နေးလ် အမ်းစထရောင်း
နေးလ် အမ်းစထရောင်း (အင်္ဂလိပ်: Neil Armstrong) (ဩဂုတ် ၅၊ ၁၉၃ဝ- ဩဂုတ် ၂၅၊ ၂ဝ၁၂) သည် အမေရိကန်လူမျိုး အာကာသယာဉ်မှူးဖြစ်ပြီး လကမ္ဘာသို့ ပထမဆုံးခြေချသူလည်း ဖြစ်သည်။ သူသည် အာကာသ အင်ဂျင်နီယာ၊ လေယာဉ်အစမ်းမောင်း၊ ရေတပ် လေယာဉ်မှူးနှင့် တက္ကသိုလ် ပါမောက္ခတစ်ဦးလည်း ဖြစ်သည်။ အာကာသယာဉ်မှူးအဖြစ်ခင် သူသည် ရေတပ်တွင် အရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုရီးယားစစ်ပွဲ၍ ဆင်နွဲခဲ့သည်။ တောင်ပိုင်း ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဘွဲရသည်။ အမ်းစထရောင်းသည် အပိုလို ၁၁ မက်ရှင်တွင် နောက်ဆုံးအကြိမ်အဖြစ် အာကာသယာဉ် ကွပ်ကဲရေးယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းသည် ၁၉၆၉ ခုနှစ် လကမ္ဘာပေါ် ခြေချခြင်းဖြစ်သည်။ အမ်းစထရောင်းသည် ၁၉၇၈ ခုနှစ်တွင် သမ္မတ Richrd Nixon မှ Presidential Medal of Freedom ကိုလည်းကောင်း၊ သမ္မတ Jimmy Carter မှ Congressional Space Medal of Honor ကိုလည်းကောင်း၊ ၂ဝဝ၉ ခုနှစ်တွင် သူ့အဖွဲ့သားဟောင်းနှင့်ပူးတွဲကာ Congressional Gold Medal အားလည်းကောင်း ဆွတ်ခူးခဲ့သည်။ အမ်းစထရောင်းသည် ၂ဝ၁၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ခွဲစိတ်ကုသရင်း အသက် ၈၂ နှစ်တွင် ကွန်လွန်ခဲ့သည်။[၁][၂] ကျမ်းကိုး
|
Portal di Ensiklopedia Dunia