နာ့ခ်ရှီဂျာဟန်ရင်ပြင်

မေဒန်အီမန်၊ အက်စ်ဖာဟန်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အီရန်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i,v,vi
ကိုးကား ၁၁၅
ဒေသ** အာရှ-ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၉  (တတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

နာ့ခ်ရှီဂျာဟန်ရင်ပြင် (ကမ္ဘာ့ရင်ပြင်၏ ပုံရိပ် ဟု အဓိပ္ပာယ်ရသည်) သည် အီရန်နိုင်ငံ အစ်စ်ဖာဟန်မြို့ ၏ အလယ်ဗဟိုတွင် တည်ရှိသော ရင်ပြင်တစ်ခု ဖြစ်သည်။ ၁၅၉၈ ခုနှစ် နှင့် ၁၆၂၉ ခုနှစ်ကြားတွင် တည်ဆောက်ခဲ့ပြီး ယခုအခါတွင် အရေးပါသော သမိုင်းဝင် နေရာ တစ်ခု အဖြစ်လည်းကောင်း ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု အဖြစ်လည်းကောင်း တည်ရှိသည်။ ထိုရင်ပြင် သည် ၅၂၀ပေ (၁၆၀ မီတာ) မျှ ကျယ်ဝန်းပြီး ၁,၈၄၀ပေ (၅၆၀ မီတာ) မျှ ရှည်လျားသည်။[] ဧရိယာအားဖြင့် ၉၆၄,၀၀၀ စတုရန်းပေ (၈၉,၆၀၀ စတုရန်းမီတာ) ရှိသည်။ ထိုနေရာကို ရှားရင်ပြင် သို့မဟုတ် အီမမ် ရင်ပြင် ဟုလည်း ခေါ်သည်။[] ထိုရင်ပြင်အား ဆာဖာဗစ် ခေတ် အဆောက်အဦးများဖြင့် ဝန်းရံထားသည်။ ရှား ဗလီသည် ထိုရင်ပြင်၏ တောင်ဘက်တွင် တည်ရှိသည်။ အနောက်ဘက်ခြမ်းတွင် အလီကာပူး နန်းတော် ရှိသည်။ အရှေ့ဘက်ခြမ်းတွင် ရှိတ်စော်ဘွား လော့ဖ် အလာ ၏ ဗလီ ရှိပြီး မြောက်ဘက်ခြမ်း ကိုင်ဆာရီယာ ဂိတ်ဝသည် အစ်စ်ဖာဟန် ဈေးကြီးသို့ ဆက်သွယ်ထားသည်။

ယနေ့ အချိန်တွင် မွတ်စလင်တို့၏ သောကြာနေ့ ဝတ်ပြုပွဲကို ရှား ဗလီတွင် ကျင်းပကြသည်။ ထိုရင်ပြင်၏ ပုံအား အီရန် ၂၀,၀၀၀ တန် ရိုင်ယယ် ငွေစက္ကူ၏ ကျောဘက်တွင် ရိုက်နှိပ်ထားသည်။[]

ကိုးကား

  1. Imam Square | Squares
  2. Blake, Stephen P.; Half the World. The Social Architecture of Safavid Isfahan, 1590–1722, pp. 117–9.
  3. Central Bank of Iran 3 February 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. Banknotes & Coins: 20000 Rials 9 April 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. – Retrieved on 24 March 2009.
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya