နီမန်ဂျာ ဗီဒစ်
နီမန်ဂျာဗီဒစ် (Serbian Cyrillic: Немања Видић, Serbian pronunciation: [ně̞maɲa v̞ǐːditɕ] ; အောက်တိုဘာ ၂၁၊ ၁၉၈၁မွေး) သည် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် ၏အသင်းခေါင်းဆောင် ဆားဘီးယားလက်ရွေးစင်ဖြစ်သည်။ သူသည် ၂၀၀၂ မှ ၂၀၁၁ အထိ ဆားဘီးယားလက်ရွေးစင် အသင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ခဲ့သည်။ ဗီဒစ်သည် စပါးတပ်မော်စကိုသို့ ၂၀၀၄ခုနှစ် နွေရာသီတွင် ပြောင်းရွေ့ခဲ့သည်။၂၀၀၆ခုနှစ် နောက်ပိုင်းတွင် ပေါင် ၇သန်းဝန်းကျင်ဖြင့် မန်ချက်စတာယူနိုက်တက်နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ထို့နောက်တွင် သူသည် ရီယိုဖာဒီနန်နှင့် တွဲဖက်၍ တိုးတက်ကောင်းမွန်လာခဲ့သည်။ သူသည် မန်ယူတွင် ကစားစဉ်တစ်လျှောက် ၃နှစ်ဆက်ပရီးမီးယားလိဂ်ဖလား ၃ခု(စုစုပေါင်း လေးခု)၊ ချန်ပီယံလိဂ်ဖလား ၁ခု၊ ကမ္ဘာ့ကလပ်ချန်ပီယံဆုတစ်ခု၊ ကားလင်းဖလား ၃ခုနှင့် ပရီးမီးယားလိဂ်အကောင်းဆုံး အသင်းဆု အပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့သည်။ ၂၀၀၈ ၂၀၀၉ဘောလုံးရာသီတွင် သူသည် မန်ယူကို ၁၄ပွဲဆက် ပေးဂိုးမရှိအသင်းဖြစ်အောင် ကူညီပေးခဲ့ပြီး ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားအဖြစ် ဆုချီးမြင့်ချင်းခံခဲ့ရသည်။ သူသည် ပရိသတ်များမှ ပေးသော အကောင်းဆုံးကစားသမားဆု နှင့် ကစားသမားများမှ ပေးသော အကောင်းဆုံးကစားသမားဆုတို့ကို လည်း ရရှိခဲ့သည်။ ၂၀၁၀ ၁၁ ဘောလုံးရာသီတွင် ဗီဒစ်သည် မန်ချက်စတာယူနိုက်တက်၏ အသင်းခေါင်ဆောင် ဂယ်ရီနဗီး ဘောလုံးကစားခြင်းမှ အနားယူပြီးနောက် မန်ယူ အသင်းခေါင်းဆောင်အသစ်အဖြစ် အပ်နှင်းခြင်းခံခဲ့ရသည်။ သူသည် လက်ရှိ ပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမား ဆုကို လက်ခံထားသူဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia