ပြာသိုလ

ပ္လသိုဝ် (ပြာသို)သည် မြန်မာပြက္ခဒိန်၏ ဒသမမြောက်လ ဖြစ်ပြီး ဒီဇင်ဘာ၊ ဇန်နဝါရီ အတွင်း ကျရောက်သည်။ ပြာသိုလတွင် ရက် ၃၀ ရှိသည်။ ရက်စုံသောလ ဖြစ်သည်။ 'ပ္လ' ကို 'ပျ' ဟုရေးသားကာ 'ပျားကောင်' ကို ရည်ညွှန်းသည်။ 'သိုဝ်' မှာ 'စုဆောင်း သိုလှောင်ခြင်း' ဖြစ်သည်။ ယခုလတွင် ပျားရည်နှင့် ပျားဖယောင်းများကို စုဆောင်းကြသည်ဟု ခန့်မှန်းနိုင်သည်။ ရှေးမြန်မာတို့သည် ပျားရည်ဖြင့်ပြုလုပ်သည့် ရနံ့ကို ကြိုက်နှစ်သက်သဖြင့် ဤကဲ့သို့ စုဆောင်းခြင်းဖြစ်သည်။ အထိမ်းအမှတ် ပန်းအနေဖြင့် ခွာညိုပန်း (Clematis smilacifolia) ကို သတ်မှတ်သည်။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya