ပဉ္စမမြောက် ဂျော့ဘုရင်
ပဉ္စမမြောက် ဂျော့ဘုရင် (ဂျော့ ဖရက်ဒရစ် အားနက် အဲဘတ်၊ ၃ ဂျွန် ၁၈၆၅ - ၂၀ ဇန်နဝါရီ ၁၉၃၆) သည် ယူနိုက်တက်ကင်းဒန်းနိုင်ငံ၏ ဘုရင်၊ ဗြိတိသျှ အုပ်ချုပ်ခံနိုင်ငံများနှင့် အိန္ဒိယအင်ပါယာတို့၏ ဥသျှောင်အဖြစ် ၁၉၁၀ ခုနှစ်၊ မေလ ၆ ရက်မှ ၁၉၃၆ ခုနှစ် နတ်ရွာစံချိန်အထိ အုပ်ချုပ်ခဲ့သည်။ အဖွားဖြစ်သူ ဝိတိုရိယဘုရင်မကြီးလက်ထက်တွင် ဖွားမြင်ခဲ့ကာ ဖခင် ဝေလမင်းသား အဲဘတ် အက်ဒဝပ်၊ အစ်ကို အဲဘတ် ဗစ်တာ မင်းသား တို့၏နောက် တတိယမြောက် နန်းတက်သူဖြစ်လာသည်။ ၁၈၇၇ မှစ၍ တော်ဝင် ရေတပ်မတော်တွင် အမှုထမ်းရာ အစ်ကိုဖြစ်သူ တိမ်းပါးသည့် ၁၈၉၂ ခုနှစ် အစောပိုင်းအထိပင် ဖြစ်သည်။ သူ၏ မမျှော်လင့်သော သေဆုံးမှုက ဂျော့၏ ဦးခေါင်းထက်သို့ သရဖူရောက်လာစေသည်။ ၁၉၀၁ ခုနှစ် အဖွားဖြစ်သူ ခေါင်းချသွားသည့်အခါ ဖခင်မှာ ဗြိတိသျှအင်ပါယာသခင် သတ္တမမြောက် အက်ဒဝပ်ဘုရင်အဖြစ် နန်းတက်ပြီး ဂျော့မှာမူ ဝေလမင်းသား ဖြစ်လာသည်။ ၁၉၁၀ ခုနှစ်တွင် ဖခင်၏အရိုက်အရာကို ဆက်ခံသည်။ ဂျော့သည် အိန္ဒိယအင်ပါယာသခင်အနေဖြင့် ဒေလီဒါဘီသို့ ကိုယ်တိုင်တက်ရောက်ခဲ့သည့် တစ်ဦးတည်းသောဘုရင် ဖြစ်သည်။ ![]() ပဉ္စမမြောက်ဂျော့ဘုရင် အုပ်စိုးစဉ်ကာလတွင် ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ ဖက်ဆစ်ဝါဒ၊ အိုင်းရစ်သမ္မတနိုင်ငံထူထောင်ရေးဝါဒနှင့် အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှုများ ဖြစ်ခဲ့ရာ နိုင်ငံရေးအခင်းအကျင်း၌ အပြောင်းအလဲများစွာ ပေါ်လာသည်။ ဗြိတိသျှရွေးကောက်ခံလွှတ်တော်က ရွေးကောက်ခံရန်မလိုသည့် မျက်နှာဖုံးအသိုင်းအဝိုင်းလွှတ်တော်ကို ဩဇာသက်ရောက်နိုင်သည့် ၁၉၁၁ ပါလီမန်အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ပထမကမ္ဘာစစ်၏ အကျိုးဆက်အဖြစ် ဝမ်းကွဲညီအစ်ကိုများဖြစ်သော ရုရှားမှ ဒုတိယမြောက် ဇာ နီကိုလက် နှင့် ဂျာမနီမှ ဒုတိယမြောက် ကိုင်ဇာ ဗီလင် တို့ ထီးနန်းပြုတ်ကျကာ ဗြိတိသျှအင်ပါယာ၏ ဩဇာအာဏာ ထင်ရှားလာသည်။ ဂျာမနီဆန့်ကျင်သော လူထုလှုပ်ရှားမှုများကြောင့် ၁၉၁၇ ခုနှစ်တွင် ဆက် ကိုဘာ နှင့် ဂိုသာ အိမ်တော်အား ဝင်ဆာ အိမ်တော် ဟူ၍ အမည်ပြောင်းခဲ့ရာ ထိုအိမ်တော်မှ ပထမဆုံး စိုးစံသူ ဖြစ်လာသည်။ ပထမဆုံးသော အလုပ်သမားဝန်ကြီးဌာနကို ၁၉၁၇ ခုနှစ်တွင် ဖွင့်လှစ်ပေးသကဲ့သို့ ဝတ်မင်စတာအား ဗြိတိသျှအင်ပါယာနှင့် ဓနသဟာယနိုင်ငံတို့တွင် မပါဝင်သော သီးခြားနယ်မြေအဖြစ်လည်း ၁၉၃၁ ခုနှစ်တွင် သတ်မှတ်နိုင်ခဲ့သည်။ နန်းစံနှစ်နောက်ပိုင်းကာလများမှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည့် ကျန်းမာရေးပြဿနာများ ရှိခဲ့ပြီး ကွယ်လွန်ပြီးနောက် အကြီးဆုံးသားက အဋ္ဌမမြောက်အက်ဒဝပ်ဘုရင်အဖြစ် နန်းတက်သည်။
![]()
ကိုးကား |
Portal di Ensiklopedia Dunia