နို့လက်ဖက်ရည်မဟာမိတ်![]() ![]() နို့လက်ဖက်ရည်မဟာမိတ် (အင်္ဂလိပ်: Milk Tea Alliance) သည် အွန်လိုင်းဒီမိုကရေစီလှုပ်ရှားမှုပုံစံဖြစ်သည်။ ထိုမဟာမိတ်ကို ဟောင်ကောင်၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့၏ အင်တာနက်အသုံးပြုသူများမှ တည်ထောင်ခဲ့ကြသည်။[၂] မြန်မာနိုင်ငံသည်လည်း အာဏာသိမ်းပိုက်ခြင်းကို ဆန္ဒပြရာတွင် ထိုမဟာမိတ်၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။[၃] အစပိုင်းတွင် တရုတ်အင်တာနက် troll များကိုသရော်ရန်ပြုလုပ်ခဲ့သော်လည်း ယခုအခါ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် လှုပ်ရှားမှုပုံစံဖြစ်လာခဲ့သည်။[၄] ဖိလစ်ပိုင်၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘီလာရုဇ်နှင့် အီရန်နိုင်ငံများတွင်လည်း ထိုလှုပ်ရှားမှုမှာ လူသိများလာကြသည်။[၅] အမည်ဖြစ်ပေါ်ပုံနို့လက်ဖက်ရည်ကို တရုတ်နိုင်ငံအားဆန့်ကျင်ရန် အရှေ့တောင်အာရှနိုင်ငံများက လက္ခဏာအဖြစ်အသုံးပြုခဲ့ကြသည်။ ထိုနိုင်ငံများတွင် လက်ဖက်ရည်ကိုနို့ဖြင့်ဖျော်၍ သောက်သုံးကြပြီး တရုတ်နိုင်ငံတွင်မူ နို့မထည့်ဘဲ လက်ဖက်ရည်အတိုင်း (မြန်မာအခေါ်အားဖြင့် ရေနွေးကြမ်း) သာ သောက်သုံးသောကြောင့်ဖြစ်သည်။[၆] ထိုင်ဝမ်၏ Bubble Tea ခေါ် ပုလဲလုံးနို့လက်ဖက်ရည်၊ ဟောင်ကောင်၏ နို့လက်ဖက်ရည်နှင့် ထိုင်းလက်ဖက်ရည်တို့သည် အလွန်ဆင်တူကြသည်။ [၇][၂] နောက်ခံသမိုင်း
တုံ့ပြန်မှုတရုတ်အစိုးရသည်ထိုမဟာမိတ်ကို အမေရိကန်အစိုးရမှစီမံထားသော အရောင်တော်လှန်ရေး (color revolution) တစ်မျိုးဖြစ်သည် ဟူ၍အပြစ်တင်ဝေဖန်ခဲ့သည်။[၁၁] ကျမ်းကိုး
|
Portal di Ensiklopedia Dunia