ပယ်ရီကျူရီ
ပယ်ရီကျူရီ (အင်္ဂလိပ်: Pierre Curie) ကို ၁၈၅၉ ခုနှစ် မေလ ၁၅ ရက်တွင် ပဲရစ်မြို့၌ မွေးဖွားခဲ့သည်။ သူသည် သံလိုက်ဓာတ်၊ ကျောက်သလင်းကဲ့သို့ ပုံဆောင်ခဲများအကြောင်း၊ ပိုင်အီဇို လျှပ်စစ်နှင့် ရေဒီယိုဓာတ်သတ္တိကြွမှုဆိုင်ရာတွင် ရှေ့ဆောင်အဖြစ် ထင်ရှားခဲ့သည်။ ၁၉၀၃ ခုနှစ်တွင် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို လက်ခံရရှိခဲ့သည်။[၁] သူသည် ငယ်စဉ်ကဖခင်ဖြစ်သူ၏ စနစ်တကျ ပညာသင်ကြားပေးခြင်းကို ခံယူရကာ သင်္ချာနှင့် ဂျီဩမေတြီပညာရပ်များတွင် ထူးချွန်ခဲ့သည်။ သူ အသက် ၁၈ နှစ်အရွယ်တွင် အထက်တန်း ပညာရပ်များကို သင်ကြားတတ်မြောက်ခဲ့သော်လည်း ငွေကြေးချိုတဲ့ခဲ့၍ ပါရဂူဘွဲ့ ရယူရန် နှောင့်နှေးခဲ့ရသည်။ သူသည် သုတေသနဓာတ်ခွဲခန်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ၁၉၀၀ ပြည့်နှစ်တွင် ကျောက်သလင်းကဲ့သို့ ပုံဆောင်ခဲကိုဖိသိပ်ခြင်းဖြင့် လျှပ်စစ်ဓာတ်ကို ထုတ်လုပ်နိုင်ကြောင်းကို သရုပ်ပြသနိုင်ခဲ့သည်။ အဆိုပါ ဖော်ထုတ်ချက်သည် ခရစ်စတယ်များကို အသုံးပြုကာ လျှပ်စီးလမ်းကြောင်းများအဖြစ် ပြုလုပ်နိုင်သည့် အခြေခံအချက်လည်းဖြစ်ခဲ့သည်။ သူသည် ပါရဂူဘွဲ့အတွက် စာတမ်းများပြုစုရန်သံလိုက် စွမ်းအင်အကြောင်းကို အထူးလေ့လာခဲ့သည်။ ဇနီးဖြစ်သူ မာရီကျူရီနှင့်အတူ ရေဒီယိုသတ္တိကြွခြင်းအကြောင်းကို လေ့လာခဲ့သူဖြစ်သည်။ "Radioactivity" ဟူသော စကားလုံ:ကို အစဦးသုံးခဲ့သူများဖြစ်ပြီး အဆိုပါ ပညာရပ်၏ရှေ့ဆောင်များလည်း ဖြစ်ခဲ့သည်။ ပယ်ရီ ကျူရီသည် ၁၉၀၆ ခုနှစ် ဧပြီလ ၁၉ ရက်တွင် ပဲရစ်မြို့၌ ကွယ်လွန်ခဲ့သည်။
မှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia