နှိုင်းရသီအိုရီ![]() နှိုင်းရသီအိုရီ ၂ခုရှိပြီး ယင်းတို့မှာ အိုင်းစတိုင်း၏ ထူးရှားနှိုင်းရသီအိုရီ နှင့် အထွေထွေနှိုင်းရသီအိုရီတို့ဖြစ်သည်။[၁] အထူးနှိုင်းရသီအိုရီသည် ဒြပ်ဆွဲအားမှလွဲ၍ အခြေခံအမှုန်များနှင့် ယင်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အပြုအမူများကို လေ့လာသည်။ ယေဘုယျနှိုင်းရသီအိုရီမှာ သဘာဝ၌ တည်ရှိသော ဒြပ်ဆွဲအားနိယာမနှင့် ယင်းတို့၏အားများကို ရှင်းပြပေးသည်။ ယင်းသည် စကြဝဠာဗေဒ၊ နက္ခတ္တဆိုင်ရာနယ်ပယ်နှင့် နက္ခတ္တဗေဒတို့ပါဝင်သည်။[၂] သီအိုရီသည် ၂၀ ရာစုနှစ်မှ နယူတန်၏ မူလဘူထ မက္ကင်းနစ်သီအိုရီမှ ဆင်းသက်လာခြင်းဖြစ်သည်။[၂] ယင်းသည် အာကာသနှင့် အချိန်ကို ပေါင်းစပ်ပေးပြီး ဒြပ်ဆွဲအား၊ အချိန် ချဲထွင်မှု၊ အလျား ကျုံ့မှု စသည်တို့ ပါဝင်သည်။ ရူပဗေဒနယ်ပယ်တွင် နှိုင်းရသီအိုရီသည် အခြေခံအမှုန်နှင့် ယင်းတို့၏ အပြန်အလှန်ဆက်နွယ်မှုများကို သိပ္ပံနည်းကျ မွမ်းမံပေးခဲ့ပြီး အဏုမြူခေတ်ကို ဆန်းသစ်စေခဲ့သည်။ နှိုင်းရသီအိုရီဖြင့် ရုပ်ပိုင်းဆိုင်ရာ စကြဝဠာဗေဒနှင့် နက္ခတ္တရူပဗေဒတို့သည် နယူထရွန်ကြယ်၊ တွင်းနက်နှင့် ဒြပ်ဆွဲအားလှိုင်းကဲ့သို့ ထူးဆန်းသောအရာများကို ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့သည်။[၂][၃][၄] ကိုးကား
|
Portal di Ensiklopedia Dunia