ပါဒူအာပါဒူအာ (/ˈpædjuə/ pad-EW-ə) သည် အီတလီမြောက်ပိုင်းရှိ ဗီးနတိုနယ်မှ မြို့တမြို့ ဖြစ်သည်။ ပါဒူအာပြည်နယ်၏ မြို့တော်ဖြစ်ပြီး စီးပွားရေးနှင့် ဆက်သွယ်ရေး အချက်အချာနေရာ ဖြစ်သည်။ လူဦးရေမှာ ၂၀၁၁ စာရင်းအရ ၂၁၄,၀၀၀ ယောက် ရှိသည်။ ပါဒူအာ၊ ထရာဗီဆိုနှင့် ဗီးနစ်တို့ကို ပေါင်းကာ ပါထရာဗီ (PaTreVe) သို့တည်းမဟုတ် ပါဒူအာ-ထရာဗီဆို-ဗီးနစ် မြို့ပြဧရိယာဟု ခေါ်ကြ၏။ ထို ၃ ခုပေါင်းက လူဦးရေ ၂,၆၀၀,၀၀၀ မျှ ရှိသည်။ ဗင်စန်ဇာမြို့၏ အရှေ့တောင်ဘက် ၂၉ ကီလိုမီတာ (၁၈ မိုင်) အကွာတွင်၎င်း၊ ဗီးနစ်မြို့အနောက်ဘက် ၄၀ ကီလိုမီတာ (၂၅ မိုင်) အကွာရှိ၊ ဘက်ခစ်လီယွန်နယ်မြစ် အနောက်ဘက်ကမ်းတွင်၎င်း တည်၏။ မြို့၏ အနောက်တောင်ဘက်တွင် အလွန်သာယာ၍ ပီထရာ့၊ အူဂို ဖေါ့စကိုလို၊ လူကန်နှင့် ရှယ်လီသို့သော ကဗျာဆရာများ ဂုဏ်တင်ရေးသားကြသည့် အူဂါနီယိုတောင်ကုန်းစု ရှိသည်။ ပေါ်တူဂီရှိ ဖရန်စစ်ကျောင်းတော်ထွက် မြို့၏သူတော်စင် စိန့်အန်တိုနီသည် သူ့ဘဝကို ဤမြို့တွင်ပင် မြှုပ်နှံသည်မှာ သေလွန်သော ၁၂၃၁ ခုအထိ ဖြစ်၏။ မြို့သည် ပါဒူအာတက္ကသိုလ်ကြောင့်လည်း ကျော်စောသည်။ ဘိုလော့နာတက္ကသိုလ်မှ ပို၍လွတ်လပ်စွာ ပြောဆိုနိုင်သောအခွင့်ကို ရှာရန် ခွဲထွက်လာသော ပါမောက္ခများနှင့် ကျောင်းသားတို့က ၁၂၂၂ ခုတွင် ဤတက္ကသိုလ်ကို ထူထောင်၏။ ၁၅၉၂ ခုမှ ၁၆၁၀ ခုအတွင်း ဂယ်လီလီယိုသည် နည်းပြအဖြစ် လုပ်ကိုင်ဖူးသည်။ ရှိတ်စပီးယားက မိန်းမရိုင်းကိုယဉ်ပါးစေခြင်း ပြဇာတ်တွင် ဇာတ်ကွက်အများစုကို ပါဒူအာ၌ တည်၏။ အိုင်းရှစ် စာရေးဆရာ အော်စကာဝိုင်းသည်လည်း ပါဒူအာမြို့စားကတော် အမည်ဖြင့် ပြဇာတ်ရေးဖူးသည်။ ကိုးကား |
Portal di Ensiklopedia Dunia