ပဉ္စာနန္တရိယကံအနန္တရိယကံ သည် ငါးပါး ရှိသည်။ ပဉ္စာနန္တရိယကံ ဟုလည်း ခေါ်ကြသည်။ ကြီးလေးသောကံတရားဖြစ်ပြီး ကျူးလွန်မိသောသူအား ကြီးလေးသော အပြစ်အန္တရာယ်များ ကျရောက်စေသည်။[၁][၂] အနန္တရိယဟု ခေါ်ဆိုခြင်းမှာ 'အ' (မရှိ)၊ 'နန္တရ' (ကြားကာလ) ဖြစ်ပြီး အဓိပ္ပာယ်အားဖြင့် ကျူးလွန်သူသည် ကြားကာလမရှိဘဲ နောက်ဘဝ၌ ချက်ချင်း ထိုကံ၏ ဆိုးကျိုးကို ခံစားရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ကျူးလွန်သူသည် အဝီစိငရဲပြည်သို့ သေချာပေါက်ရောက်မည် ဖြစ်သည်။[၃] ဗုဒ္ဓဘာသာ၌ ထိုကဲ့သို့ ကြီးလေးသည့် အန္တရိယကံကို ကျူးလွန်သူအား ထိုဘဝ၌ သောတာပန်၊ သကဒါဂါမ်၊ အနာဂမ်၊ ရဟန္တာ စသည့်အရိယာများ ဖြစ်ခွင့်မရှိအောင်ပင် ပိတ်ပင်တားဆီးသည်။[၄] အန္တရိယကံ ငါးမျိုးတို့မှာ အောက်ပါတို့ ဖြစ်သည် - [၅][၆][၇]
ဤအနန္တရိယကံကို ကျူးလွန်သူငါးဦးတို့သည် ကုသိုလ်ကောင်းမှုမည်မျှပင်ပြုပြု သေသည်၏အခြားမဲ့က အဝီစိငရဲ စသည်သို့ မုချသွားရောက် ခံစားရမည်ဖြစ်သည်။[၈] ကျမ်းဂန်လာ အနန္တရိယကံကျူးလွန်သူများအရှင်ဒေဝဒတ်ဘုရင်ကြီး သုပ္ပဗုဒ္ဓ၏ သားဖြစ်သူ၊ ယသောဓရာ၏ မောင်တော်စပ်သူ၊ သိဒ္ဓတ္ထမင်းသား၏ တစ်ဝမ်းကွဲညီအစ်ကိုနှင့် ယောက်ဖတော်စပ်သူဖြစ်သည်။ အရှင်ဒေဝဒတ်သည် မြတ်စွာဘုရားအား ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်တုံးလှိမ့်ချကာ မြတ်စွာဘုရားအား သတ်ဖို့ကြိုးစားရာတွင် မြတ်စွာဘုရား၏ ခြေတော်၌ သွေးစိမ်းတည်အောင်ပြုလုပ်ခြင်း၊ သံဃာသင်းခွဲခြင်း စသည့်ကံများကြောင့် အစီစိငရဲသို့ ကျရောက်ခဲ့ရသည်။ အဇာတသတ်အဇာတသတ်သည် ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်ခဲ့သည့် အနန္တရိယကံကို ကျူးလွန်သည့်အတွက် အဝီစိငရဲသို့ ကျရောက်ရန်ရှိခဲ့သော်လည်း မိမိ၏ အမှားကို သိမြင်ကာ တောင်းပန်ကန်တော့ခဲ့သောကြောင့် လောဟကုမ္ဘီငရဲသို့သာ ကျရောက်ခဲ့သည်။ ပဉ္စာနန္တရိယကံ အဆုံးအဖြတ်များကို အဋ္ဌာနပါဠိ-ပဌမဝဂ်မှာ ကြည့်ပါ။ ပဉ္စာနန္တရိယကံ-၅-ပါးနှင့်စပ်၍ မှတ်သားဖွယ်များ
ကိုးကား
|
Portal di Ensiklopedia Dunia