ပဌမဂဏိကစေတာပနသိက္ခာပုဒ်
အမှု—ယာဂုကို ရည်ညွှန်း၍ လှူအပ်သော ဘိက္ခုနီအများဆိုင် ပရိက္ခရာဖြင့် ဆေးကို လဲစေမှု။ အမှုသည်—ဘိက္ခုနီအများ။ [၁] ကျောင်းဒါယကာ အသင်းအသင်းတစ်ခုက ဆောက်လုပ်လှူဒါန်းအပ်သော ကျောင်းပရိဝုဏ်အတွင်း၌ နေထိုင်ကြသော ဘိက္ခုနီတို့မှာ ယာဂု လုံလောက်စွာ မသောက်ရသဖြင့် ပင်ပန်းကြသည်ကို ထိုကျောင်းဒါယကာအသင်းက သိ၍ အသင်းသားများထံမှ တတ်နိုင်သမျှ ပစ္စည်းကို အလှူခံပြီးလျှင် ဈေးသည်တစ်ဦးထံ အပ်နှံထားကြပြီးနောက် ထိုကျောင်းနေ ဘိက္ခုနီတို့အားလည်း ထိုဈေးသည်ထံမှ ဆန်ကို အလှူခံဖို့ရန် လျှောက်ထားကြလေသည်။ ဘိက္ခုနီတို့သည် ထိုဈေးသည်အထံမှ ဒါယကာတို့ ရည်ညွှန်းအပ်သော ဆန်ကို အလှူမခံဘဲ ထိုအပ်နှံထားသော ပရိက္ခရာဖြင့် ဆေးကို လဲစေကြလေရာ, ထိုအကြောင်းကို ကြားသော အသင်းသားတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ သိက္ခာပုဒ်ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန မဟာဇနိကေန အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။ မြန်မာပြန်အကြင် ဘိက္ခုနီသည် အခြားပစ္စည်းအတွက် လှူအပ် အခြားပစ္စည်းကို ရည်ညွှန်း၍ လှူအပ်သော ဘိက္ခုနီ အများဆိုင် ဖြစ်သော ပရိက္ခရာဖြင့် အခြားပစ္စည်းတမျိုးကို လှူစေအံ့၊ ထိုဘိက္ခုနီမှာ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။ ကိုးကား
|
Portal di Ensiklopedia Dunia