ပြန့်ပြူးမှုအာကာသဟူသော နေရာရပ်ဝန်းသဘောတရား တစ်ခု သို့မဟုတ် အာကာသ-အချိန်၏ တပြန့်ညီမှု (အင်္ဂလိပ်: flatness) ဆိုသည်မှာ ၎င်းအမှတ်ချအိမ် (coordinate system) ၏ အခြေခံဗှတ္တာ (basis) များက မည်သည့်နေရာ၊ မည်သည့်အချိန် ပြောင်းသော်လည်း အသွင်မပြောင်းခြင်းကို ဆိုလိုသည်။ တနည်းအားဖြင့် တာယွင်းမှု (curvature) မရှိခြင်း၊ ယူကလစ်ဒ် စပေ့စ်ကဲ့သို့ ဖြစ်နေခြင်းကို ဆိုလိုသည်။ ဂျီဩမေတြီ သဘောတရားနှင့် အမည်ပေးပုံသဘောတရားအားဖြင့် တိုင်းကြောင်း(dimension) အရေတွက် n − 1 ရှိသော စပေ့စ်တိုင်းအတွင်း၌ တိုင်းကြောင်းအရေအတွက် 0 မှ n − 1 အတွင်း ရှိလျက် တပြန့်ညီသော ဂျီဩမေတြီ ဝတ္ထုများ တည်ရှိနိုင်ကောင်း၏။[၁] ဥပမာအားဖြင့် တိုင်းကြောင်း ၂ခု ရှိသော စပေ့စ် (2D space; မျက်နှာပြင်သဘော) တစ်ခုကို စိတ်ကူးကြည့်လျှင် ၎င်းအတွင်း၌ တိုင်းကြောင်း၁ခုဖြင့် ဖြောင့်သောမျဉ်းများ ရှိနိုင်သည်။ တိုင်းကြောင်း ၃ခု ရှိသော စပေ့စ် (3D space; ထုထည်သဘော) တစ်ခုကို စိတ်ကူးကြည့်လျှင် ဤအတွင်း၌ တိုင်းကြောင်း၁ခုဖြင့် ဖြောင့်သော မျဉ်းတို့အပြင် တိုင်းကြောင်း၂ခုဖြင့် ပြန့်ပြူးသော မျက်နှာပြင်များ ရှိနိုင်သည်။ လောကလုံးဗေဒ (Cosmology) တွင်လောကလုံးဗေဒ (Cosmology) တွင်မူ ကျယ်လွန်းလှသော တိုင်းဝန်းတာတို့အတွက် ပျမ်းမျှချကြည့်လျှင် လောက(Universe)ကြီး၏ ဒြပ်သိပ်သည်းမှုမှာ 9.9 × 10−30 g/cm3 ခန့်သာ ဖြစ်သဖြင့် လောက(Universe)ကြီး တစ်ခုလုံးစာ အာကာသစပေ့စ်၏ လောကလုံးဆိုင်ရာ ကိန်းသေ (cosmoloical constanct) တန်ဖိုးမှာ အကြမ်းဖျင်းအားဖြင့် Ω = 1.02 +/- 0.02 ခန့် ဖြစ်နေလျက် တပြန့်ညီသော အသွင် ရှိနေသည်ဟု တွက်ဆထိုက်ကြောင်း Wilkinson Microwave Anisotropy Probe အဖွဲ့က ထုတ်ပြန်ထားသည်။[၂] ဤအပိုင်း၌ ပြောဆိုကြသော တပြန့်ညီမှုမှာ အချိန်-တိုင်းကြောင်း (temporal dimension) ကိုပါ ထည့်တွက်လျက် အကြမ်းဖျင်းသဘောဖြင့် ဒြပ်ထုများ စုလိုခြင်း၊ ခွဲခွာလိုခြင်း ထူးခြားလှစွာ မရှိမှုကို ဆိုလိုသည်။ နေရာသဘောချည်းပြောသကဲ့သို့ ပြားခြင်း၊ ပြားချပ်ခြင်းကို ဆိုလိုသည် မဟုတ်။ အကိုးအကား
|
Portal di Ensiklopedia Dunia