတက္ကသိုလ် အုပ်ချုပ်ရေး ဘုတ်အဖွဲ့အဖြစ် အမည်ပြောင်းလဲခဲ့သည်။[၇] နာလန္ဒာတက္ကသိုလ် အုပ်ချုပ်ရေး ဘုတ်အဖွဲ့[၇] တွင် :
သင်တန်းကျောင်းများနှင့် ဌာနများ
ကိုးကား
ပြင်ပလင့်ခ်များဝီကီမီဒီယာ ကွန်မွန်းစ်တွင် Nalanda University
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |
Portal di Ensiklopedia Dunia