ပျားရည်အိုင် (ဇာတ်လမ်းတွဲ)
ပျားရည်အိုင် ဇာတ်လမ်းတွဲသည် ၂၀၁၈−၂၀၁၉ ကာလတွင် ထုတ်လွှင့်သည့် မြန်မာ ဇာတ်လမ်းတွဲ ဖြစ်သည်။ ခင်နှင်းယု၏ ဝတ္ထုကို အခြေခံကာ ဟိန်းစိုးက ၂၀၁၇ ခု၊ မေလတွင် စရိုက်သည်။ အောင်ရေချမ်း၊ မေမီကိုကို၊ မြတ်သူသူ၊ ဘုန်းရှိန်ခန့်၊ ဇင်ဝိုင်း၊ မေသဉ္ဇာဦး၊ ရှင်မွေလ၊ ဟိန်းမင်းသူ၊ ဖြိုးရာဇာနိုင်၊ ဝိုင်းရွှေရည်၊ မေဆူးမောင်၊ ဟန်နလာတို့ အဓိက ပါဝင်ထားသည်။ ၂၀၁၈ ခု၊ နိုဝင်ဘာလ၊ ၂၁ ရက်တွင် စလွှင့်ကာ ၂၀၁၉ ခု၊ ဇန်နဝါရီလ ၁၈ ရက်တွင် ပြီးသည်။ [၁] ဇာတ်လမ်းအကျဉ်းမြိုင်သည် ကိုတင်ဖေကို အရက်တိုက်ပီး လိင်ဆက်ဆံရေးပြုလုပ်ခဲ့သည်။ မြိုင်သည် ကိုတင်ဖေကို တရားဝင်လင်မယားဖြစ်လည်း အသိအမှတ်မပြုခဲ့ပေ။ ထို့နောက် မြိုင်တွင် မောင်ဖေမြိုင် ဆိုသည့်သားတစ်ဦး ဖွားမြင်ခဲ့သည်။ ထိုသို့ တစ်နေ့တွင် ကိုတင်ဖေသည် ရွှေချောင်း သယ်လာစဉ် ကားမတော်တဆမှု ဖြစ်ခဲ့ပီး ခြေထောက်တစ်ဖက် ဖြက်ခဲ့ရသည်။ မြိုင်သည်လည်းအင်္ဂလန် တွင် အေအိုင်ဒီအက်စ်ရောဂါဖြစ်နေသည့် အမျိုးသားတစ်ဦးနှင့် လိင်ဆက်ဆံရေး ပြုလုပ်ခဲ့ရာ ထိုရောဂါကို ခံစားခဲ့ရသည်။ မကြာခင် ကိုတင်ဖေသည် သူ အနှစ်၂၀နီးပါး ပစ်ထားခဲ့သော သမီးနှင့်မိန်းမဖြစ်သူတို့ ရောက်ရှိလာခဲ့သည်။ မကြာခင်တွင် ကိုတင်ဖေသည် မြိုင်က လာမတွေ့သောကြောင့် မြိုင့်ကို မုန်းတီးသွားခဲ့သည်။ သို့သော်လည်း ကိုတင်ဖေသည် မြိုင်သေခါနီးရောက်အောင်သွားခဲ့သော်လည်း မြိုင်သည် ကိုတင်ဖေရောက်သည့်အခါတွင် သေဆုံးနေလျှက် တွေ့ရှိရမည် ဖြစ်သည်။ မြိုင်ရေးထားသည့် စာကိုဖတ်ကြည့်လိုက်သောအခါ ကိုတင်ဖေမှာ မောင်ဖေမြိုင်သည် သားအရင်းဖြစ်ကြောင်းသိရှိလိုက်ရသည်။ ဖေမြိုင်သည်လည်း မြိုင်ပေးခဲ့သည့် စာကို ဖတ်ကြည့်လိုက်ရာ ကိုတင်ဖေသည် သူ၏ အဖေဖြစ်ကြောင်းသိရှိလိုက်ရသည်။ မကြာခင်မှာဖေမြိုင်သည် ကိုတင်ဖေကိုသွားတွေ့ခဲ့ပြီး ကိုတင်ဖေဟာ ဖေမြိုင်သည်သူ့သားဖြစ်ကြောင်းလက်ခံခဲ့သည်။ မကြာမီ ရစ်ချတ် နှင့် စိမ်းတို့လက်ထပ်ပြီး တစ်ချိန်က စိမ်းကိုစာသင်ပေးခဲ့သည့် ဆရာလေးခေါ် (ကိုလင်းမောင်) သည် မြညိုတို့ သားအမိများနှင့် ဆုံတွေ့ခဲ့ကာ ဆရာလေးသမီး ရွှေမိုးယာ နှင့် ဖေမြိုင်နှင့် သဘောတူကြောင်း ပြောရင်း ဇာတ်လမ်းလည်း အဆုံးသတ်သွားပါသည်။ ဇာတ်ဆောင်များ
ဆုတံဆိပ်များ၂၀၁၉ ခုတွင် ချီးမြှင့်သည့် စတား ဆုပေးပွဲတွင် မေမီကိုကိုက အမျိုးသမီးဇာတ်ဆောင်ဆု (ဇာတ်လမ်းတွဲ) ရသည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia