ပဇီကြီးရွာ၊ ကန့်ဘလူမြို့နယ်
ပဇီကြီးရွာ (အင်္ဂလိပ်: Pazigyi)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၀၆၉ ဖြစ်သည်။ [၁] ၂၀၂၃ ဖြစ်ရပ်၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ပဇီကြီးကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲပြုလုပ်နေစဉ်[၂] စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် ဧပြီလ ၁၃ ရက်နေ့ ၂၀၂၃ အထိ အတည်ပြုချက်အရ အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး ၂၅ ဦး၊ ကလေးသူငယ် ၃၈ ဦး၊ စုစုပေါင်း ၁၇၄ ဦး သေဆုံးခဲ့သည်။[၃] ကန့်ဘလူနယ် ပဇီကြီးကျေးရွာအား စစ်ကောင်စီမှ လေကြောင်းမှတိုက်ခိုက်၍ သေဆုံးသူများတွင်ပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ပြည်သူ့လုံခြုံရေး(ပလဖ)နှင့် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)တာဝန်ယူထားသူ ၁၈ ဦးသာပါဝင်ပြီး ကျန် ၁၅၀ ဦးမှာပြည်သူများသာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ-NUG အစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧပြီ ၁၆ ၂၀၂၃ တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထုတ်ပြန်ခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia