နှမလက်လျှော့နေလေတော့နှမလက်လျှော့နေလေတော့ ကို ရှင်မဟာရဋ္ဌသာရ ရေးဖွဲ့ခဲ့သည်။ ကဗျာအမျိုးအစားမှာ ပိုဒ်စုံရတု ဖြစ်သည်။[၁] အရေးအသားရှင်မဟာရဋ္ဌသာရသည် ကိုရင်ဘဝတွင် ချစ်သူရည်းစား ရှိ၏။ ပညာပြည့်စုံပါက အိမ်ရာထူထောင်ရန် ရည်ရွယ်ထား၏။ သို့ပါသော်လည်း ဆရာဖြစ်သူက လောကီတွင်နေခြင်းထက် လောကုတ္တရာတွင် နေခြင်းသည် ပို၍မြတ်ကြောင်း၊ စာတော်သူတစ်ဦးဖြစ်သည့်အတွက် လောကုတ္တရာတွင် နေထိုင်ပါက ပို၍ အကျိုးရှိပြီး သာသနာအကျိုးကို သယ်ပိုးရာတွင် ပို၍ ကောင်းမည်ဖြစ်ကြောင်း ပြောပြဆုံးမ၏။ ရှင်မဟာဋ္ဌသာရလည်း ဆရာ့စကားနားထောင်ကာ ရဟန်းအဖြစ်နှင့် နေထိုင်မည်ဖြစ်ကြောင်း ပြော၏။ ချစ်သူအား မိမိကို မမျှော်လင့်တော့ရန် နှမလက်လျှော့နေလေတော့ ပျို့ ကို ရေးသားခဲ့သည်။[၂] နှမလက်လျှော့နေလေတော့၁။ ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ်လက်သင်၊ ထုံးစတွင်၌၊ သွေးငင်ကြမ္မာ၊ ဝါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမလည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်းခေါင်မဟူ၊ အတူယှဉ်တွဲ၊ သန်လွှဲမခန့်၊ ကိုယ်သက်စွန့်၍၊ ဝေးဓွန့်ခရီး၊ ချုံကြီးတောအုံ၊ ဝါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးငွေဂဟေ၊ မစပ်လေသို့၊ စာပေတတ်ပွန်၊ သီလက္ခန်နှင့်၊ ကျမ်းဂန်သိမြောက်၊ ပဉ္ဇင်းရောက်က၊ ထပ်လောက်ကျင့်ဖွယ်၊ ရှေးသောနှယ်ကို၊ အဘယ်ကြိုးစားရှာလေတော့မည်။
ကိုးကား
|
Portal di Ensiklopedia Dunia