ပယ်ပုံတော်ဝင်းပယ်ပုံတော်ဝင်း အမရပူရမြို့နန်းတည် ဗဒုံမင်းကြီးခေါ် ဘိုးတော်ဘုရားတည်ဆောက်ခဲ့သော ပယ်အတိုင်းအတာ စံနှုန်းပြ ကျောက်စာဖြစ်သည်။ တည်နေရာအကွက် ၉၀၃၊ သီတာအေးရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။ အရှေ့ဘက်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်း၊ အနောက်ဘက်တွင် ဘုံကျော်ကျောင်းတိုက်၊ တောင်ဘက်တွင် စစ်ကိုင်းလမ်းခွဲနှင့် ချမ်းမြသာစည်ရပ်ကွက်၊ မြောက်ဘက်တွင် ရတနာပုံကားကြီးကွင်း တည်ရှိသည်။ ခေတ်ကာလအမရပူရခေတ်လက်ရာ ကျောက်စာနှင့် ကျောက်တိုင်များကို စကျင်ကျောက်ဖြင့် ထွင်းထုထားသည်။ ထူးခြားချက်ဘုရင်ပိုင်မြေနှင့် ပြည်သူပိုင်မြေတပယ်၏ အတိုင်းအတာကို ကျောက်တိုင်များဖြင့် စံနမူနာပြ စိုက်ထူထားသည်။ ကျောက်စာတွင် မြန်မာ့ရိုးရာတိုင်းတာမှု စံနှုန်းပါသည်။ သမိုင်းအကျဉ်းပယ်ပုံတော်ဝင်းကို သီရိပဝရပိယောနန္တယသတြိဘဝနာဒိတျာဓိပတိ ပဏ္ဍိတမဟာဓမ္မရာဇာဓိရာဇာ မည်သော ဆင်ဖြူများရှင်မင်းတရား ဘိုးတော်ဗဒုံမင်းသည် မဟာပထဝီဖြစ်သော ဤမြေကြီးသည် ယူဇနာ နှစ်သိန်းလေးသောင်းရှိရာ ဆံခြည်တစ်ခြမ်း၊ နှမ်းတစ်လုံးရှိအရာတို့ကို အလေးအမြတ်ပြုစေရန် ပြည်သူပြည်သားတို့ ကန်သင်း၊ ကန်ပိုင်၊ နယ်စပ်အငြင်းအခုံ ခိုက်ရနမဖြစ် အပြစ်ကင်းလွတ်စေရန် ပညာရှိတို့နှင့် နှီးနှောတိုင်ပင်ပြီး ပကတိပယ်နှင့် မင်းပယ်နှစ်ရပ်ကို ကျမ်းဂန်လာထုံးစံဥပဒေနှင့်အညီ နေရာ၊ ဝင်းသတ်မှတ်၍ ကျောက်တိုင်များ စိုက်ထူတော်မူခဲ့သည်။ အငြင်းအခုံတစ်ခုပေါ်လာပါက ပကတိပယ်၊ မင်းပယ်တို့စံနှုန်းများနှင့် တိုင်းတာဆုံးဖြတ်စေရန် ကျောက်စာများဖြင့် ရေးသားစိုက်ထူခဲ့သည်။
အမျိုးအစားသံကူကွန်ကရစ်ကျောက်စာရုံ နှစ်ရုံရှိပြီး ပယ်အတိုင်းအတာ စကျင်ကျောက်တိုင်များ ရှိသည်။ လက်ရှိအခြေအနေကျောက်စာ၊ ကျောက်စာရုံနှင့် စိုက်ထားသော ကျောက်တိုင်များအားလုံး မူလအတိုင်း မပျက်မစီး ရှိနေပါသည်။ ကျောက်စာရုံနှစ်ရုံကို လက်ရန်းများဖြင့် ဧရိယာပြုဝန်းရံထားပြီး စံနှုန်းပြကျောက်တိုင်များကိုမူ သံပန်းများဖြင့် အုပ်မိုးထိန်းသိမ်းထားသည်။ ထိန်းသိမ်းမှုရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ဝင်းခြံတစ်ခုလုံးကို ဝင်းခတ်ထိန်းသိမ်း စောင့်ရှောက်ထားသည်။ အကိုးအကား
|
Portal di Ensiklopedia Dunia