ပါပူအာနယူးဂီနီနိုင်ငံကိုဩဒိနိတ်: 6°S 147°E / 6°S 147°E
ပါပူအာနယူးဂီနီသည် ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု အမျိုးအစား ကွဲပြားမှု အများဆုံးရှိသော နိုင်ငံဖြစ်ပြီး ဒေသသုံး ဘာသာစကား ၈၄၈ မျိုးရှိပြီး ယင်းတို့အနက် ၁၁ မျိုးကို သက်ရှိထင်ရှားပြောဆိုသူ မရှိတော့ပေ။[၆] လူဦးရေ ၇ သန်းတွင် ရိုးရာ အဖွဲ့အစည်းများလည်း အများအပြား ရှိသည်။[၁၁] ထို့အပြင် ကျေးလက်ဒေသ အများပြားဆုံးသော နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လူဦးရေ၏ ၁၈ ရာခိုင်နှုန်းသာ မြို့ပြတွင် နေထိုင်ကြသည်။[၁၂] ထို့အပြင် ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု နှင့် ပထဝီအနေအထားအားဖြင့် အနည်းဆုံး စူးစမ်းရှာဖွေသော ဒေသဖြစ်ပြီး မတွေ့ရှိသေးသော အပင်များ တိရစ္ဆာန်များ ပါပူအာနယူးဂီနီ၏ အတွင်းပိုင်းတွင် အများအပြား ရှိလိမ့်မည်ဟု ယူဆရသည်။[၁၃] လူဦးရေ၏ ရာခိုင်နှုန်း အတော်များများမှာ ရိုးရာ အဖွဲ့အစည်းများဖြင့်သာ နေထိုင်ကြပြီး တစ်ဦးချင်း တစ်မိသားစုချင်း လုံလောက်ရုံမျှ စိုက်ပျိုးသော စိုက်ပျိုးမွေးမြူရေးစနစ်ပေါ်တွင် အခြေခံ နေထိုင်ကြသည်။ ထိုအဖွဲ့အစည်းများမှာ နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းတွင် တသီးတသန့် နေရာရထားကြသည်။ ၁၈၈၄ ခုနှစ်မှစ၍ ပြင်ပနိုင်ငံကြီး ၃ နိုင်ငံမှ လွှမ်းမိုးအုပ်ချုပ်ခဲ့ပြီးနောက် ပါပူအာ နယူးဂီနီသည် ၁၉၇၅ ခုနှစ်တွင် ဩစတေးလျမှ လွတ်လပ်ရေး ရခဲ့သည်။ သို့သော် ပါပူအာနယူးဂီနီသည် အဲလိဇဘက် ၂ ဘုရင်မ၏ ဓနသဟာယနယ်ပယ် အတွင်းတွင် ပါဝင်လျက် ရှိကြသည်။ ပြည်သူအများစုမှာ အလွန်ပင် ဆင်းရဲကြပြီး သုံးပုံတစ်ပုံမျှသော လူဦးရေမှာ တစ်နေ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၂၅ ထက် မပိုသော ငွေဖြင့် နေထိုင်ကြသည်။
ကိုးကား
|
Portal di Ensiklopedia Dunia