ပဋိသန္ဓေ တားဆီးခြင်းပဋိသန္ဓေ တားဆီးခြင်း ဆိုသည်မှာ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့အား ကိုယ်ဝန်မရရှိစေပဲ လိင်ဆက်ဆံမှု ပြုနိုင်ရန် ကူညီပံ့ပိုးပေးသော နည်းလမ်း ဖြစ်သည်။ အချို့သော ပဋိသန္ဓေ တာဆီးနည်းများမှာ လိင်မှတဆင့် ပြန့်ပွားတတ်သော ရောဂါများမှ အကာအကွယ်ရရန် အတွက်လည်း အထောက်အကူပေးသည်။ လူတို့အနေနှင့် ပဋိသန္ဓေ တားဆီးခြင်းနှင့် လိင်မှတဆင့် ပြန့်ပွားတတ်သော ရောဂါများကို ကာကွယ်၍ လိင်ဆက်ဆံမှု ပြုကြခြင်းကို safe sex ဟု ခေါ်ကြသည်။ ပဋိသန္ဓေ တားဆီးခြင်းကို တခါတရံတွင် မိသားစု စီမံခန့်ခွဲခြင်း (family planning) ဟုလည်း ခေါ်ကြသည်။ ထိုသို့ ခေါ်ဆိုရခြင်း အကြောင်းမှာ လူတို့အနေနှင့် သူတို့ အလိုရှိမှသာ ကလေး ရယူပြီး မိသားစု ဘဝတည်ဆောက်ကြခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထို့ကြောင့် မိသားစုနှင့် ကလေးရယူခြင်းမှာ မတော်တဆ ဖြစ်ပျက်ခြင်း မဟုတ်တော့ပေ။
ပဋိသန္ဓေ တားဆီးခြင်း နည်းလမ်းများပဋိသန္ဓေ တားဆီးခြင်း နည်းလမ်း အမျိုးမျိုး ရှိသည်။ ၎င်းတို့ထဲမှ အချို့ကို လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် စတင် ကျင့်သုံးခဲ့ကြသော်လည်း အများစုမှာ လွန်ခဲ့သော နှစ် ၈၀ အတွင်းကမှ ရှာဖွေတွေ့ရှိခဲ့သည်။ ပဋိသန္ဓေ တားဆီးသည့် နည်းလမ်းတိုင်းတွင် အကျိုးအပြစ်များ ရှိသည်။ အကာအကွယ် နည်းလမ်းအကာအကွယ်ဆိုသည်မှာ အရာဝတ္ထု နှစ်ခုကြားတွင် တစ်ခုခုဖြင့် ပိတ်ဆို့ထားခြင်းကို ခေါ်သည်။ အကာအကွယ် နည်းလမ်းသည် ယောက်ျားမျိုးဥနှင့် မိန်းမမျိုးဥတို့ကို မပေါင်းစည်းသွားအောင် တားဆီးခြင်းပင်ဖြစ်သည်။ အချို့သော အကာအကွယ် နည်းလမ်းများမှာ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါ များမှလည်း အကာအကွယ် ပေးသည်။ ![]()
ဟိုမုန်းနည်းလမ်းသားအိမ်အတွင်းမှ ကာကွယ်ခြင်း နည်းလမ်းသန့်စင်ခြင်းနည်းလမ်းသမာရိုးကျ ကာကွယ်ခြင်း နည်းလမ်းအချိန်အပိုင်းအခြားဖြင့် ရှောင်ကြဉ်ခြင်း နည်းလမ်းများLactational Amenorrhea နည်းလမ်းကလေးကို မိခင်နို့ ပုံမှန်တိုက်ခြင်းဖြင့် နို့တိုက်မိခင်များ ၆ လအတွင်း တားဆီးပေးနိုင်သော အာနိသင်ရှိသော်လည်း စိတ်ချရသော နည်းလမ်းမဟုတ်ပေ။ ဆေးဖြင့် ပဋိသန္ဓေကို ရပ်တန့်စေခြင်း နည်းလမ်း |
Portal di Ensiklopedia Dunia