ပီကန်းဘာရူးမြို့![]() ပီကန်ဘာရူးမြို့သည် အင်ဒိုနီးရှားနိုင်ငံ ရီအောပြည်နယ်၏ မြို့တော် ဖြစ်ပြီး ဆူမတြာကျွန်း အရှေ့ပိုင်း၏ အဓိက စီးပွားရေး ဗဟိုဌာနဖြစ်သည်။ မြို့အမည်မှာ မလေးဘာသာဖြင့် ပီကန်း ဆိုသည်မှာ ဈေး ဘာရူးဆိုသည်မှာ အသစ်ဖြစ်သဖြင့် ဈေးသစ်ဟု အဓိပ္ပာယ်ရသည်။ ဧရိယာအားဖြင့် ၃၂.၂၆ km2 (၁၂.၄၆ sq mi) ရှိပြီး ၂၀၁၀ လူဦးရေ စာရင်းအရ လူဦးရေ ၁,၀၃၅,၈၃၄ ဦး ရှိကာ ၂၀၁၉ အလယ်ပိုင်း တရားဝင် ခန့်မှန်းချက်အရ ၁,၁၂၁,၅၆၂ ဦး ရှိသည်။[၁][၂]မလက်ကာ ရေလက်ကြားသို့ စီးဝင်သော ဆီယက်မြစ်၏ ကမ်းပါးပေါ်တွင် တည်ရှိသဖြင့် ပီကန်းဘာရူးသည် စည်ကားသော ရေလက်ကြားကို တိုက်ရိုက်ဆက်သွယ်ထားကာ ရှေးယခင်ကပင် ကုန်သွယ်ရေးဆိပ်ကမ်းအဖြစ် သိကြသည်။ ပီကန်းဘာရူးအား ၁၈ ရာစုတွင် မီနန်းကာဘောင်းလူမျိုး ကုန်သည်များက ဈေးတစ်ခု အနေနှင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ကိုးကား
|
Portal di Ensiklopedia Dunia