ပေါ်တူဂီ အင်ပါယာ

Portuguese Empire
Império Português
Portuguese Empire၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
Portuguese Empire၏ တည်နေရာ
မြို့တော်လစ်စဘွန်းမြို့ (1415–1808)
ရီယိုဒီဂျနေးရိုးမြို့ (1808–1821)
လစ်စဘွန်းမြို့ (1808–1999)
ကိုးကွယ်မှုကက်သလစ် (နိုင်ငံတော်)
အစိုးရ

ပေါတူဂီ အင်ပါယာ (ပေါ်တူဂီ: Império Português, pt-pt)ကို တခါတရံ ပေါတူဂီ ကိုလိုနီအင်ပါယာ (Império Colonial Português) ဟုလည်း ခေါ်ဆိုကြပြီး နိုင်ငံရပ်ခြား ကိုလိုနီများ၊ စက်ရုံများ၊ နိုင်ငံရပ်ခြားနယ်နမိတ်များဖြင့် ဖွဲ့စည်းထားပြီး ပေါ်တူဂီနိုင်ငံမှ အုပ်ချုပ်ခဲ့သည်။ ဥရောပသမိုင်းတွင် သက်တမ်းအရှည်ကြာဆုံး အင်ပါယာများထဲကတခုအပါအဝင်ဖြစ်ပြီး ၁၄၁၅ ခုနှစ် မြောက်အမေရိကတိုက်ရှိ နယ်မြေတခုအား သိမ်းပိုက်ခြင်းမှ စတင်ကာ ၁၉၉၉ ခုနှစ် မကာအိုအား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ချိန်ထိ ရာစုနှစ် ၆ နီးပါးခန့် အဓွန့်တည်ခဲ့သည်။ အင်ပါယာသည် ၁၅ ရာစုနှစ်တွင် စတင်ခဲ့ပြီး အာဖရိကတိုက်မြောက်အမေရိကတိုက်တောင်အမေရိကတိုက်အာရှတိုက်၏ နယ်မြေများနှင့် အိုရှန်းနီးယားဒေသများအထိ အာဏာသက်ရောက်ခဲ့သည်။[][][]

ပေါ်တူဂီအင်ပါယာသည် စူးစမ်းရှာဖွေမှုခေတ်မှ အစပြုခဲ့ပြီး ပေါ်တူဂီတိုင်းပြည်၏ လွှမ်းမိုးမှုသည် တဖြည်းဖြည်း ကမ္ဘာအနှံ့သို့ ခြေဆန့်ခဲ့သည်။ ပေါ်တူဂီ သင်္ဘောသားများသည် ၁၄၁၈-၁၄၁၉ ခုနှစ်များတွင် ပင်လယ်ရေကြောင်းသွားလာမှု လမ်းပြအတတ်ပညာများဖြင့် အာဖရိကကမ်းခြေနှင့် အန်တလတိတ်ဒေသများကို စတင်စူးစမ်းရှာဖွေမှု ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် အရှေ့အာရှကမ်းခြေများအထိ စူးစမ်းရှာဖွေခဲ့ကြပြီး လိုချင်သည့် ဆိပ်ကမ်းများနှင့် စက်ရုံများကို တည်ဆောက်ခဲ့ကြသည်။ ၁၅၇၁ ခုနှစ်တွင် အာဖရိကကမ်းခြေ၊ အရှေ့အလယ်ပိုင်း၊ အိန္ဒိယနှင့် တောင်အာရှတို့ကို ဆက်စပ်မိသော ရေလမ်းကြောင်း စီးပွားရေးကွန်ယက်ကို တည်ဆောက်နိုင်ခဲ့သည်။ ယင်းကဲ့သို့သော ကိုလိုနီစီးပွားကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းသည် ပေါ်တူဂီ၏ စီးပွားတိုးတက်မှုကို သက်ရောက်ခဲ့ပြီး တိုင်းပြည်ဝင်ငွေ၏ ၅ ပုံ ၁ ပုံခန့် ရှိလေသည်။

စပိန်ပြည်မှ ဘုရင် ဖိလစ် ၂ သည် ၁၅၈၀ ခုနှစ်တွင် ပေါ်တူဂီ သရဖူအား သိမ်းပိုက်လိုက်သောအခါ စပိန်နှင့်ပေါ်တူဂီသည် ပေါင်းစည်းမိသွားပြီး နှစ် ၆၀ ကြာခဲ့သည်။ အင်ပါယာအား အုပ်ချုပ်သူသည် စပိန်ဘုရင်သာမက ပေါ်တူဂီဘုရင်လည်းဖြစ်ရာ ဥရောပ၌ စပိန်၏ ပြိုင်ဘက်များဖြစ်သော ဒတ်ချ်၊ အင်္ဂလန်နှင့် ပြင်သစ်တို့၏ တိုက်ခိုက်ခြင်းကို ခံရလေသည်။ လူဦးရေ နည်းပါးသော ပေါ်တူဂီသည် ကျယ်ပြောလှသော ကုန်သွယ်ရေးဆိပ်ကမ်းများကို ကာကွယ်ရန် အားနည်းလာခဲ့ကာ အင်ပါယာသည်လည်း ယိုင်လဲစပြုလာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ အင်ပါယာ၏ ဒုတိယသက်တမ်းရောက်လေသော် ဘရာဇီးသည် အလွန်မလုံခြုံဆုံးသော ကိုလိုနီ ဖြစ်လာခဲ့သည်။ အင်ပါယာ၏ တတိယသက်တမ်းဖြစ်သည့် ၁၈၂၀ ခုနှစ်များတွင် ဘရာဇီးသည် လွတ်လပ်ရေးရခဲ့ပြီး အင်ပါယာ ကိုလိုနီပြုခြင်း နောက်ဆုံးအဆင့်သို့ ရောက်လေသည်။


ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya