ပရိုဂရမ်သဒ္ဒါprogramming language များလည်း သဒ္ဒါဆိုတာ ရှိသည်။ ဆိုလိုသည်မှာ ပရိုဂရမ်၏ အမိန့်စာကြောင်းများကို ရေးသားရာတွင် စည်းစနစ်မှန်ကန်မှု အဓိကလိုအပ်ပါသည်။ မိမိရေးသားသော ပရိုဂရမ်တွင် စဉ်းစားတွက်ချက်နည်းစနစ်မှန်ကန်သော်လည်း မိမိအသုံးပြုသောပရိုဂရမ်၏ သဒ္ဒါစည်းစနစ်မှန်ကန်မှုမရှိခဲ့ပါက မိမိ၏ ခိုင်းစေသော အမိန့်စာကြောင်းပါ အမိန့်များအတိုင်း ကွန်ပျူတာက အလုပ်လိုက် လုပ်ပေးမည်မဟုတ်ပါ။ Programming Language များစွာထဲမှ C++(C double plus) ဟုခေါ်သော programming Language တစ်ခုကို ကျနော်တို့ စပြီးလေ့လာကြရအောင်။ C++ programming language ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုတော့ မရေးပေးတော့ပါဘူး။ သမိုင်းကြောင်းကို လေ့လာခြင်း မဟုတ်သည့်အတွက် အဓိက ထားပြီး မရှင်းပြ နိုင်ခြင်း ဖြစ်ပါတယ်။ ပထမဦးစွာ ကျွန်တော်တို့ programming language တွင် အသုံးအများဆုံး စကားလုံးများကို နားလည်အောင် ဖတ်ရှုပါ့မယ်။သတိပြုရန်- အမိန့်စာကြောင်းများ မဟုတ်။ အခေါ်အဝေါ်များသာဖြစ်သည်။ •Data types(မိမိအသုံး အပြု လိုသော အချက်အလက်များ အမျိုးအစားများ။ ဥပမာ (ကိန်းဂဏန်းအမျိုးအစားလား(သို့)ဗျည်းအက္ခရာလား စသည်ဖြင့်)။ • Keyword (အရေးပါသော စကားလုံး(သို့) ၎င်း Language တွင် လိုအပ်သလို ထည့်သွင်းသုံးစွဲခွင့် ရှိသော စကားလုံး။၎င်း စကားလုံးများတွင် ကိုယ်ပိုင်လုပ်ဆောင်မှုများ စွမ်းဆောင်နိုင်မှုများ ရှိသည်။ • Operator (ပရိုဂရမ်အတွင်းသုံး သင်္ချာပိုင်းဆိုင်ရာ တွက်ချက်မှု သင်္ကေတ အသုံးအနှုံးများ)။ • Expression (အသုံးအနှုံးများသတ်မှတ်ခြင်း (သို့) အတိအလင်း ဖြစ်ခြင်း)။ • Logical (ယုတ္တိတန်သော။(သို့) အမှား၊အမှန် ခွဲခြားနိုင်သော)။ • Bitwish (ကွန်ပျူတာသုံး အသေးဆုံးယူနစ်တွက်နည်းများ)။ • Arithmetic (ဂဏန်းသင်္ချာနှင့်ဆိုင်သော)။ • Relational (ဆက်သွယ်မှု၊ ဆက်စပ်မှု၊နှိုင်းယှဉ်ခြင်း)။ • Assignment (ရေးပုံရေးနည်းစနစ်)။ • Single quote (အဖွင့်အပိတ်(‘a’))။ • Double quote (အဖွင့်အပိတ်(“a”))။ • Conditional (အခြေ အနေတစ်ရပ်ကို မူတည်သော။ အခြေအနေအရ ဖြစ်သော။)။ • Statement ( ရေးသားပုံ။စာကြောင်း)။ • Syntax (ပရိုဂရမ်၏ အမိန့်စာကြောင်းများ ရေးသားတည်ဆောက်ပုံ(သို့) စာကြောင်း အထားအသိုပုံစံ)။ • Variable (ပြောင်းလဲနိုင်သောအရာ။ ကိန်းရှင်။)။ • Identifier (ရွေးထုတ်သည်။ ခွဲခြားနိုင်သည်။ဖော်ထုတ်နိုင်သည်။) • Expression (ကိန်းသေများ၊ ကိန်းရှင်များနှင့် အခြားသော အချက်အလက်များကို operator နှင့် ဆက်စပ်ထား ခြင်းဖြစ်သည်။ ၎င်း အနေအထားအား ဖြေရှင်းလိုက်ပါက တန်ဖိုးတစ်ခုခု (သို့)အခြေအနေတစ်ရပ် ဖြစ်ပေါ်စေမှာ ဖြစ်သည်။ တနည်းအားဖြင့် အဖြေတစ်ခုရအောင် Program နည်းလမ်းကျကျ ဖွဲ့စည်းတည်ဆောက်ထားသော ဖော်မြူလာ ပုံသေနည်းဖြစ်သည်။ • Default (အတိအကျ(သို့)ပြောင်းလဲနိုင်စွမ်းမရှိ) ရင်းမြစ် |
Portal di Ensiklopedia Dunia