ဖင်လန်နိုင်ငံ၏ ဆက်သွယ်ရေးကွန်ယက်ဖင်လန်နိုင်ငံသည် ဆက်သွယ်ရေး အရမ်းကောင်းမွန်သော ကမ္ဘာ့ထိပ်တန်းနိုင်ငံများမှ တစ်ခုဖြစ်သည်။ နိုင်ငံတွင် သူတေသနရှာဖွေမှု နှင့် တီထွင်ကြံစမှုများကြောင့် ဆက်သွယ်ရေးတွင် ထုတ်လုပ်နိုင်မှုများအားကောင်းခြင်း၊ ကမ္ဘာ့ဆက်သွယ်ရေးကွန်ယက်ကို ဆောက်လုပ်ရာတွင် ပါဝင်မှုရှိနေသည့် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် နိုကီယာ ဆီးမန်းစ် ကွန်ယက် (Nokia Siemens Network)တည်ရှိနေခြင်းကြောင့် နိုင်ငံတွင်လည်း အဆင့်မြင့် အကောင်းဆုံး၊ အသစ်ဆုံး ဆက်သွယ်ရေးစံနစ်များကို ပြည်သူများ အသုံးပြုခွင့် ရရှိကြသည်။ တယ်လီဖုန်းကြိုး တယ်လီဖုန်း- ၂.၃၆၈ သန်း(၂၀၀၄) ကြိုးမဲ့ တယ်လီဖုန်း- ၄.၉၈၈ သန်း(၂၀၀၄) တယ်လီဖုန်း စံနစ်- အဆင့်မြင့်ဆုံး တယ်လီဖုန်းစံနစ်ကို အသုံးပြုသည်။ ပြည်တွင်း- ဒီဂျီတယ် ဖိုင်ဘာအော့ပ်တစ်ဆက်သွယ်ရေးများ နှင့် ဆက်သွယ်ရေး ဆယ်လူလာတိုင်များမှ ပြည်သူပြည်သားများ အပြည့်အဝသုံးနိုင်ရန် စီစဉ်ပေးထားသည်။ ဆက်သွယ်ရေး ကုမ္ပဏီကြီး သုံးခုရှိပြီး (အယ်လီဆာ၊ ဒီအန်အေ နှင့် ဆိုနယ်ရာ)တို့ဖြစ်ပြီး၊ ဆောင်နာလာတီ သည် အယ်လီဆာ နှင့် ပူးပေါင်းလုပ်ကိုင်သည်။ အခြား ဆက်သွယ်ရေးကုမ္ပဏီသေးများလည်းရှိပြီး၊ ဆက်သွယ်ရေးကွန်ယက်များကို ငှားရမ်းခြင်းဖြင့်သော်လည်ကောင်း၊ သေးငယ်သော နေရာများတွင် ကိုယ်ပိုင်ကွန်ယက်များဖြင့်လည်းကောင်း ရောင်းချခြင်းများရှိသည်။ ဝယ်သူများတွင် ရွေးချယ်စရာများပေါများပြီး၊ ကုမ္ပဏီများသည် အပြိုင်အဆိုင် ဝယ်သူများကို နှစ်ချီအသုံပြုသူများ ဖြစ်အောင် စာချုပ်ချုပ်၍ ရောင်းချခြင်းမျိုး၊ ဈေးနှုန်းအပြိုင်အဆိုင်လုပ်၍ ရောင်းချခြင်းမျိုး၊ မြန်နှုန်းများ ပြိုင်၍ ရောင်းချခြင်းမျိုးတို့ အစုံရှိသည်။ အများသုံး တယ်လီဖုန်းလက်ကိုင်ဖုန်းအသုံးပြုသူများခြင်း တို့ကြောင့် အများသုံးတယ်လီဖုန်းများ မရှိတော့ပေ၊ ထို့ကြောင့် ဖင်လန်နိုင်ငံတွင် အခြားနိုင်ငံများလို လမ်းဘေးဖုန်းများ မတွေ့ရခြေ။ နိုင်ငံတကာ နှင့် ဆက်သွယ်မှုနိုင်ငံတကာ- ဆက်သွယ်ရေးနံပါတ်သည် ၃၅၈ ဖြစ်ပြီး၊ အက်စ်တိုးနီးယား နှင့် ပင်လယ် မြေအောက်ဆက်သွယ်ထားသည့် ကွန်ယက်လည်းရှိသည်။ ဂျိုလ်တုစလောင်း ဆက်သွယ်ရေးအတွက်၊ ဆွီဒင်နိုင်ငံရှိ ဆက်သွယ်ရေးစခန်းကို အသုံးပြုပြီး၊ အင်တယ်လ်ဆတ် ဂျိုလ်တုကို ချိတ်ဆက်နိုင်သည်၊ ၁ အင်မာဆတ် (အတ္တလန်းတိတ် နှင့် အိန္ဒိယ သမုတ္တရာ) ကိုလည်း ချိတ်ဆက်နိုင်ပြီး၊ ဖင်လန်သည် အခြားနော်ဒစ်နိုင်ငံများဖြစ်ကြသည့် (ဒိန်းမတ်၊ အိုက်စ်လန်၊ နော်ဝေ၊ နှင့် ဆွီဒင်)တို့ နှင့် ပူးပေါင်းကာ အင်မာဆတ် ဆက်သွယ်ရေးစခန်းကို အသုံးပြုသည်။ အသုံးပြုသည့် စံနစ်များCDMAGSM3G and 3.5G4G / LTEရေဒီယို နှင့် ရုပ်မြင်သံကြားဒီဂျီတယ်စံနစ်သို့ ပြောင်းခြင်းပုံမှန်ထုတ်လွှင့်ခဲ့သည့် အနလော့ ရုပ်မြင်သံကြားလိုင်းများအားလုံးကို ဒီဂျီတယ်စံနစ်ဖြင့် ၂၀၀၇ ခုနှစ် ဆက်တင်ဘာလ ၁ ရက်နေ့ မနက် ၄ နာရီတွင် ပြောင်းလည်းခဲ့သည်။[၁] ပြောင်းလည်းပြီးနောက် တီဗွီ-၁ တွင် ရက်သတ္တပါတ်တိုင် ဒီဂျီတယ်စံနစ်သို့ ပြောင်းသွားခြင်းကို ပြည်သူများသို့ ဆက်လက်အသိပေးခဲ့သည်။[၂] အစတွင် ပြောင်းလည်မှုအား အဆင်ပြေစွာ အသုံးပြုရန် အဆင်သင့်ဖြစ်နေရမည်ဟု ဆိုခဲ့သော်လည်း၊ အချိန်မီ အဆင်မသင့်မဖြစ်သည့် အိမ်ရာထိမ်းချုပ်ရေး ကုမ္ပဏီများ၊ ဆေးရုံများ နှင့် ကြိုးချိတ်ဆက်ပေးသည့် ကုမ္ပဏီများကို နောက်ကျခွင့်ပေးခဲ့သည်။ ကြိုး-တီဗွီ ဖြင့် ချိတ်ဆက်ထားသည့် အိမ်များမှာ အနလော့ဖြင့် ထုတ်လွှင့်မှုများကို ၂၀၀၈ ဖေဘဝါရီလအထိ ဆက်လက်ရှိနေခဲ့ပြီး၊ ထို့နောက် ကြိုး-တီဗွီ အသုံးပြုသူများ အားလုံး ဒီဂျီတယ်စံနစ် လက်ခံသည့် စက်များလိုအပ်လာပြီး၊ ဒီဂျီတယ်စံနစ်လက်ခံသည့် ရုပ်မြင်သံကြားစက် အသစ်များတွင် မလိုအပ်တော့ပေ။ နိုင်ငံခြားမှ ထုတ်လွှင့်သည့် လိုင်းများမှာ အနေလော့ဖြင့် ဖေဘဝါရီလ နှင့် မတ်လအထိ ဆက်လက်ထုတ်လွှင့်မှုများ ရှိခဲ့သည်။[၃] ကြည်လင် စံနစ်သို့ ပြောင်းခြင်းထိုအချိန်ထိ ဒီဂျီတာ (Digita) မှ တစ်နိုင်ငံဝှမ်း ဒီဂျီတယ် စံနစ်သစ်ဖြင့် ထုတ်လွှင့်ခြင်းကို ချုပ်ကိုင်ထားသူဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် အပြောင်းအလည်းများဖြစ်ခဲ့ပြီး၊ ၂၀၀၉ နွေရာသီတွင် ဒီအန်အေ သို့ ကြည်လင်ထုတ်လွှင့်မှုစံနစ်အသစ်အား နိုင်ငံတော်မှ ခွင့်ပြုပေးခဲ့သည်။ ထို ခွင့်ပြုချက်ကို ၂၀၁၆ အထိဖြစ်ပြီး၊ ၂၀၁၁ ခုနှစ်တွင် ဖင်လန်နိုင်ငံ ၆၀ရာခိုင်နှုန်းသည် ကြည်လင်တီဗွီအား ကြည့်ရှုစေနိုင်ရန် ပြုလုပ်ပေးရမည့် အချက်ပါဝင်သည်။ ဒီဂျီတာ၊ အန်ဗီယာ နှင့် တယ်လ်မတ်စ် နော်ဒစ် တို့သည် နိုင်ငံတော် တန်ဒါခေါ်ယူရာတွင် ဒီအန်အေကို အရှုံးပေးလိုက်ရခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခုထည်းမှ လက်ဝါးကြီးအုပ် ကိုင်တွယ်နေခြင်းကြောင့် ကြည်လင် တီဗီကြည့်ရှုရန် ဈေးနှုန်းများ ကြီးမြင့်ခြင်း ဖြစ်ပေါ်လာသည်။[၄]ကြည်လင် စံနစ် ထုတ်လွှင့်သည့် လိုင်းများမှာ ပိုက်ဆံပေးရသည့် ကြိုးလိုင်းအထုတ်များတွင် ပါဝင်ကြပြီး၊ အခမဲ့ ကြည့်နိုင်သည့် လိုင်းတစ်လိုင်းမှာ နိုင်ငံပိုင် ဦးလယ်မှ ထုတ်လွှင့်သည့် တီဗွီ-၂ ဖြစ်ပြီး၊ ၂၀၁၁ခုနှစ် မေလ ၂ရက်နေ့တွင် စတင် ထုတ်လွှင့်ခဲ့သည်။[၅] အစပိုင်းတွင် ဒီဂျီတယ်စံနစ်ပြောင်းရာတွင် အင်တာနာ တိုင်များ နှင့် လက်ခံနိုင်သည့် စက်များလည်းလှယ်ကြရသည်။ ကြည်လင်စံနစ်သို့ ပြောင်းရမည်ဟု မဆိုထားဘဲ၊ ပုံမှန် လွှင့်နေကြ လိုင်းဟောင်းများကို ဒီဂျီတယ်စံနစ်ဖြင့်လည်း ကြည့်ရှုနိုင်သည်။ ကြည်လင်စံနစ်ကို အသုံးပြုလိုလျင်၊ လက်ခံကြည့်ရှုနိုင်သည့် ကြည်လင်တီဗီ (HDTV) နှင့် ကြည်လင်လက်ခံစက်များ (HD Receiver)လိုအပ်သည်။ ကြည်လင်စံနစ်တွင် မည်သည့် ထုတ်လွှင့်မှုစံထားကို အသုံးပြုရမည်ကို မသက်မှတ်ထားဘဲ၊ ဂျိုလ်တုစလောင်း၊ ကြိုး-တီဗွီ၊ အချက်အလက် ဆက်သွယ်ရေးကြိုးစသည့်ပုံစံမျိုးစုံဖြင့် ထုတ်လွှင့်ကြသော်လည်း၊ လေမှ ထုတ်လွှင့်ရာတွင် DVB-T2 စံနစ်ကို အသုံးပြုပြီး၊ ၂၀၁၀ ခုနှစ်တွင် စတင် အသုံးပြုခဲ့ပြီး၊ စမ်းသက် ထုတ်လွှင့်မှုကို ၂၀၀၈ နွေရာသီတွင် စတင်ခဲ့သည်။[၆] အသုံးပြုသည့် စံနစ်များDVB-TDVB-CDVB-Hအင်တာနက်အသုံးပြုသည့် စံနစ်များFTTHကိုးကား
|
Portal di Ensiklopedia Dunia