ပီရင် အမျိုးသားဥယျာဉ်

ပီရင် အမျိုးသားဥယျာဉ်
A typical landscape featuring lakes and marble peaks
တည်နေရာဘလေဂိုဗ်ဂရဒ် ပြည်နယ်၊ ဘူဂေးရီးယားနိုင်ငံ
အနီးဆုံး မြို့ဘန်စကိုမြို့
ကိုဩဒိနိတ်41°40′N 23°30′E / 41.667°N 23.500°E / 41.667; 23.500ကိုဩဒိနိတ်: 41°40′N 23°30′E / 41.667°N 23.500°E / 41.667; 23.500
ဧရိယာ၄၀၃.၅၆ km2 (၁၅၅.၈၂ sq mi)
ဖွဲ့စည်း၁၉၆၂
အုပ်ချုပ်ရေးဘူဂေးရီးယားနိုင်ငံ ရေနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန
ပီရင် အမျိုးသား ဥယျာဉ်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ
တည်ရှိသည့် နိုင်ငံ  ဘူဂေးရီးယား
အမျိုးအစား သဘာဝ
ရွေးချယ်သည့်စံနှုန်း vii, viii, ix
ကိုးကား ၂၂၅
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၃  (သတ္တမအကြိမ်)
သက်တမ်းတိုးခြင်း ၂၀၁၀
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ပီရင် အမျိုးသားဥယျာဉ် အား မူလက ဗီရန် အမျိုးသား ဥယျာဉ် ဟု အမည်ပေးခဲ့ပြီး ဘူဂေးရီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ ပီရင်တောင်ကုန်းများရှိရာ နေရာဒေသ အတော်များများ ပါဝင်ကာ ဧရိယာ ၄၀၃.၅၆ km2 (၁၅၅.၈၂ sq mi) မျှ ကျယ်ဝန်းသည်။ ဘူဂေးရီးယားနိုင်ငံအတွင်းရှိ အမျိုးသား ဥယျာဉ် ၃ ခုတွင် တစ်ခု အပါအဝင် ဖြစ်ပြီး အခြားနှစ်ခုမှာ ရီလာ အမျိုးသားဥယျာဉ် နှင့် ဗဟိုဘော်လကန် အမျိုးသားဥယျာဉ်တို့ ဖြစ်ကြသည်။ ထိုအမျိုးသားဥယျာဉ်အား ၁၉၆၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုစဉ်မှစ၍ အကြိမ်ကြိမ် တိုးချဲ့ခဲ့သည်။ ၁၉၈၃ ခုနှစ်အတွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် စာရင်းသွင်းခံခဲ့ရသည်။ ဘူဂေးရီးယားနိုင်ငံ၏ ဒုတိယအမြင့်ဆုံး တောင်ထိပ်နှင့် ဘော်လကန်ဒေသရှိ တတိယ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဗီရန်တွင် အမြင့်ပေသည် ၉၅၀ မီတာမှ ၂၉၁၄ မီတာ အတွင်း ရှိသည်။

နိုင်ငံ၏ အနောက်တောင်ဘက်အကျဆုံးဒေသဖြစ်သော ဘလေဂိုဗ်ဂရဒ် ပြည်နယ်တွင် တည်ရှိပြီး ထိုဒေသအတွင်း ဘန်စကို၊ ဂေါ့ဆီး ဒဲလ်ချပ်၊ ကရက်စနာ၊ ရက်ဇလော့၊ ဆန်းဒန်းစကီး၊ ဆီမစ်လီ နှင့် စထရမ်ရာနီ အစရှိသော စည်ပင်သာယာ နယ်နိမိတ် ၇ ခု ပါဝင်သည်။ ထိုနယ်မြေအတွင်း လူဦးရေ ထူထပ်သော နေရာ မရှိပေ။ ပီရင်အမျိုးသား ဥယျာဉ်အတွင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒေသ နှစ်ခု ပါဝင်ပြီး ၎င်းတို့မှာ ဘာယူဗီ ဒူပကီ-ဒီဇင်ဒီဇီရစ်စတာ နှင့် ယူလန် တို့ ဖြစ်ကြသည်။ ဘာယူဗီ ဒူပကီ-ဒီဇင်ဒီဇီရစ်တာသည် ဘူဂေးရီးယားတွင် အစောဆုံး သဘာဝထိန်းသိမ်းရေး နယ်မြေဖြစ်ပြီး ၁၉၃၄ တွင် စတင်တည်ထောင်ခဲ့ကာ ယူနက်စကို၏ လူနှင့် ဇီဝရပ်ဝန်း အစီအစဉ်အောက်ရှိ ကမ္ဘာ့ ဇီဝရပ်ဝန်းထိန်းသိမ်းရေး နယ်မြေ ကွန်ယက်တွင် ပါဝင်သည်။[] ဒေသတစ်ခုလုံးသည် ဥရောပ သမဂ္ဂ၏ သဘာဝ ထိန်းသိမ်းရေး ဒေသဖြစ်သော နာထရာ ၂၀၀၀ တွင် ပါဝင်သည်။

ပီရင် သည် ၎င်း၏ ရေခဲကန် ၁၁၈ ခုကြောင့် ထင်ရှားသည်။ ၎င်းတို့ထဲမှ အကြီးဆုံး နှင့် အနက်ဆုံးမှာ ပိုပိုဗိုကန် ဖြစ်သည်။ ရေခဲကန်အများစုသည် ရေခဲမြစ်တိုက်စားခြင်းကြောင့် ဖြစ်ပေါ်လာသော ဘဲဥပုံတောင်ကြားဝိုင်း အတွ၍်း တည်ရှိကြသည်။ ရေခဲမြစ် အသေးစား အနည်းငယ်မျှ ရှိပြီး ဗီရန်တောင်ထိပ်၏ မြောက်ဘက်ခြေရင်း စောက်အတွင်းရှိ ဂိုလီမီယာ ဘဲဥပုံတောင်ကြားဝိုင်း အတွင်းတည်ရှိသော စနီဇနီကာ မြစ် နှင့် ဘန်းစကီး ဆူဟိုဒိုမြစ်တို့ ဖြစ်ကြသည်။ ဥရောပ၏ တောင်ဘက်အကျဆုံး ရေခဲမြစ်များ ဖြစ်သည်။

ပီရင်အမျိုးသားဥယျာဉ်သည် ပယ်လီအာတစ် သမပိုင်း ရွက်ပြန့်နှင့် ရောတော များ၏ ရိုဒုပ် တောင်ပေါ်ရောတော ကုန်းမြေ ဒေသ အတွင်း ကျရောက်သည်။ ဥယျာဉ်၏ ၅၇.၃% အား သစ်တောများ ဖုံးလွှမ်းနေပြီး ၎င်းတို့၏ ၉၅% မှာ ကိုနီဖာ သစ်တောများ ဖြစ်ကြသည်။ သစ်တော၏ ပျမ်းမျှ သက်တမ်းမှာ ၈၅ နှစ် ဖြစ်သည်။ ဘူဂေးရီးယား၏ အသက်အကြီးဆုံး အပင်ဖြစ်သော ဘိုင်ကူးရှပ် ထင်ရူးပင်သည် ဥယျာဉ်အတွင်း၌ ရှိသည်။ ပျမ်းမျှအသက်မှာ ၁,၃၀၀ နှစ်မျှ ရှိပြီ ဖြစ်သဖြင့် ၎င်းသည် ဘူဂေးရီးယားနိုင်ငံကို ထူထောင်သော အေဒီ ၆၈၁ နှင့် အပြိုင်ဖြစ်သည်။ ပီရင်အမျိုးသား ဥယျာဉ်၏ ဒေသရင်း တိရစ္ဆာန်များမှာ များပြားလှပြီး နို့တိုက်သတ္တဝါမျိုးစိတ် ၄၅ မျိုး၊ ငှက်မျိုးစိတ် ၁၅၉ မျိုး၊ တွားသွား သတ္တဝါမျိုးစိတ် ၁၁ မျိုး၊ ကုန်းနေရေနေ သတ္တဝါမျိုးစိတ် ၈ မျိုး နှင့် ငါးမျိုးစိတ် ၆ မျိုးတို့ ပါဝင်သည်။

ကိုးကား

  1. Doupki-Djindjiritza Biosphere Reserve။ 19 August 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2016 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya