ပါဏာတိပါတပါဏာတိပါတ အင်္ဂါ ၅-ပါးသတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်း အင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။ (၁) ပါဏ- သက်ရှိသတ္တဝါဖြစ်ခြင်း၊ (၂) ပါဏသညိတ- သက်ရှိသတ္တဝါဟု မှတ်သိခြင်း၊ (၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊ (၄) ဥပက္ကမ- လုံ့လဥပခြင်း၊ (၅) မရဏ- ထိုလုံ့လကြောင့် သေခြင်း။ ပါဏာတိပါတ၏ ပယောဂမျိုး ၈-ပါးပါဏာတိပါတကံ ဖြစ်နိုင်ခြင်း၏ အကြောင်းတရားမျိုး ရှစ်ပါး၊ ပါရာဇိကဏ် အဋ္ဌကထာမှ — (၁) ဥဒိဿ ပယောဂ-သတ္တဝါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊ (၂) အနုဒ္ဒိဿ ပယောဂ-သတ္တဝါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊ (၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊ (၄) အာဏတ္တိက ပယောဂ- သူတပါးကို စေခိုင်းခြင်း၊ (၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တဝါကို မြှား၊ လှံ၊ သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊ (၆) ထာဝရ ပယောဂ- အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်း၊ ဆေးဝါး အစီအရင်ထားခြင်းç စသည့် အရာမျိုး၊ (၇) ဝိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက်၊ ဓာတ်ဆင်၊ ဂါထာမန္တရား စသော အစီအရင်တို့ဖြင့် သေအောင်ပြုခြင်း၊ (၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိတန်ခိုးဖြင့် သတ္တဝါတို့ကို သေစေခြင်း။ ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုးပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာအမျိုးမျိုးဖြင့် လာရှိသော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌကထာလာ သင်္ချာ ၂၃-ပါးကို ဆိုလေသည်၊ သိလွယ်နိုင်ရန် မြန်မာဘာသာ သက်သက်ဖြင့် ပြလိုက်၏။
သူတစ်ပါးအသက်ကို သတ်ဖြတ်သောသူသည် သေလွန်သောအခါ အပါယ်လေးဘုံသို့ ကျရောက်ပြီး ဒုက္ခများ ခံစားရသည်။ ထို့ပြင် ရှေးကုသိုလ်ကံကြောင့် အပါယ်ဘုံမှလွတ်မြောက်ကာ လူ့ဘဝကို ရရှိခဲ့ပါကလည်း အောက်ပါဆိုးကျိုးများကို ခံစားရနိုင်သည်။
စောင့်ထိန်းရကျိုးပါဏာတိပါတကံ မကျူးလွန်အောင် စောင့်ထိန်းသော သူသည် သုဂတိဘုံသို့ လားရသည်။ အထက်တွင် ဖော်ပြခဲ့သည့် ဆိုးကျိုး (၁၀) မျိုးတို့၏ ဆန့်ကျင်ဘက်ဖြစ်သော ချမ်းသာသုခတို့ကို ခံစားရသည်။[၁] ကိုးကား
|
Portal di Ensiklopedia Dunia