နိုင်ငံကူးလက်မှတ်![]() နိုင်ငံကူးလက်မှတ် (အင်္ဂလိပ်: passport) ဆိုသည်မှာ အစိုးရက ထုတ်ဝေပေးထားသော တရားဝင် ခရီးသွားလာရေး စာရွက်စာတမ်းတစ်ခုဖြစ်ပြီး ကိုင်ဆောင်သူလူပုဂ္ဂိုလ်၏ အချက်အလက်များ ပါဝင်သည်။ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူသည် နိုင်ငံခြားတိုင်းပြည် တစ်ခုဆီမှ သို့မဟုတ် တစ်ခုဆီသို့ သွားရောက်ခွင့်ရှိသည်။ နိုင်ငံကူးလက်မှတ်သည် ကိုင်ဆောင်သူ လူပုဂ္ဂိုလ်၏ ကိုယ်ရေးအချက်အလက်နှင့် နိုင်ငံသားကို မှန်ကန်ကြောင်း ဖော်ပြပေးသည်။[၁] နိုင်ငံကူးလက်မှတ်တစ်ခုတွင် ကိုင်ဆောင်သူ၏ အမည်အပြည့်အစုံ၊ ဓာတ်ပုံ၊ မွေးဖွားရာ နေရာနှင့် မွေးသက္ကရာဇ်၊ ထိုးမြဲလက်မှတ်နှင့် နိုင်ငံကူးလက်မှတ်၏ သက်တမ်းကုန်ဆုံးရက်တို့ ပါဝင်လေ့ရှိသည်။ နိုင်ငံကူးလက်မှတ်များကို နိုင်ငံအစိုးရနှင့် အချို့သော အစိုးရအဖွဲ့ငယ်တို့က ယင်းတို့၏ နယ်နိမိတ်အတွင်း နေထိုင်သော နိုင်ငံသားများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် အခွင့်အာဏာရှိသည်။ နိုင်ငံအများစုတွင် ကိုင်ဆောင်သူ၏ ဇီဝအချက်အလက်များပါဝင်သော မိုက်ခရိုချစ်ပ်ပြား ထည့်သွင်းထားသည့် ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်များကို ထုတ်ပေးလျက်ရှိပြီး အတုအပပြုလုပ်ရန် ခက်ခဲစေသည်။[၂] ၂၀၁၉ ခုနှစ် ဇန်နဝါရီလအရ ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်ကို အုပ်ချုပ်သူအဖွဲ့အစည်း ၁၅၀ ကျော်က ထုတ်ဝေပေးနေသည်။[၃] ![]()
ကိုးကား
|
Portal di Ensiklopedia Dunia