နိုလန် ဘွတ်သျှနဲ
နိုလန် ကေ ဘွတ်သျှနဲ (၁၉၄၃ ဖေဖော်ဝါရီ ၄ ဘွား) သည် အမေရိကန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်နှင့် လျှပ်စစ်အင်ဂျင်နီယာဖြစ်သည်။ အတ္တာရီအင်ကော်ပိုရိတ်၊ ချက္ကီးချိ ပီဇာရုံ စားသောက်ဆိုင်တွဲတို့ကို ထူထောင်သည်။ အတ္တာရီကြောင့် ဗီဒီယိုဂိမ်းလောက နာမည်ကျော်တို့ခန်းမနှင့် လူသုံးကုန်အီလက်ထရောနစ်အသင်း၏ နာမည်ကျော်တို့ခန်းမတို့တွင် စာရင်းသွင်းဖော်ပြခံရသည်။ ချက္ကီးချိကြောင့် နိုင်ငံတွင်းစားသောက်ဆိုင်များသတင်းမှ တနှစ်တာအတွင်းအထွင်ဆန်းသူဆု ရသည်။ ဘပ္ဖတာမှပေးသော ထူးချွန်ဆုကိုလည်း ရဖူးသည်။ နယူးဝိသတင်းစာက အမေရိကန်ကိုပြောင်းလဲစေခဲ့သောအမျိုးသား ၅၀ စာရင်းတွင် ဘွတ်သျှနဲကို ထည့်သွင်းဖော်ပြသည်။ ဘွတ်သျှနဲသည် လုပ်ငန်း ၂၀ ကျော် ထူထောင်သူဖြစ်ပြီး အတ္တာရီကိုစတာ ဗီဒီယိုဂိမ်းလောကကို မျက်နှာစာသစ်ဖွင့်ခဲ့သူတို့အနက် တဦးအဝင်အပါတည်း။ ၂၀၁၂ ခုတွင် ပညာရေးဆော့ဝဲထုတ်သည့် ဘရိန်းရှက်ကို ထောင်သည်။ ပညာသင်ရန်သုံးသော ဗီဒီယိုဂိမ်းဖြစ်သည်။ ဆော့ရန်လွယ်ရမည်၊ နိုင်ရန်ခက်ရမည်ဟူသော ဘွတ်သျှနဲဥပဒေသဟူသော စကားမှာ ဗီဒီယိုဂိမ်းလောက၌ ကျော်ကြားသည်။ ကိုးကား
|
Portal di Ensiklopedia Dunia