နွယ်အေးဗလီ
နွယ်အေး ဆွန္နီဂျာမေဗလီ သည် ရန်ကုန်တိုင်း၊ ဒေါပုံမြို့၊ သီတာနွယ်လမ်းရှိ အစ္စလာမ်ဘာသာရေးအဆောက်အဦ ဖြစ်သည်။ ပရဟိတလှုပ်ရှားမှုများကိုဗစ်-၁၉ ရောဂါဖြင့် ရောဂါထိန်းချုပ်ရေးစင်တာတို့တွင် နေထိုင်ရသူများအား ၂၀၂၀ ပြည့်၊ စက်တင်ဘာမှစ၍ တနေ့ (သုံးနပ်) စာ စားစရာများကို လူ ၁၆၀၀ အတွက် နေ့စဉ် ပို့ပေးသည်မှာ ၂၀၂၁ အာဏာသိမ်းမှု မဖြစ်ခင်အထိပင်။ [၁] ဈေးများ ဆိုင်များ ပိတ်သဖြင့်၎င်း၊ ကောလာဟလများကြောင့် ဈေးနှုန်းမတည်ငြိမ်သဖြင့်၎င်း စားဝတ်နေရေးခက်ခဲသည့် ဒေသခံတို့ကို အခြေခံစားသောက်ကုန်များအား ဈေးလျှော့ရောင်းချခြင်းလည်း လုပ်သည်။ [၂][၃] အခြေတကျရောင်းဝယ်ရန် မလွယ်ကူခြင်း၊ ဝယ်လိုအားလိုက်ခြင်း၊ အလွယ်တကူရရန် ခက်ခဲခြင်းတို့ကြောင့် ဈေးနှုန်းတက်နေသော တကိုယ်ရေသုံး ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ ဆေးဝါးများကိုလည်း အမှန်တကယ်ကျသင့်သောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့၏။ ၂၀၂၁ ခု နှစ်လယ်တွင် ရုတ်တရက်မြင့်တက်လာသော ကူးစက်နှုန်းတို့ကြောင့် လိုအပ်လာသော အောက်ဆီဂျင်အတွက်လည်း အောက်ဆီဂျင်အိုးဖြည့်လုပ်ငန်းကို ဝင်ရောက်ဆောင်ရွက်သည်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia