နှင်းသွေးယုအောင်
နှင်းသွေးယုအောင်(၁၉၉၆ ခုနှစ်ဖွား)သည် မြန်မာ မော်ဒယ်နှင့် အလှမယ်ဖြစ်ပြီး ၆ ကြိမ်မြောက် မြန်မာ မယ်စကြဝဠာ ၂၀၁၈ ခုနှစ်ပြိုင်ပွဲတွင် သရဖူရရှိခဲ့ကြောင့် မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ ၂၀၁၈ ဖြစ်၍လာခဲ့သည်။ အစောပိုင်းဘဝနှင်းသွေးယုအောင်သည် ရှမ်းလူမျိုးဖြစ်ပြီး တာချီလိတ်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သည်။ တာချီလိတ် အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး အထက်တန်းပညာကို ကျိုင်းတုံတက္ကသိုလ်တွင် သူနာပြုသိပ္ပံဘာသာ သင်ကြားလျက်ရှိသည်။ သူမသည် ဗမာ၊ အင်္ဂလိပ်နှင့် ထိုင်းဘာသာစကားများ တက်ကျွမ်းသည်။ အလှမယ်ဘဝ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် နှင်းသွေးယုအောင်သည် မယ်စကြဝဠာမြန်မာပြိုင်ပွဲကို အနိုင်ရရှိခဲ့ပြီး ယခင်နှစ်အလှမယ်ဖြစ်သော ဇွန်သံစဉ်မှ သရဖူဆောင်း၍ပေးခဲ့သည်။ ထို့နောက် သူမသည် ထိုင်းနိုင်ငံတွင် ကျင်းပသော ၂၀၁၈ ခုနှစ် မယ်စကြဝဠာပြိုင်ပွဲကို မြန်မာတိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။[၁][၂]
ကိုးကား
ပြင်ပလင့်များ
|
Portal di Ensiklopedia Dunia