နီလာသိန်း
နီလာသိန်း (၁၉၇၂ ခုနှစ် မတ်လ ၄ ရက်နေ့ ဖွား) သည် မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည်။ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၏ အဖွဲ့ဝင် ကိုဂျင်မီ(ခ)ကိုကျော်မင်းယု၏ ဇနီးလည်းဖြစ်သည်။[၁] နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်ကာ သူမကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူတစ်ဦး အဖြစ် သတ်မှတ်ထားသည်။[၂] သမိုင်းကြောင်းနီလာသိန်းသည် သူမ၏ အနာဂတ်ခင်ပွန်းဖြစ်သူ ကျော်မင်းယု (ကိုဂျင်မီ) နှင့်အတူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူဖြစ်သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ ၈၈၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့သည်။ ၁၉၉၀ တွင် သူမသည် ဆန္ဒပြပွဲများတွင် ပါဝင်ခြင်းကြောင့် ထောင် နှစ်လ အကျဉ်းချခံခဲ့ရသည်။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင် သာယာဝတီအကျဉ်းထောင် ဆန္ဒပြပွဲများ စီစဉ်မှုအတွက် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံခဲ့ရသည်။၂၀၀၅ ခုနှစ်တွင် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ကျော်မင်းယုနှင့် လက်ထပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွင် ပါဝင်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဩဂုတ်လတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ ဆန္ဒပြပွဲများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နီလာသိန်းလည်းပါဝင်ခဲ့သည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့တွင် နီလာသိန်းသည် ရန်ကုန်ရှိ အခြားသော နိုင်ငံရေး အကျဉ်းသားအချို့နှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သူမနှင့် ခင်ပွန်းဖြစ်သူအပါအဝင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဌေးကြွယ်၊ မမီမီ နှင့် အခြားသော တက်ကြွလှုပ်ရှားသူ ၁၀ ဦးတို့မှာ “အီလက်ထရွန်နစ်ကို တရားမဝင်အသုံးပြုခြင်း” နှင့် “တရားမဝင် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းခြင်း” အစရှိသည့် စွပ်စွဲချက်များဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ထိုအချိန်က ဆယ့်လေးဦးစလုံး သရက်အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ်ချမှတ်ခံရသည်။[၃] [၄]နီလာသိန်းနှင့် ခင်ပွန်းဖြစ်သူ ကိုဂျင်မီတို့သည် နိုင်ငံရေး အကျဉ်းသားများအား အစုလိုက်အပြုံလိုက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထောင်မှ ပြန်လွတ်ပြီးနောက် နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ လက်ပံတန်းကျောင်းသားသပိတ် ထောက်ခံသည့်အနေဖြင့် ရန်ကုန် သမိုင်းလမ်းဆုံတွင် ၂၀၁၅ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက ဆန္ဒပြခဲ့မှုဖြင့် ၂၀၁၆ ဖေဖော်ဝါရီတွင် ထပ်မံ ဖမ်းဆီးခံရသည်။[၅] [၆]၂၀၁၉ ခုနှစ်မေလ ကလည်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့နှင့်[၇] စပ်လျဉ်းပြီး ခေတ္တထိန်းသိမ်းခံရသည့် ဖြစ်စဉ်လည်းရှိခဲ့သည်။[၈] [၉]၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်းကာလများတွင် နီလာသိန်း တိမ်းရှောင်ခဲ့ရသည်။ခင်ပွန်းဖြစ်သူ ဦးဂျင်မီ၏ ရုပ်အလောင်းမတွေ့မချင်း နာရေး လုပ်သွားမှာ မဟုတ်ဘဲ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ထုတ်နိုင်ဖို့ ရန်ငါပြတ်ကြစေဖို့ တိုက်တွန်းကြောင်း ပြောစကားသည်လည်း ထင်ရှားခဲ့သည်။[၁၀] [၁၁] ရရှိခဲ့သည့်ဆုများ၂၀၀၈ ခုနှစ် မတ်လတွင် နိုင်ငံရေး အကျဉ်းသား စုစုနွေး နှင့် မဖြူဖြူသင်း တို့နှင့်အတူ နီလာသိန်း Homo Homini ဆု ချီးမြှင့်ခံရသည်။ မိသားစုဘဝနီလာသိန်းသည် ခင်ပွန်းဖြစ်သူ ကျော်မင်းယု နှင့် သမီးတစ်ဦးထွန်းကားခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia